ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ ျပင္းထန္ေန

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ရက္ဆက္ တိုက္ပြဲျဖစ္ပြားေနသလို ထိခိုက္က်ဆုံးမႈေတြ ရွိခဲ့တယ္လို႔ ႏွစ္ဘက္တပ္ဖြဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။
ဒီမနက္မွာလည္း ေျမာက္ဦးၿမိဳ႕နယ္ ေ၀သာလီေက်းရြာဘက္မွာ ျမန္မာစစ္ေၾကာင္းကို AA ဘက္ကေန ဗုံးခြဲ တိုက္ခိုက္ခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ မေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ဘက္မွာ စက္ေလွသမားတဦး ေသဆံုးခဲ့ရတဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္လုိ႔ေတာ့ တပ္မေတာ္နဲ႔ AA အၾကား အျပန္အလွန္ စြပ္စြဲ ေျပာဆုိေနၾကပါတယ္။
ရခိုင္ျပည္နယ္ဘက္က ေနာက္ဆံုးအေျခအေနကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေ၀သာလီေက်းရြာဘက္မွာ တပ္မေတာ္ စစ္ေၾကာင္းတခုကို ရခိုင့္တပ္ဖြဲ႔ AA ဘက္က ဒီကေန႔ မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ ေ၀သာလီေက်းရြာသား တဦးက ေျပာပါတယ္။
“ေ၀သာလီ၀င္ေပါက္မွာ တိုက္ပြဲ ျဖစ္ေနတယ္။ ေ၀သာလီ ဘုရားႀကီးအေပါက္မွာ မိုင္းခြဲတိုက္ခိုက္တာလို႔ သိတယ္။ တပ္မေတာ္ဘက္က သြားတဲ့ဟာကို သူတို႔က မိုင္းခြဲတိုက္ခိုက္တာလို႔ ထင္တယ္။ ေ၀သာလီနဲ႔အနီး ကပ္လ်က္ပဲ။ (၁၀)နာရီ ေက်ာ္က တႀကိမ္ျဖစ္ၿပီးေတာ့ အခုတခါ ေသနတ္သံေတြ ျပန္ထြက္လာတယ္။ အခုလမ္းေတြ ပိတ္ထားတယ္။ ရန္ကုန္စစ္ေတြ ကားလမ္းကို ပိတ္ထားတယ္ေလ။”
ဒီမနက္မွာ ေပါက္ေတာျပင္နဲ႔ ေ၀သာလီဘက္ကို တပ္မေတာ္ စစ္ေၾကာင္းအင္အား (၁၀၀) ခန္႔ ေရာက္ရွိလာခ်ိန္မွာ ဗုံးခြဲ တိုက္ခိုက္ခဲ့တယ္လို႔ အဆိုပါရြာသားက ေျပာပါတယ္။လက္ရွိ ေ၀သာလီရြာသားေတြဟာ ရြာကိုစြန္႔ခြါၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတယ္လို႔လည္း ဆိုပါတယ္။
ဒီကေန႔ ျဖစ္ပြားတဲ့ တိုက္ပြဲအေျခအေနကို မသိရေသးေပမဲ့ မေန႔က ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္ AA အဖြဲ႔တို႔ အၾကားတိုက္ပြဲျဖစ္ပြားခဲ့လို႔ ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈ ရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းထုတ္ ျပန္ေရးအဖြဲ႔အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
“ဒီမနက္သတင္းေတာ့ က်ေနာ္လည္း အတိအက် မသိေသးဘူးဗ်။ ေျမာက္ဦးမွာက မေန႔ကေတာ့ မနက္ပိုင္းမွာ ျဖစ္ခဲ့တာ ရွိတယ္ဗ်။ ေျမာက္ဦးရဲ႕ ေျမာက္ပိုင္းမွာ ျဖစ္တယ္ဗ်။ က်ေနာ္တို႔ဘက္က ထိခိုက္ဒဏ္ရာရတာ အနည္းငယ္ ရွိတယ္။ ေျမာက္ဦး ေျမာက္ဘက္ (၆) မိုင္၊ (၇) မိုင္ေလာက္ရွိတယ္။”
အဂၤါေန႔မနက္က အုတ္ဖိုကန္ တိုက္ပြဲအေျခအေနကိုေတာ့ AA ျပန္ၾကားေရး တာ၀န္ခံခိုင္သုခက အခုလိုေျပာပါတယ္။
“(၂၁) ရက္ေန႔မနက္ေပါ့။ (၄) နာရီ မနက္အခ်ိန္ ရခိုင္တပ္ေတာ္ကေနၿပီးေတာ့ ဒီ ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္နားမွာ တိုက္ပြဲျဖစ္ပြါးတာ ရွိတယ္။ အဲဒီတိုက္ပြဲမွာလည္းပဲ ဗမာစစ္တပ္ဘက္က အက်ဆုံး ေတြရွိတယ္။”
အုတ္ဖိုကန္တိုက္ပြဲမွာ ျမန္မာ့တပ္မေတာ္ဘက္က ဗိုလ္ႀကီးအဆင့္တဦး အပါအ၀င္အနည္းဆုံး (၆) ဦး က်ဆုံးခဲ့တယ္လို႔ ေဒသခံ ရြာသားေတြက ေျပာပါတယ္။ေမလ (၂၀) ရက္ေန႔မွာလည္း ပလက္၀ၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္အစပ္မွာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ ခိုင္သုခက ေျပာပါတယ္။
