ျမန္မာႏိုင္ငံအတြင္းေရာက္ ရွိေနတဲ့ အၾကမ္းဖက္သမားတစ္ဦး

အၾကမ္းဖက္သမားတစ္ဦးေရာက္ရွိေနသည္ဆိုေသာ သတင္းမ်ားေၾကာင့္ ျပည္ထဲေရးဝန္ႀကီးဌာန ၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္သူသည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္လံုၿခံဳေရးအား ယမန္ေန႔ေန႔လည္ပိုင္းက စစ္ေဆးခဲ့ေၾကာင္း သိရသည္။
သီရိလကၤာႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ ဗံုးခြဲမႈွႏွင့္ပတ္သက္ၿပီး ဆက္စပ္သည့္ ISIS အၾကမ္းဖက္ သမားဟုယူဆရသူတစ္ဦး ျမန္မာႏိုင္ငံအတြင္းေရာက္ ရွိေနေၾကာင္း သတင္းမ်ား လူမႈကြန္ယက္တြင္ ပ်ံႏွံေနသည္။
ယင္းအၾကမ္းဖက္သမားသည္ ေနထိုင္ခြင့္ ၁ ႏွစ္၊ ၂ လ ေက်ာ္လြန္ေနထိုင္ေနၿပီး ဟိုတယ္၊ တည္းခိုခန္းမ်ားတြင္ လာေရာက္ တည္းခိုပါက အေၾကာင္းၾကားရန္အတြက္ လမ္းညႊန္ခ်က္တစ္ေစာင္လည္း ထြက္ရွိထားသည္။ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးက ေလဆိပ္လုံၿခဳံေရး က်ိဳးေပါက္မႈ မရွိေစေရး၊
ခရီးသည္မ်ား လုံၿခဳံေအးခ်မ္းစြာ သြားလာႏိုင္ေရး၊ ေလဆိပ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေလေၾကာင္းရဲတပ္ဖြဲ႕၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေလဆိပ္ ဝန္ေဆာင္မႈကုမၸဏီတို႔မွ ညႇိႏႈိင္းပူးေပါင္း ေဆာင္႐ြက္သြားၾကရန္ လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။
The Fifth Wave News
Unicode
အကြမ်းဖက်သမားတစ်ဦးရောက်ရှိနေသည်ဆိုသော သတင်းများကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးအား ယမန်နေ့နေ့လည်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှှုနှင့်ပတ်သက်ပြီး ဆက်စပ်သည့် ISIS အကြမ်းဖက် သမားဟုယူဆရသူတစ်ဦး မြန်မာနိုင်ငံအတွင်းရောက် ရှိနေကြောင်း သတင်းများ လူမှုကွန်ယက်တွင် ပျံနှံနေသည်။
ယင်းအကြမ်းဖက်သမားသည် နေထိုင်ခွင့် ၁ နှစ်၊ ၂ လ ကျော်လွန်နေထိုင်နေပြီး ဟိုတယ်၊ တည်းခိုခန်းများတွင် လာရောက် တည်းခိုပါက အကြောင်းကြားရန်အတွက် လမ်းညွှန်ချက်တစ်စောင်လည်း ထွက်ရှိထားသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး၊
ခရီးသည်များ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လေဆိပ် ဝန်ဆောင်မှုကုမ္ပဏီတို့မှ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
The Fifth Wave News
ျမန္မာႏိုင္ငံအတြင္းေရာက္ ရွိေနတဲ့ အၾကမ္းဖက္သမားတစ္ဦး ျမန္မာႏိုင္ငံအတြင္းေရာက္ ရွိေနတဲ့ အၾကမ္းဖက္သမားတစ္ဦး Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.