သီရိလကၤာ အေသခံဗုံးခြဲအၾကမ္းဖက္သမား ျမန္မာႏုိင္ငံထဲမွ ျပန္လည္ထြက္ခြာမႈမရွိ

သီရိလကၤာဗုံးခြဲတုိက္ခုိက္မႈ တရားခံေတြနဲ႔ ပတ္သက္သူတစ္ဦး ျမန္မာႏုိင္ငံထဲေရာက္ရွိေန
သီရိလကၤာႏုိင္ငံမွာျဖစ္ပြားခဲ့တဲ့ အေသခံဗုံးခြဲအၾကမ္းဖက္တုိက္ခုိက္ မႈျဖစ္စဥ္မွာဖမ္းဆီးရမိထားတဲ့ တရားခံေတြနဲ႔ ဆက္စပ္ပတ္သက္ သူေတြထဲက သံသယျဖစ္ဖြယ္ႏုိင္ငံျခားသားတစ္ဦးဟာ ျမန္မာႏုိင္ငံကုိ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီ လ ထဲက၀င္ေရာက္ခဲ့ၿပီး
ရန္ကုန္ေလဆိပ္ကေနျပန္လည္ထြက္ခြာမႈမရွိေသးေၾကာင္း စိစစ္ေတြ႔ရွိတယ္လုိ႔ ဟုိတယ္ႏွင့္ခရီးသြားလာေရးညႊန္ၾကားမႈ ဦးစီးဌာန က ေမလ(၂၂)ရက္က ထုတ္ျပန္ပါတယ္။ 
သံသယျဖစ္ဖြယ္ ႏုိင္ငံျခားသားဟာ ၂၀၁၈ ဇန္န၀ါရီလ ၁၆ရက္မွာ ကမၻာလွည့္ ခရီးသည္ဗီဇာနဲ႔ ရန္ကုန္ေလဆိပ္ကုိ Jet Star ေလေၾကာင္းလိုင္းနဲ႔ ၀င္ေရာက္ခဲ့ၿပီး သူရဲ႕ေနထုိင္ခြင့္သက္တမ္း (၁)ႏွစ္နဲ႔(၂)လ ေက်ာ္လြ န္ေနၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျပည္တြင္းမွာရွိတဲ့ ဟုိတယ္ေတြ၊
တည္းခုိရိပ္သာေတြမွာ ဒီႏုိင္ငံျခားသား လာေရာက္တည္းခုိ ေနထုိင္ခဲ့ တာရွိမရွိကုိ ဟုိတယ္၊တည္းခုိရိပ္သာေတြအေနနဲ႔ စိစစ္ၿပီးအေၾကာင္း ျပန္ေပးဖို႔အတြက္ ထုတ္ျပန္ခ်က္မွာ ထည့္ သြင္းေဖာ္ျပထားပါတယ္။
ေမလ(၂၂)ရက္မွာလည္း ျပည္ထဲေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္သူ ဟာ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ လုံျခဳံေရးကုိ သြားေရာက္စစ္ေဆးခဲ့ပါတယ္။ဒီလုိစစ္ေဆးစဥ္ ေလဆိပ္လုံျခဳံေရး က်ဳိးေပါက္မႈမရွိေစေရးနဲ႔ ခရီးသည္ေတြ လုံျခဳံေအးခ်မ္းစြာ သြားလာႏုိင္ေရးတုိ႔ကုိ လမ္းညႊန္မွာၾကား ခဲ့ပါတယ္။
5 PLUS NEWS
Unicode
သီရိလင်္ကာဗုံးခွဲတိုက်ခိုက်မှု တရားခံတွေနဲ့ ပတ်သက်သူတစ်ဦး မြန်မာနိုင်ငံထဲရောက်ရှိနေ
သီရိလင်္ကာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲအကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်မှာဖမ်းဆီးရမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်ပတ်သက် သူတွေထဲက သံသယဖြစ်ဖွယ်နိုင်ငံခြားသားတစ်ဦးဟာ မြန်မာနိုင်ငံကို ၂၀၁၈ခုနှစ် ဇန်နဝါရီ လ ထဲကဝင်ရောက်ခဲ့ပြီး
ရန်ကုန်လေဆိပ်ကနေပြန်လည်ထွက်ခွာမှုမရှိသေးကြောင်း စိစစ်တွေ့ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန က မေလ(၂၂)ရက်က ထုတ်ပြန်ပါတယ်။
သံသယဖြစ်ဖွယ် နိုင်ငံခြားသားဟာ ၂၀၁၈ ဇန်နဝါရီလ ၁၆ရက်မှာ ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ ရန်ကုန်လေဆိပ်ကို Jet Star လေကြောင်းလိုင်းနဲ့ ဝင်ရောက်ခဲ့ပြီး သူရဲ့နေထိုင်ခွင့်သက်တမ်း (၁)နှစ်နဲ့(၂)လ ကျော်လွ န်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာရှိတဲ့ ဟိုတယ်တွေ၊
တည်းခိုရိပ်သာတွေမှာ ဒီနိုင်ငံခြားသား လာရောက်တည်းခို နေထိုင်ခဲ့ တာရှိမရှိကို ဟိုတယ်၊တည်းခိုရိပ်သာတွေအနေနဲ့ စိစစ်ပြီးအကြောင်း ပြန်ပေးဖို့အတွက် ထုတ်ပြန်ချက်မှာ ထည့် သွင်းဖော်ပြထားပါတယ်။
မေလ(၂၂)ရက်မှာလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးစဉ် လေဆိပ်လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေးနဲ့ ခရီးသည်တွေ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေးတို့ကို လမ်းညွှန်မှာကြား ခဲ့ပါတယ်။
5 PLUS NEWS
သီရိလကၤာ အေသခံဗုံးခြဲအၾကမ္းဖက္သမား ျမန္မာႏုိင္ငံထဲမွ ျပန္လည္ထြက္ခြာမႈမရွိ သီရိလကၤာ အေသခံဗုံးခြဲအၾကမ္းဖက္သမား  ျမန္မာႏုိင္ငံထဲမွ ျပန္လည္ထြက္ခြာမႈမရွိ Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.