ကိုဗစ်လူနာတွေအတွက်လိုအပ်တဲ့အောက်စီဂျင်အိုးတွေကို ကိုယ်တိုင်ပို့ပေးရင်း ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုပြော ပြ လာတဲ့ အိစိကွေး


ကိုဗစ်လူနာတွေအတွက်လိုအပ်တဲ့အောက်စီဂျင်အိုးတွေကို ကိုယ်တိုင်ပို့ပေးရင်း ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုပြော ပြ လာတဲ့ အိစိကွေး

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူကတော့ ကလေးသရုပ်ဆောင် အိစိကွေးပဲ ဖြစ်ပါတယ်။သူ ပါဝင်ရိုက် ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ကာရိုက်တာမျိုးစုံကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ ယနေ့အချိန်ထိ လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားပါတယ်။


ဒါ့အပြင် သူတစ်ပါးအပေါ်လည်း အရေးကြုံရင် အမြဲ ကူညီတတ်တဲ့ အိစိကွေးက အခုလို ကိုဗစ်ကာလတွေမှာလည်း လိုအပ်တဲ့ လူနာတွေဆီ ကို အောက်ဆီဂျင်အိုးများ ပို့ဆောင်ကာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ် ။ သူဒီလို ပို့ဆောင်ပေးရင်း ကြုံဆုံခဲ့ရတာတွေကို လည်း ရေးသားဖော်ပြထားပါသေးတယ် ။


” ” အမှတ်တရတွေအများကြီးနဲ့နေ့ပါပဲ O2 လာရှူပါပြောထားပေမယ့် လိုအပ်တော့လည်း ကိုယ်တိုင်သယ်ပြီးသွားပို့ဖြစ်တာပါပဲ ကယ်လိုက် ရတဲ့အသက်တစ်ခု ရှိသလို မိနစ်ပိုင်းနောက်ကျသွားလို့ လက်လွှတ်လိုက်ရတဲ့အသက် လည်းရှိတယ် ကယ်လိုက်ရလို့ပျော်ရတဲ့ အပျော်ရှိသ လို မကယ်နိင်ခဲ့လို့ အရုပ်ကြိုးပြတ် ဖြစ်သွားရတဲ့အချိန်လည်း ရှိခဲ့တယ် ပြီးတော့လည်း O2 refill လည်းကိုယ်တိုင်ပဲ ည ၁၀ နာရီမှ အိမ် အတွက် အိုးဖြည့်ပြီး ပြန်ရောက်တော့တယ် ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ ဘေးကနေ တောက်လျှောက်လိုက်ကူညီပေးတဲ့ သူကိုလည်း ကျေးဇူးအထူးပါဗျာ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။