တည်ခိုခန်းကို (၁၆) နှစ် သမီးအား ဖြားယောင်းသွေးဆောင်ပြီး ဖြားယောင်ခေါ်ဆောင်မှု ဖြစ်ပွား

ညီညီ-လှိုင်သာယာ
Unicode
(၁၆) နှစ် (၄) လ သမီးအား ဖြားယောင်းသွေးဆောင်ပြီး တည်ခိုခန်းခေါ်သွားသဖြင့် အမှုဖွင့်အရေးယူ
မီခင်ဖြစ်သူ ဆူလိုက်သဖြင့် နေအိမ်မှထွက်သွားသည့် သမီးအား သားဖြစ်သူ၏ သူငယ်ချင်းမှ တည်ခိုခန်းသို့ ဖြားယောင်ခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၂၀- ၅ -၂၀၁၉ ရက်နေ့ နံနက်(၅း၃၀)အချိန်ခန့်က တရားလိုသည် ပြည်သာယာ(၁)လမ်း (၃၂)ရပ်ကွက် မြောက်ဒဂုံ နေအိမ်တွင်အိပ်ပျော်နေပြီး အိပ်ယာမှ နိုးသောအခါ သမီးဖြစ်သူ မ————-(၁၆)နှစ် (၄)လ မှာ နေအိမ်တွင်မရှိတော့ပဲ ညကဆူလိုက်သဖြင့် နေအိမ်မှထွက်သွားကြောင်း သိရှိရသဖြင့်
သားဖြစ်သူ၏ သူငယ်ချင်းများနေထိုင်သည့် လှိုင်သာယာမြို့သို့ ရောက်ရှိခြင်းရှိ/မရှိ စုံစမ်းခဲ့သော်လည်းဆက်သွယ်မရခဲ့သဖြင့် ၂၁- ၅ -၂၀၁၉ ရက်နေ့ ၌ သမီးဖြစ်သူ မ————-တွင် ၎င်း၏ ဦးလေးတော်စပ်သူ၏ ဖုန်းပါသွားကြောင်း သိရှိရသဖြင့် ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့ရာ
သမီး မ————— ၏ သူငယ်ချင်းအမျိုးသမီးမှ ဖုန်းကိုင်၍ လှိုင်သာယာမြို့နယ်(၁၉)ရပ်ကွက် ရှိ ၎င်းတိုနေ့အိမ်သို့ ရောက်ရှိနေကြောင်း ပြောပြသိရှိသဖြင့် တရားလိုလိုက်သွားခဲ့ပြီး ၎င်းနေအိမ်၌ သမီးဖြစ်သူအား တွေ့ရှိရသဖြင့် နေအိမ်သို့ပြန်ခေါ်လာ၍ နေအိမ်သို့ရောက်ရှိစဉ်
သမီး၏သူငယ်ချင်းအမေ မှ ဖုန်းဆက်ပြီး ၂၀- ၅ -၂၀၁၉ ရက်နေ့ နေ့လည် (၂း၃၀) အချိန်ခန့်က ၎င်း အား ကျော်ဇင်လင်း (၁၆)နှစ် သပြေလမ်း(၁၅)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူမှ ဖုန်းဆက်ခေါ်ပြီး (၁၅)ရပ်ကွက် နေကြာလမ်းရှိ သောက်ရေကန်သို့လာခဲ့ရန်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ရာ ၎င်းအားတည်ခိုခန်းသို့သို့လိုက်ခဲ့ရန်ခေါ်ဆိုရာ
မလိုက်နိုင်ကြောင်းပြောဆိုသော်လည်းမရပဲ အနီးနားရှိ တည်းခိုခန်းတစ်ခုသို့ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြသဖြင့် မိဘအုပ်ထိန်းမှုအောက်တွင်ရှိသော သမီးဖြစ်သူ မ———အား မိဘသဘောတူခွင့်ပြုချက်မရှိပဲ ဖြားယောင်းသွေးဆောင်ခေါ်သွားသူ ကျော်ဇင်လင်းအား ဥပဒေအရအရေးယူပေးပါရန်
၂၂-၅-၂၀၁၉ ရက်နေ့၌ လှိုင်သာယာမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ သမီးဖြစ်သူ မ———အား မိဘသဘောတူခွင့်ပြုချက်မရှိပဲ ဖြားယောင်းသွေးဆောင်ခေါ်သွားသူ ကျော်ဇင်လင်း အား လှိုင်သာယာမြို့မရဲစခန်း မှ (ပ)၃၁၀၄ /၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ ဖြင့်အမှုဖွင့် ကာ ဖမ်းဆီးစစ်ဆေးနှိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ညီညီ-လှိုင်သာယာ
တည်ခိုခန်းကို (၁၆) နှစ် သမီးအား ဖြားယောင်းသွေးဆောင်ပြီး ဖြားယောင်ခေါ်ဆောင်မှု ဖြစ်ပွား  တည်ခိုခန်းကို (၁၆) နှစ် သမီးအား ဖြားယောင်းသွေးဆောင်ပြီး ဖြားယောင်ခေါ်ဆောင်မှု ဖြစ်ပွား Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.