သိန္း ၅ ေသာင္းစုေၾကး ေလလံမဲမသမာမႈမေၾကနပ္ေသာလူစုက ေရႊေငြပစၥည္းမ်ားဖ်က္ဆီးလုယက္ေနျခင္း အာဏာပုိင္မ်ားဝင္ေရာက္ဟန္႔တားႏုိင္ျခင္း မ႐ွိေသး

လမုိင္းၿမဳိ႔တြင္ ေလလံမဲမသမာမႈမေၾကနပ္ေသာလူစုက ေနအိမ္အခ်ဳိ႔ဝင္ေရာက္ဖ်က္ဆီး ေရႊေငြပစၥည္းမ်ားလုယက္ေနျခင္းကုိ အာဏာပုိင္မ်ားဝင္ေရာက္ဟန္႔တားႏုိင္ျခင္း မ႐ွိေသးဟုဆုိ
ေရးၿမဳိ႔နယ္၊ လမုိင္းၿမဳိ႔ေပၚတြင္ ေငြစုေငြေခ်းေလလံမဲလုပ္ငန္း မသမာမႈကုိေၾကနပ္ျခင္းမ႐ွိေသာ ရာႏွင့္ခ်ီအင္အားရွိသည့္လူစုက ေငြစုဒုိင္ႏွင့္ပတ္သက္သူ ေဆြမ်ဳိးမ်ားေနအိမ္မ်ားအား ေမလ ၂၂ ရက္၊ ေန႔လည္ပုိင္းက ဝင္ေရာက္ဖ်က္ဆီး၍ ေရႊေငြပစၥည္းမ်ားဝင္ေရာက္လုယက္ေနသည္ကုိ သက္ဆုိင္ရာအာဏာပုိင္မ်ားက ဝင္ေရာက္ဟန္႔တားႏုိင္ျခင္းမ႐ွိေသးေၾကာင္း စုံစမ္းသိရွိရသည္။
လမုိင္းၿမဳိ႔သုိ႔ ေခတၲေရာက္ရွိခဲ့သူ ေရးေတာ္ဝင္အယ္ဒီတာခ်ဳပ္ ဦးေအာင္ႏုိင္ဝင္းက “အခုဟာက ေငြစုဒုိင္နဲ႔ ပါဝင္ပတ္သက္ေနတဲ့ ေဆြမ်ဳိးေတြအိမ္ တအိမ္ၿပီးတစ္အိမ္ ဝင္ေဖာက္ၿပီးေတာ့မွ လူအုပ္နဲ႔ဝုိင္းၿပီးလုေနတဲ့ ပုံစံျဖစ္ေနတာေပါ့၊ တခ်ဳိ႔ေဆြမ်ဳိးေတြအိမ္မွာ တကယ့္ပုိက္ဆံအထုပ္ေတြအမ်ားႀကီး ေတြ႔ရတာေပါ့၊
တခ်ဳိ႔ႀကဳံရာလူေတြ ဝင္ရဲတဲ့လူေတြက ဆြဲၿပီးယူၾကတာေပါ့၊ ပြင့္ပြင့္လင္းလင္းေျပာရင္ ရဲက ဟုိဖမ္းထားတဲ့ ၂ ေယာက္(ေငြစုဒုိင္လင္မယား) ကာကြယ္ေပးတာကလြဲရင္ မည္သည့္ဟာကုိမွ ကာကြယ္တားဆီးျခင္း တစ္ခုမွမလုပ္ႏုိင္ေသးဘူး ျဖစ္ေနတယ္” ဟု ယေန႔ညေန ၆ နာရီအခ်ိန္တြင္ မြန္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။
လတ္တေလာတြင္ ေငြစုဒုိင္ႏွင့္ပတ္သက္ေသာေဆြမ်ဳိးအိမ္ ၈ အိမ္ခန္႔ ဖ်က္ဆီးခံရၿပီး လက္ရွိတြင္လည္း အျခားေနအိမ္တစ္အိမ္ကုိ ေဖာက္ဝင္ေနေၾကာင္း၊ မည္သူမွ အကာအကြယ္မေပးႏုိင္သျဖင့္ ေနအိမ္ရွိလူမ်ား ကုိယ္လြတ္ရာသုိ႔ ထြက္ေျပးေနရေၾကာင္း ၄င္းက ဆက္ေျပာသည္။
မြန္သတင္းေအဂ်င္စီ (ေမ- ၂၂)
Unicode
လမိုင်းမြို့တွင် လေလံမဲမသမာမှုမကြေနပ်သောလူစုက နေအိမ်အချို့ဝင်ရောက်ဖျက်ဆီး ရွှေငွေပစ္စည်းများလုယက်နေခြင်းကို အာဏာပိုင်များဝင်ရောက်ဟန့်တားနိုင်ခြင်း မရှိသေးဟုဆို
