စင်ကာပူထက် (၂၃) ဆ ပိုကျယ်တဲ့ နယ်မြေကို သေနတ်တချက် မဖောက်ရဘဲ သိမ်းပိုက်သွားခြင်း

2019-08-25 10:56:55


စင်ကာပူထက် (၂၃) ဆ ပိုကျယ်တဲ့ နယ်မြေကို သေနတ်တချက် မဖောက်ရဘဲ သိမ်းပိုက်သွားခြင်း

စင်ကာပူထက် (၂၃) ဆ ပိုကျယ်တဲ့ နယ်မြေကို သေနတ်တချက် မဖောက်ရဘဲ သိမ်းပိုက်သွားခြင်း


လောက်ကိုင်တိုက်ပွဲ မစမီ တရက်အလိုမှာ အစီအစဉ်မရှိဘဲ “ဝ” အထူးဒေသ ပန်ဆန်းကိုအလုပ်တခုနဲ့ ရောက်သွား ပါတယ်။ လားရှိုး – တန့်ယန်း လမ်းကနေ သံလွင်မြစ်တံတားကျော်ပြီး မကြာခင် မြန်မာစစ်တပ်ဂိတ်ကို ရောက်တယ်။ ဝင်ကြေး ၅၀၀၀ ပေးရမယ်တဲ့ ခပ်ပြတ်ပြတ်ပဲ။




အော် နယ်စပ်ဝင်ကထဲက MPT, Oredoo ဘာမှ မရတော့ဘူး။ တရုတ်ဖုန်းရတယ် Telenol တချက်တချက် ရတယ်။ ဒါပေမယ့် Oversea charge “ဝ”နယ်ထဲ ဝင်ကာစ မြေလမ်းကြီး ဖုန်တထောင်းထောင်းနဲ့ ဆက်သွားတော့ ကျောက်လမ်း၊ ပြီးတော့ ကွန်ကရိလမ်း၊ ပြီးတော့ နိုင်လွန် ကတ္တရာလမ်း တောင်ပေါ်လမ်းတွေက နေပြည်တော်လမ်းထင် ပိုကျယ် ပိုကောင်းနေတယ်။မေးကြည့်တော့ တရုတ်က လာဖောက်တာတဲ့။




နေရာတိုင်းမှာ လျပ်စစ်မီးနဲ့မေးကြည့်တော့ စစ်သားအငယ်တွေက ရေအားလျှပ်စစ် ကိုယ်ပိုင်ထုတ်တာတဲ့ နောက်တော့ အဲဒီရေအားလျပ်စစ်နေရာကို ဖြတ်သွားတယ်။ သိပ်လဲ မကြီးဘူး တကယ် အလုပ်လုပ်ပုံလဲ မရဘူး။ သူ့တို့အရာရှိတွေကို ထပ်မေးတော ရီပြီး တရုတ်ပြည်က လိုသလောက်ပေးတယ်တဲ့။




လမ်းဘေးတလျှောက် ရော်ဘာခြံတွေ မျက်စိတဆုံး အပင်တွေကြီးပြီ အသေအချာ ကြည့်တော့ တပင်မှ အစေး မခြစ်ထားဘူး လဘက်ခြံတွေလဲရှိတယ်။ အားလုံး For show တွေ… ပန်ဆန်း မရောက်မီ မြင်ကွင်းထဲမှာ ဘာမှ မသုံးတဲ့ ကွန်ကရိ ကွင်းကျယ်ကြီးတွေ တွေ့တယ်။ တိုက်လေယာဉ်တွေ ကောင်းကောင်း ဆင်းလို့ရတယ်။ ဘာအတွက်လဲမေးတော့ ပုခုန်းတွန့်ပြတယ် ရှင်းပါတယ် တရုတ်တိုက်လေယာဉ်တွေ ဆင်းဖို့ပေါ့။




တောင်တွေကို ဧရာမစက်ကြီးတွေနဲ့ ဖြိုပြီး Tipper ကားအကြီးစားတွေနဲ့ မြေကြီးတွေတင်ပြီး တရုတ်ပြည်ဘက် တတန်း ကြီး မောင်းထွက်နေတယ်။ ဘာပါလို့လဲ မေးတော့ ခဲသတ္တုလို့ ပြောတယ်။ ခဲလောက်နဲ့ မြေရိုင်းတွေကို သယ်ရတာ ကိုက်သလား ?


