လင်မယားချင်း စကားများ၍ ခင်ပွန်းမှ ဇနှီးအား ဓါးဖြင့် ခုတ်သတ်

2019-08-25 10:53:37


လင်မယားချင်း စကားများ၍ ခင်ပွန်းမှ ဇနှီးအား ဓါးဖြင့် ခုတ်သတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ နယ်ချင်းနစ်ကျေးရွာ၌ လင်မယားချင်း စကားများ၍ ခင်ပွန်းမှ ဇနှီးအား ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သိရသည်။


ညနေ(၆)နာရီခန့်က လင်မယားခြင်း စကားများ ရန်ဖြစ်ကြရာမှ ယောက်ျားဖြစ်သူ မင်းဇော်၂၅နှစ်က ဇနှီးဖြစ်သူ မမိုးမိုးစန်း ၂၃နှစ်အား ဓါးမဖြင့်ခုတ်သတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။


ဦးခေါင်း(ငယ်ထိပ်) ပြတ်ရှဒဏ်ရာ(၁)ချက်၊ လည်ပင်း ယာဘက်ခြမ်း ပြတ်ရှဒဏ်ရာ(၂)ချက် နှင့် ယာဘက် ဝမ်းဗိုက် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဆီးခုံတွင် ပြတ်ရှဒဏ်ရာ များရရှိကာ နေရာမှာပင် ပွဲခြင်းပြီးသေဆုံးသွားခဲ့ကြောင်း ဆိုသည်။