ရေးမြို့နယ်၊ လမိုင်းမြို့ပေါ်တွင် ငွေစုငွေချေးလေလံမဲလုပ်ငန်း မသမာမှုကိုကြေနပ်ခြင်းမရှိသော ရာနှင့်ချီအင်အားရှိသည့်လူစုက ငွေစုဒိုင်နှင့်ပတ်သက်သူ ဆွေမျိုးများနေအိမ်များအား မေလ ၂၂ ရက်၊ နေ့လည်ပိုင်းက ဝင်ရောက်ဖျက်ဆီး၍ ရွှေငွေပစ္စည်းများဝင်ရောက်လုယက်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များက ဝင်ရောက်ဟန့်တားနိုင်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
လမိုင်းမြို့သို့ ခေတ္တရောက်ရှိခဲ့သူ ရေးတော်ဝင်အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “အခုဟာက ငွေစုဒိုင်နဲ့ ပါဝင်ပတ်သက်နေတဲ့ ဆွေမျိုးတွေအိမ် တအိမ်ပြီးတစ်အိမ် ဝင်ဖောက်ပြီးတော့မှ လူအုပ်နဲ့ဝိုင်းပြီးလုနေတဲ့ ပုံစံဖြစ်နေတာပေါ့၊ တချို့ဆွေမျိုးတွေအိမ်မှာ တကယ့်ပိုက်ဆံအထုပ်တွေအများကြီး တွေ့ရတာပေါ့၊
တချို့ကြုံရာလူတွေ ဝင်ရဲတဲ့လူတွေက ဆွဲပြီးယူကြတာပေါ့၊ ပွင့်ပွင့်လင်းလင်းပြောရင် ရဲက ဟိုဖမ်းထားတဲ့ ၂ ယောက်(ငွေစုဒိုင်လင်မယား) ကာကွယ်ပေးတာကလွဲရင် မည်သည့်ဟာကိုမှ ကာကွယ်တားဆီးခြင်း တစ်ခုမှမလုပ်နိုင်သေးဘူး ဖြစ်နေတယ်” ဟု ယနေ့ညနေ ၆ နာရီအချိန်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။
လတ်တလောတွင် ငွေစုဒိုင်နှင့်ပတ်သက်သောဆွေမျိုးအိမ် ၈ အိမ်ခန့် ဖျက်ဆီးခံရပြီး လက်ရှိတွင်လည်း အခြားနေအိမ်တစ်အိမ်ကို ဖောက်ဝင်နေကြောင်း၊ မည်သူမှ အကာအကွယ်မပေးနိုင်သဖြင့် နေအိမ်ရှိလူများ ကိုယ်လွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၄င်းက ဆက်ပြောသည်။
မွန်သတင်းအေဂျင်စီ (မေ- ၂၂)
သိန္း ၅ ေသာင္းစုေၾကး ေလလံမဲမသမာမႈမေၾကနပ္ေသာလူစုက ေရႊေငြပစၥည္းမ်ားဖ်က္ဆီးလုယက္ေနျခင္း အာဏာပုိင္မ်ားဝင္ေရာက္ဟန္႔တားႏုိင္ျခင္း မ႐ွိေသး သိန္း ၅ ေသာင္းစုေၾကး  ေလလံမဲမသမာမႈမေၾကနပ္ေသာလူစုက ေရႊေငြပစၥည္းမ်ားဖ်က္ဆီးလုယက္ေနျခင္း အာဏာပုိင္မ်ားဝင္ေရာက္ဟန္႔တားႏုိင္ျခင္း မ႐ွိေသး Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.