နောက် ကျွန်းသစ်တင်တဲ့ကားတွေ သစ်လုံးမဟုတ်ဘူး။ လေးထောင့် ပါးပုတ်ထားပြီးသား လမ်းဘေးမှာ တန်းစီရပ်ထားတာ အစီး ၄၂ – နောက်ပိုင်း ဆက်မရေဖြစ်တော့ဘူး…




ပန်ဆန်း ရောက်ပြီ မြန်မာ ရဲ/ စစ်သား/ ရဲစခန်း /စစ်တပ်/လဝက /ထွေအုပ်ရုံး/ အခွန်ဦးစီး /ဆေးရုံ /ကျောင်း/ ဘာမှ မတွေ့။ မြန်မာပြည်လို့ ပြောနိုင်တဲ့ အထောက်အထား တခုမှ မရှိ။ တရုတ်စာဆိုင်းဘုတ် တရုတ်စကားတရုတ်ငွေ တရုတ် TV လိုင်း။ မေးကြည့်တော့ မြန်မာမှတ်ပုံတင်မသုံး။ ဝ”ကိုယ်ပိုင် မှတ်ပုံတင်တဲ့ လူငယ်အားလုံး စစ်ဝတ်စုံနဲ့ Pistol ခါးချိတ်လို့် ဝတ်စုံ လက်နက်အားလုံး သစ်သစ်လွင်လွင်ဘဲ ရာထူးအဆင့် တံဆိပ်မရှိဘူး။


မြို့ထဲမှာ ကားအများစုက Lexus 570 တွေ Hummer တွေများတယ်။ စက်သေနတ်တင်ထားတဲ့ 4×4 pickup တွေလဲ တွေ့တယ်… ဓာတ်ဆီထည့်တုံး ဘေးကဆိုင် ဆိုင်းဘုတ်ကိုကြည့်ပြီး တရုတ် စာတတ်သူတွေ ရီနေလို့မေးကြည့်တော့ ကျည်ဆန် ယမ်း လက်ပစ်ဗုံးမိုင်း လက္ကားရောင်းတာတဲ့


နှစ်ညအိပ်ခဲ့တယ် မြန်မာ့ အချုပ်အချာအာဏာကို တစ်ခုမှ မတွေ့ခဲ့ဘူး….အံ့သြစရာတစ်ခုက “ဝ”အထူး အုပ်ချုပ် ခွင့်ရဒေသရဲ့ အကျယ်အဝန်း စတုရန်းမိုင်က 17,000 sq. km. တဲ့/ စင်ကာပူနိင်ငံရဲ့ အကျယ်အဝန်း စတုရန်းမိုင်က 718 sq. km.


စင်ကာပူ ထက်(၂၃) ဆပိုကျယ်တဲ့ ဘာသယံဇာတတွေရှိနေမှန်းမသိတဲ့ နယ်မြေတခုကို တရုတ်က သေနတ်တချက် မဖောက်ဘဲယူသွားပါပြီ။


လောက်ကိုင်ကို ဘာကြောင့်ထိုးကျွေးလဲဆိုတာ အောက်က မြေပုံကြည့်ရင် သဘောပေါက်မှာပါ။ အစိမ်းရောင်က “ဝ” အထူးဒေသ ၊ လိမ္မော်ရောင်က ကိုးကန့် အထူးဒေသ


Kyawsoewin