ဘာဘီရုပ်လေး အသက်ဝင်လာသလို မြင်တွေ့နေရတဲ့ နန်းစုရတီစိုးရဲ့ အလှ

2019-08-25 11:01:50


ဘာဘီရုပ်လေး အသက်ဝင်လာသလို မြင်တွေ့နေရတဲ့ နန်းစုရတီစိုးရဲ့ အလှ

ဘာဘီရုပ်လေး အသက်ဝင်လာသလို မြင်တွေ့နေရတဲ့ နန်းစုရတီစိုးရဲ့ အလှ

 August 25, 2019  phyo 0 Comments

အဆို​တော်​မ​လေး နန်းဆုရတီစိုးက​တော့ ချစ်​စရာ​ကောင်းတဲ့ အသံ​လေးနဲ့ တက်​တက်​ကြွကြွရှိလွန်းတဲ့ သူမရဲ့အပြုအမူ​တွေ​ကြောင့်​ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝ ပိုင်​ဆိုင်​ထားသူ​လေးပါ။ အဆိုပိုင်းမှာပါသာမကပဲ သရုပ်​​ဆောင်​ပိုင်းမှာပါ ပရိသတ်လက်ခံအားပေးနေကြတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ သူမရဲ့သီချင်း​တွေမှာလည်း အမိုက်​စားသရုပ်​​ဆောင်​တတ်​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ နန်းဆုက အရုပ်​​လေးတစ်​ရုပ်​လို လှ​နေတဲ့ သူမရဲ့အလှပုံ​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ တကယ့်​ အရုပ်​​လေးတစ်​ရုပ်​ ချထားသလို လှရက်​လွန်း​နေတဲ့ နန်းဆုရဲ့ ပုံ​လေး​တွေက အရမ်းကိုချစ်​ဖို့​ကောင်း​နေတာပါ​နော်​။




ချစ်​ပရိသတ်​​တွေအတွက်​ ထူးခြားတဲ့ ပြင်​ဆင်​မှု​တွေနဲ့ အရုပ်​​လေးလို လှ​နေတဲ့ နန်းဆုရတီစိုးရဲ့ အလှပုံရိပ်​​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။




နန်းဆုက​တော့ “ဓာတ်ဆရာဆီက မရသေးဘူး ယူတို့အတင်းတင်ခိုင်းလို့ ဖုန်းထဲကပုံလေးတွေ အရင်တင်ပေးလိုက်တယ်” ဆိုပြီး သူမရဲ့အလှပုံ​တွေကို ​ဝေမျှ​ပေးထားတာပါ။




အသားအရည်​လှတဲ့ နန်းဆုက​တော့ မိတ်​ကပ်​မလိမ်းထားရင်​​တောင်ြ​​ကည်​လင်​ပြီး အရမ်းက်ု လှပသူ​လေးပါ။



လတ်​တ​လောမှာ​တော့ နန်းဆုက​ သီချင်းအသစ်​​တွေ ဖန်​တီးဖြစ်​​နေပြီး ရှိုးပွဲ​တွေလည်း ဆက်​တိုက်​ဆိုဖြစ်​​နေတာပါ။ နန်းဆုသီဆိုထားတဲ့ “ရူး​အောင်​ချစ်​ရသူ “ကမ်းမဲ့​လှေ” အစရှိတဲ့ သီချင်းကလည်း ပရိသတ်​​တွေကြားမှာ ​တော်​​တော်​​လေးကို နာမည်​ကြီးသွားပါ​သေးတယ်​။ချစ်ပရိသတ်တွေလည်း ဆု​တောင်း​ကောင်​လွန်းသူ အရုပ်​မ​လေး နန်းဆုကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။


Source;Nansu Yati Soe’s Facebook