ျမန္မာ့တပ္မေတာ္အရာရိွတစ္ဦး ေအေအအဖြဲ႔နဲ႔ တိုက္ပြဲအတြင္ က်ဆံုး

ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕ အေနာက္ဖက္မွာ ေသာၾကာေန႔က ျဖစ္တဲ့တိုက္ပြဲအတြင္း ျမန္မာ့တပ္မေတာ္ဘက္က ဗိုလ္ႀကီးတေယာက္နဲ႔ အျခားအဆင့္တခ်ိဳ႕က်ဆံုးသလို၊ AA ဘက္ကလဲအက်အဆံုးရွိတယ္လို႔ ျမန္မာ့တပ္မေတာ္က ေျပာပါတယ္။ RFA ဝိုင္းေတာ္သား ကိုေနရိန္ေက်ာ္ တင္ျပထားပါတယ္။
ျမန္မာ့တပ္မေတာ္နဲ႔ AA ရခိုင့္တပ္မေတာ္တို႔ရဲ့ ၿပီးခဲ့တဲ့ေသာၾကာေန႔က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲမွာ ျမန္မာ့တပ္မေတာ္ေျချမန္တပ္ရင္း ၂၁၂ က ဗိုလ္ႀကီးအဆင့္ရွိတဲ့ အရာရွိတေယာက္ က်ဆံုးၿပီး၊ အျခားအဆင့္စစ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရတယ္လို႔ AA အဖြဲ႔ဘက္ကေျပာပါတယ္။
အဲဒီေန႔က ျဖစ္ရပ္နဲ႔ပတ္သက္လို႔ ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက …..
“ ၁၇ ရက္ေန႔ မနက္ ၉ နာရီ ၄၅ မိနစ္မွာ ပလက္ဝၿမိဳ႕ရဲ့အေနာက္ဖက္ ၅ ဒသမ ၂ ကီလိုမီတာအကြာ ခဝဲကားလမ္းေပၚမွာ ဗမာစစ္တပ္ရဲ့ တပ္မ ၁၁ ေလာက္ခံ ခလရ ၂၁၂ စစ္ေၾကာင္းကို ရခိုင့္တပ္မေတာ္ ကြန္မန္ဒိုေတြကဝင္တိုက္တာရွိတယ္၊
အဲဒီမွာ တစ္နာရီခြဲနီးပါးေလာက္ၾကာတဲ့ တိုက္ပြဲအတြင္းမွာ ဗမာစစ္တပ္ဘက္က ဗိုလ္ႀကီးေအာင္မ်ိဳးျမင့္၊ ကိုယ္ပိုင္နံပါတ္ ၾကည္း (၅၉၈၉၅) ေနာက္ၿပီးတပ္ၾကပ္ႀကီး ႏွစ္ေယာက္ရယ္၊ အားလံုးဆိုရင္ ၁ဝ ဦး က်ဆံုးတာေပါ့”
က်ဆံုးတဲ့အရာရွိဟာ ဗိုလ္ႀကီးေအာင္မ်ိဳးျမင့္ဆိုသူျဖစ္ၿပီး၊ မၾကာေသးခင္ကမွ ရွမ္းျပည္နယ္ကေန ရခိုင္ျပည္နယ္ကို တာဝန္နဲ႔ ေျပာင္းေရႊ႕သြားတဲ့သူလို႔ သိရပါတယ္။ အဲဒီတိုက္ပြဲမွာ ျမန္မာ့တပ္မေတာ္ ရဲ့စစ္လက္နက္ပစၥည္းတခ်ိဳ႕လည္း သိမ္းဆည္းရမိတယ္လို႔ ေအေအ အဖြဲ႕က ေျပာပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာ့တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္းတဲ့အခါ ….