“သျပဳေခ်ာင္းရြာရဲ႕ အေနာက္ဘက္ (၇) ကီလိုမိီတာခန္႔အကြာမွာ အင္အား (၃၀၀) ပါတဲ့ဗမာစစ္ေၾကာင္းကို ရခိုင့္တပ္မေတာ္ ကြန္မန္ဒို တပ္ဖြဲ႔ေတြက ျဖတ္ေတာက္ တိုက္ခိုက္ခဲ့တာ ရွိတယ္။ အခ်ိန္တိုအတြင္း ျဖတ္ေတာက္တိုက္ခိုက္မႈမွာ ဗမာစစ္ တပ္ဘက္ကေနၿပီးေတာ့ (၁၀) ဦးအထက္ က်ဆုံးၿပီးေတာ့ ဒဏ္ရာရတာ အမ်ားအျပား ရွိတယ္။”
ဒီတိုက္ပြဲအတြင္း တပ္မေတာ္ဘက္က ထိခိုက္က်ဆုံးမႈ မ်ားျပားတယ္လို႔ AA ဘက္က ေျပာေပမဲ့ သီးျခား အတည္မျပဳနိုင္ေသးပါဘူး။
မေန႔ကလည္း စစ္ေရးတင္းမာေနတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ ၾကာညိဳျပင္ေက်းရြာက စက္ေလွေမာင္းသမားတဦး ေသဆုံး ခဲ့သလုိ ဒီေသဆုံးမႈမွာ အရပ္၀တ္နဲ႔ ရခိုင္ AA တပ္ဖြဲ႔ကေန သတ္ျဖတ္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က ဒီကေန႔မွာ သတင္း ထုတ္ျပန္ထားပါတယ္။
ဒီအေျခအေနကို တပ္မေတာ္သတင္း ထုတ္ျပန္ေရးအဖြဲ႔ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။“ၾကာညိဳျပင္က အမ်ားအားျဖင့္ေတာ့ ဟိုဘက္ AA အဖြဲ႔ေတြရွိတဲ့ ေနရာပဲ ျဖစ္ပါတယ္။ ဦးစိုး၀င္းနိုင္ဆိုတာ အဲဒီရြာသား ပါပဲဗ်။ အဲဒီမွာေတာ့ အရပ္၀တ္ ၀တ္ဆင္ထားတဲ့ ရခိုင္ (၄) ေယာက္ ဆိုင္ကယ္နဲ႔ ေရာက္လာတယ္လို႔ေတာ့ ေျပာတယ္။
စက္ ေလွနဲ႔ ဘူးသီးေတာင္လိုက္ပို႔ဖို႔ ေျပာတယ္။ လမ္းေမွာင္တဲ့အတြက္ လိုက္မပို႔နိုင္ဘူး ဘာညာနဲ႔ေျပာ စကားမ်ား ရန္ျဖစ္ခဲ့ၾကတယ္။ ေသနတ္နဲ႔ပစ္တယ္၊ ဒါးနဲ႔ထိုးၾကတယ္လို႔ ေျပာတယ္။ အဲတာေတာ့ ရဲစခန္းမွာ အမႈဖြင့္ထားတယ္ေပါ့။”
AA ျပန္ၾကားေရးတာ၀န္ခံ ခိုင္သုခကေတာ့ ၾကာညိဳျပင္ရြာသားကို AA အဖြဲ႔ကေန သတ္ျဖတ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္ဟာ မမွန္ကန္ဘူးလို႔ ေျပာပါတယ္။
“အဲ့တာကေတာ့ က်ေနာ္တို႔နဲ႔ လုံး၀ပတ္သက္မႈ မရွိဘူး။ ဒါဗမာစစ္တပ္ကေနၿပီးေတာ့ အဲဒီသူကို စက္ေလွနဲ႔ လိုက္ေပးပို႔ခိုင္းတာေပါ့ေနာ္။ ေပၚတာ ဆြဲတာေပါ့။ ဒါေပမဲ့ ဟိုလူက အဲတာမပို႔ဘူး။ မပို႔တဲ့အခါက်ေတာ့ သူတို႔က အဲ့တာ မပို႔ရ ေကာင္းလားဆိုၿပီးေတာ့ အဲဒီလူကို အၿငိဳးအေတးနဲ႔ေနၿပီးေတာ့ ပစ္သတ္တာေပါ့။ ၿပီးေတာ့မွ ျမန္မာစစ္တပ္က statement (ထုတ္ျပန္ခ်က္) အျမန္ထုတ္တာေပါ့ေနာ္။”
ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္္ AA အဖြဲ႔တို႔အၾကား ေမလအတြင္းမွာ တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားလာေနသလို တိုက္ပြဲေတြအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြလည္း မ်ားျပားလာေနပါတယ္။
ေမလ (၁၉) ရက္ေန႔မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေမ်ာက္ေတာင္ေက်းရြာနဲ႔ မာလာေက်းရြာၾကား ပစ္ခတ္ တိုက္ခိုက္မႈျဖစ္ပြားခဲ့လို႔ ေက်ာင္းေနအရြယ္ ကေလးငယ္တဦး ေသဆုံးၿပီး (၁၀) ႏွစ္ေအာက္ ကေလးေတြနဲ႔ ရြာသား (၄) ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ပါတယ္။
တပ္မေတာ္ႏွင့္ ရခိုင္တပ္ေတာ္ AA တပ္ဖြဲ႔အၾကား တိုက္ပြဲေတြေၾကာင့္ အရပ္သား (၃၀) ေက်ာ္ ေသဆုံးခဲ့ၿပီး ထိခိုက္ ဒဏ္ရာရရွိသူ (၇၀)၊ စစ္ေဘးေရွာင္ဒုကၡသည္ ၄၀,၀၀၀ ေက်ာ္ ရွိေနတယ္လို႔ ရခိုင္အေရးကူညီ ေဆာင္ရြက္ေနတဲ့ လူမႈအဖြဲ႔အစည္းေတြက စာရင္းျပဳစု ထုတ္ျပန္ထားပါတယ္။
