“ခင်ဗျားက နည်းပြမဟုတ်တာ ကျိန်ပြောရဲတယ်။” လို့ အူနိုင်းအမ်မရီကို ပြောပစ်ခဲ့တဲ့ အိုဇေးလ်

“ခင်ဗျားက နည်းပြမဟုတ်တာ ကျိန်ပြောရဲတယ်။” လို့ အူနိုင်းအမ်မရီကို ပြောပစ်ခဲ့တဲ့ အိုဇေးလ်



အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်သူ အိုဇေးလ်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဖြစ် ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် နည်းပြ အူနိုင်း အမ်မရီကို ပြင်းပြင်း ထန်ထန် တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရှိ ရပါတယ်။ အာဆင်နယ် အသင်း ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ဒီပွဲမှာ အိုဇေးလ်ဟာ ပုံမှန် ခြေစွမ်း ပြသနိုင်ခဲ့ခြင်း မရှိဘဲ ပွဲကစားချိန် (၇၈) မိနစ်မှာ လူငယ် ကစားသမားလေး ဝဲလ်လော့ခ် နဲ့ လူစားလဲခံခဲ့ရပါတယ်။
သတင်းများ အရ အိုဇေးလ် အနေနဲ့ လူစားလဲခံရပြီးနောက် နည်းပြ အူနိုင်း အမ်မရီကို “ငါ ကျိန်ပြောရဲတယ်။ ခင်ဗျားက နည်းပြ တစ်ယောက်ကို မဟုတ်တာ။” ဟု ကျိန်ဆဲခဲ့ကြောင်း သိရှိ ရပါတယ်။ အိုဇေးလ်ဟာ လူစားလဲခံရပြီးနောက် အရံခုံပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့ပြီး အဆိုပါ ကစားသမား ရဲ့ အာဆင်နယ် အသင်း အနာဂတ်ဟာ မသေမချာ ဖြစ်လျက် ရှိနေပြီ ဖြစ်ပါတယ်။
အသက် (၃၀) အရွယ် အဆိုပါ ကွင်းလယ် ကစားသမားဟာ အသင်းနဲ့ (၂၀၂၁) ခုနှစ် နွေရာသီ အထိ စာချုပ် သက်တမ်း ရှိနေသည့်တိုင်အောင် အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှ မကြာခဏ ချန်လှပ်ခံခဲ့ရပြီး အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီကလည်း တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲအထိ ပေးချေနေရတဲ့ အိုဇေးလ်ကို ရောင်းချပြီး ကစားသမား အသစ်များဖြင့် အင်အား ဖြည့်တင်းရန် ပြင်ဆင် နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိပါတယ်။
အိုဇေးလ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ခုနှစ် ဘောလုံး ရာသီ မှာ အသင်း အတွက် ပြိုင်ပွဲစုံ (၃၅) ပွဲသာ ကစားခွင့် ရခဲ့ပြီး သွင်းဂိုး (၆) ဂိုး နဲ့ ဂိုး ဖန်တီးမှု (၃) ကြိမ်သာ ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အစမှာတည်းက နည်းပြ အူနိုင်း အမ်မရီ နဲ့ အကြိတ်အခဲ များ ဖြစ်ပွါးခဲ့ပြီး အိုဇေးလ်ရဲ့ လုပ်အားနှုန်းကို စိတ်တိုင်း မကျ ဖြစ်နေတဲ့ အူနိုင်းအမ်မရီဟာ အသင်းကြီးများနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့ ပွဲစဉ်တွေမှာ အိုဇေးလ်ကို အရံခုံမှာသာ ထားခဲ့တာလည်း ဖြစ်ပါတယ်။
“ခင်ဗျားက နည်းပြမဟုတ်တာ ကျိန်ပြောရဲတယ်။” လို့ အူနိုင်းအမ်မရီကို ပြောပစ်ခဲ့တဲ့ အိုဇေးလ် “ခင်ဗျားက နည်းပြမဟုတ်တာ ကျိန်ပြောရဲတယ်။” လို့ အူနိုင်းအမ်မရီကို ပြောပစ်ခဲ့တဲ့ အိုဇေးလ် Reviewed by Admin on June 04, 2019 Rating: 5

No comments:

Powered by Blogger.