“ ၁၇ ရက္ေန႔မွာ ပလက္ဝၿမိဳ႕အေနာက္ဖက္မွာေတာ့ တိုက္ပြဲျဖစ္တာရွိတယ္။ ပလက္ဝရဲ့အေနာက္ဖက္ ၃ မိုင္အကြာေလာက္မွာ ျဖစ္တာ၊ က်ေနာ္တို႔ဘက္က အရာရွိတေယာက္ က်ဆံုးတာရွိတယ္။ ဒဏ္ရာရတာ အနည္းငယ္ရွိတယ္။ ရန္သူ႔ဘက္က အေလာင္း သံုးေလာင္း ရလိုက္တာရွိတယ္”
အဲဒီလို AA အဖြဲ႔က အေလာင္းသံုးေလာင္းရလိုက္တယ္ ဆိုတာကိုေတာ့ အဖြဲ႔ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ျငင္းဆိုပါတယ္။အခုဆိုရင္ ၿပီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင္ဘာလကစလို႔ ျမန္မာ့တပ္မေတာ္နဲ႔ AA ရခိုင့္တပ္မေတာ္တို႔ တိုက္ပြဲေပါင္း အနည္းဆံုး ၁၇ဝ ေက်ာ္ေနၿပီလို႔ သိရသလို ႏွစ္ဖက္အက်အဆံုးေတြရွိပါတယ္။
ဒီ ေျခာက္လအတြင္း စုစုေပါင္း ဘယ္ေလာက္က်ဆံုးလဲဆုိတာေတာ့ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သူ႔အေနနဲ႔ စာရင္းေပါင္းခ်ဳပ္ မသိရေသးဘူးလို႔ ေျပာပါတယ္။ AA ဘက္ကလဲ အက်အဆံုးေတြရွိေပမယ့္ စုစုေပါင္းစာရင္း မေျပာနိုင္ေသးပါဘူး။
ဒီၾကားထဲမွာ အရပ္သားေသဆံုးတာကေတာ့ အေယာက္ ၄ဝ ဝန္းက်င္ရွိေနၿပီလို႔ သိရပါတယ္။
Crd.Bamakhit
Unicode
ချင်းပြည်နယ်ပလက်ဝမြို့ အနောက်ဖက်မှာ သောကြာနေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က ဗိုလ်ကြီးတယောက်နဲ့ အခြားအဆင့်တချို့ကျဆုံးသလို၊ AA ဘက်ကလဲအကျအဆုံးရှိတယ်လို့ မြန်မာ့တပ်မတော်က ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ရဲ့ ပြီးခဲ့တဲ့သောကြာနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၂၁၂ က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက် ကျဆုံးပြီး၊ အခြားအဆင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ AA အဖွဲ့ဘက်ကပြောပါတယ်။
အဲဒီနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက …..
“ ၁၇ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်မှာ ပလက်ဝမြို့ရဲ့အနောက်ဖက် ၅ ဒသမ ၂ ကီလိုမီတာအကွာ ခဝဲကားလမ်းပေါ်မှာ ဗမာစစ်တပ်ရဲ့ တပ်မ ၁၁ လောက်ခံ ခလရ ၂၁၂ စစ်ကြောင်းကို ရခိုင့်တပ်မတော် ကွန်မန်ဒိုတွေကဝင်တိုက်တာရှိတယ်၊
အဲဒီမှာ တစ်နာရီခွဲနီးပါးလောက်ကြာတဲ့ တိုက်ပွဲအတွင်းမှာ ဗမာစစ်တပ်ဘက်က ဗိုလ်ကြီးအောင်မျိုးမြင့်၊ ကိုယ်ပိုင်နံပါတ် ကြည်း (၅၉၈၉၅) နောက်ပြီးတပ်ကြပ်ကြီး နှစ်ယောက်ရယ်၊ အားလုံးဆိုရင် ၁ဝ ဦး ကျဆုံးတာပေါ့”
ကျဆုံးတဲ့အရာရှိဟာ ဗိုလ်ကြီးအောင်မျိုးမြင့်ဆိုသူဖြစ်ပြီး၊ မကြာသေးခင်ကမှ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်ကို တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့သူလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ မြန်မာ့တပ်မတော် ရဲ့စစ်လက်နက်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ အေအေ အဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ….
“ ၁၇ ရက်နေ့မှာ ပလက်ဝမြို့အနောက်ဖက်မှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ ပလက်ဝရဲ့အနောက်ဖက် ၃ မိုင်အကွာလောက်မှာ ဖြစ်တာ၊ ကျနော်တို့ဘက်က အရာရှိတယောက် ကျဆုံးတာရှိတယ်။ ဒဏ်ရာရတာ အနည်းငယ်ရှိတယ်။ ရန်သူ့ဘက်က အလောင်း သုံးလောင်း ရလိုက်တာရှိတယ်”
အဲဒီလို AA အဖွဲ့က အလောင်းသုံးလောင်းရလိုက်တယ် ဆိုတာကိုတော့ အဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ငြင်းဆိုပါတယ်။အခုဆိုရင် ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကစလို့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲပေါင်း အနည်းဆုံး ၁ရဝ ကျော်နေပြီလို့ သိရသလို နှစ်ဖက်အကျအဆုံးတွေရှိပါတယ်။
ဒီ ခြောက်လအတွင်း စုစုပေါင်း ဘယ်လောက်ကျဆုံးလဲဆိုတာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူ့အနေနဲ့ စာရင်းပေါင်းချုပ် မသိရသေးဘူးလို့ ပြောပါတယ်။ AA ဘက်ကလဲ အကျအဆုံးတွေရှိပေမယ့် စုစုပေါင်းစာရင်း မပြောနိုင်သေးပါဘူး။
ဒီကြားထဲမှာ အရပ်သားသေဆုံးတာကတော့ အယောက် ၄ဝ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။
ျမန္မာ့တပ္မေတာ္အရာရိွတစ္ဦး ေအေအအဖြဲ႔နဲ႔ တိုက္ပြဲအတြင္ က်ဆံုး  ျမန္မာ့တပ္မေတာ္အရာရိွတစ္ဦး ေအေအအဖြဲ႔နဲ႔ တိုက္ပြဲအတြင္ က်ဆံုး Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.