Crd.ဗြီအိုေအ ျမန္မာပိုင္း
Unicode
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသလို ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ နှစ်ဘက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမနက်မှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ မြန်မာစစ်ကြောင်းကို AA ဘက်ကနေ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ စက်လှေသမားတဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ AA အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ တပ်မတော် စစ်ကြောင်းတခုကို ရခိုင့်တပ်ဖွဲ့ AA ဘက်က ဒီကနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဝေသာလီကျေးရွာသား တဦးက ပြောပါတယ်။
“ဝေသာလီဝင်ပေါက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ ဝေသာလီ ဘုရားကြီးအပေါက်မှာ မိုင်းခွဲတိုက်ခိုက်တာလို့ သိတယ်။ တပ်မတော်ဘက်က သွားတဲ့ဟာကို သူတို့က မိုင်းခွဲတိုက်ခိုက်တာလို့ ထင်တယ်။ ဝေသာလီနဲ့အနီး ကပ်လျက်ပဲ။ (၁၀)နာရီ ကျော်က တကြိမ်ဖြစ်ပြီးတော့ အခုတခါ သေနတ်သံတွေ ပြန်ထွက်လာတယ်။ အခုလမ်းတွေ ပိတ်ထားတယ်။ ရန်ကုန်စစ်တွေ ကားလမ်းကို ပိတ်ထားတယ်လေ။”
ဒီမနက်မှာ ပေါက်တောပြင်နဲ့ ဝေသာလီဘက်ကို တပ်မတော် စစ်ကြောင်းအင်အား (၁၀၀) ခန့် ရောက်ရှိလာချိန်မှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါရွာသားက ပြောပါတယ်။လက်ရှိ ဝေသာလီရွာသားတွေဟာ ရွာကိုစွန့်ခွါပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ မနေ့က မြောက်ဦးမြို့နယ် အုတ်ဖိုကန်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင် AA အဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့လို့ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ တပ်မတော်သတင်းထုတ် ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ဒီမနက်သတင်းတော့ ကျနော်လည်း အတိအကျ မသိသေးဘူးဗျ။ မြောက်ဦးမှာက မနေ့ကတော့ မနက်ပိုင်းမှာ ဖြစ်ခဲ့တာ ရှိတယ်ဗျ။ မြောက်ဦးရဲ့ မြောက်ပိုင်းမှာ ဖြစ်တယ်ဗျ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ အနည်းငယ် ရှိတယ်။ မြောက်ဦး မြောက်ဘက် (၆) မိုင်၊ (၇) မိုင်လောက်ရှိတယ်။”
အင်္ဂါနေ့မနက်က အုတ်ဖိုကန် တိုက်ပွဲအခြေအနေကိုတော့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက အခုလိုပြောပါတယ်။
“(၂၁) ရက်နေ့မနက်ပေါ့။ (၄) နာရီ မနက်အချိန် ရခိုင်တပ်တော်ကနေပြီးတော့ ဒီ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ မြောက်ဦးမြို့နယ် အုတ်ဖိုကန်နားမှာ တိုက်ပွဲဖြစ်ပွါးတာ ရှိတယ်။ အဲဒီတိုက်ပွဲမှာလည်းပဲ ဗမာစစ်တပ်ဘက်က အကျဆုံး တွေရှိတယ်။”
အုတ်ဖိုကန်တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ဗိုလ်ကြီးအဆင့်တဦး အပါအဝင်အနည်းဆုံး (၆) ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။မေလ (၂၀) ရက်နေ့မှာလည်း ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။
“သပြုချောင်းရွာရဲ့ အနောက်ဘက် (၇) ကီလိုမိီတာခန့်အကွာမှာ အင်အား (၃၀၀) ပါတဲ့ဗမာစစ်ကြောင်းကို ရခိုင့်တပ်မတော် ကွန်မန်ဒို တပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ အချိန်တိုအတွင်း ဖြတ်တောက်တိုက်ခိုက်မှုမှာ ဗမာစစ် တပ်ဘက်ကနေပြီးတော့ (၁၀) ဦးအထက် ကျဆုံးပြီးတော့ ဒဏ်ရာရတာ အများအပြား ရှိတယ်။”
ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ AA ဘက်က ပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မနေ့ကလည်း စစ်ရေးတင်းမာနေတဲ့ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာက စက်လှေမောင်းသမားတဦး သေဆုံး ခဲ့သလို ဒီသေဆုံးမှုမှာ အရပ်ဝတ်နဲ့ ရခိုင် AA တပ်ဖွဲ့ကနေ သတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်ဘက်က ဒီကနေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကို တပ်မတော်သတင်း ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။“ကြာညိုပြင်က အများအားဖြင့်တော့ ဟိုဘက် AA အဖွဲ့တွေရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဦးစိုးဝင်းနိုင်ဆိုတာ အဲဒီရွာသား ပါပဲဗျ။ အဲဒီမှာတော့ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ ရခိုင် (၄) ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်လို့တော့ ပြောတယ်။
စက် လှေနဲ့ ဘူးသီးတောင်လိုက်ပို့ဖို့ ပြောတယ်။ လမ်းမှောင်တဲ့အတွက် လိုက်မပို့နိုင်ဘူး ဘာညာနဲ့ပြော စကားများ ရန်ဖြစ်ခဲ့ကြတယ်။ သေနတ်နဲ့ပစ်တယ်၊ ဒါးနဲ့ထိုးကြတယ်လို့ ပြောတယ်။ အဲတာတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်ပေါ့။”
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ကြာညိုပြင်ရွာသားကို AA အဖွဲ့ကနေ သတ်ဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ပြောပါတယ်။
“အဲ့တာကတော့ ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူး။ ဒါဗမာစစ်တပ်ကနေပြီးတော့ အဲဒီသူကို စက်လှေနဲ့ လိုက်ပေးပို့ခိုင်းတာပေါ့နော်။ ပေါ်တာ ဆွဲတာပေါ့။ ဒါပေမဲ့ ဟိုလူက အဲတာမပို့ဘူး။ မပို့တဲ့အခါကျတော့ သူတို့က အဲ့တာ မပို့ရ ကောင်းလားဆိုပြီးတော့ အဲဒီလူကို အငြိုးအတေးနဲ့နေပြီးတော့ ပစ်သတ်တာပေါ့။ ပြီးတော့မှ မြန်မာစစ်တပ်က statement (ထုတ်ပြန်ချက်) အမြန်ထုတ်တာပေါ့နော်။”
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်် AA အဖွဲ့တို့အကြား မေလအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာနေသလို တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း များပြားလာနေပါတယ်။
မေလ (၁၉) ရက်နေ့မှာ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာကြား ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ ကျောင်းနေအရွယ် ကလေးငယ်တဦး သေဆုံးပြီး (၁၀) နှစ်အောက် ကလေးတွေနဲ့ ရွာသား (၄) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
တပ်မတော်နှင့် ရခိုင်တပ်တော် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် အရပ်သား (၃၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၇၀)၊ စစ်ဘေးရှောင်ဒုက္ခသည် ၄၀,၀၀၀ ကျော် ရှိနေတယ်လို့ ရခိုင်အရေးကူညီ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ မြန်မာပိုင်း
ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ ျပင္းထန္ေန  ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ ျပင္းထန္ေန Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.