ပထွေးဖြစ်သူက မိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့် သားဖြစ်သူအား ဓားဖြင့်ထိုးသတ်

ကျော်စိုး (ကော့သောင်း)
Unicode
ကော့သောင်းမြို့၊ လိပ်ကျွန်းကျေးရွာတွင် မိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့် သားဖြစ်သူအားပထွေးဖြစ်သူကဓားဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခုမေ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာကော့သောင်းမြို့နယ်၊ လိပ်ကျွန်းကျေးရွာနေအိမ်တွင် ဒေါ်တင်နွယ်(၅၀)နှစ်အား သားဖြစ်သူ အိုငယ်(၂၅)နှစ်မှ အိမ်သို့အရက်မူးပြီးပြန်လာကာ မိခင်ဒေါ်တင်နွယ်အား ညစ်ညန်းစွာဆဲဆိုပြီး ပါးရိုက်သဖြင့်
ဒေါ်တင်နွယ်၏ ခင်ပွန်း(နောက်အိမ်ထောင်) ဦးကျော်ဌေးမှ ထရံကြားတွင်ထိုးထားသော အရိုးအသွားတစ်ပေခန့်ရှိ ဓားဖြင့်ဝမ်းဗိုက်သို့ တချက်ထိုးလိုက် သဖြင့် အိုငယ် အား ကော့သောင်းခရိုင်ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်တက်ရောက်ကုသလျှက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဓားဖြင့်ထိုးသူဦးကျော်ဌေး(၄၆)နှစ် အားကော့သောင်းသောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေး
ယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ကျော်စိုး (ကော့သောင်း)
ပထွေးဖြစ်သူက မိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့် သားဖြစ်သူအား ဓားဖြင့်ထိုးသတ် ပထွေးဖြစ်သူက မိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့် သားဖြစ်သူအား ဓားဖြင့်ထိုးသတ် Reviewed by zawzyne on May 23, 2019 Rating: 5

No comments:

Powered by Blogger.