ပျံလွန်တော်မူပြီး မပုပ်မသိုးပဲရှိနေသော ဘုန်းတော်ကြီး

2019-08-25 11:03:54


ပျံလွန်တော်မူပြီး မပုပ်မသိုးပဲရှိနေသော ဘုန်းတော်ကြီး

ကမ္ဘောဒီယားနိုင်ငံမှ အသက် ၉၂ နှစ်အရွယ် ဘုန်းတော်ကြီး Luang Phor Pian ဟာ ပျံလွန်တော်မူပြီး ၂လကြာတဲ့အထိ သေပြီး ၃၆ နာရီအတွင်းအနေအထားနဲ့ဆက်လက်ရှိနေတာဖြစ်ပါတယ်။


ဘုန်းတော်ကြီးကို သင်္ကန်းလဲပေးဖို့ အခေါင်းထဲက ပြန်ထုတ်တဲ့အချိန်မှာ ထူးဆန်းစွာပြုံးတာကိုမြင်တွေ့ခဲ့ကြရတယ်လို့ မြင်ရသူတွေကပြောကြပါတယ်။

ဘုန်းတော်ကြီး Pian ဟာ ကမ္ဘောဒီယားနိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့သက်တမ်းတစ်လျောက်လုံး ဘုန်းတော်ကြီးတစ်ပါးအဖြစ် ထိုင်းနိုင်ငံမှာနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။




များသောအားဖြင့် သေသူတွေဟာ ၂ လကြာတဲ့အခါ ပုပ်သိုးဆွေးမြေ့သွားပေမယ့် ဒီဘုန်းဘုန်းကတော့ ပုံစံမပျက်ယွင်းပဲရှိနေတယ်လို့သိရပါတယ်။

ဘုန်းတော်ကြီးကို ကိုးကွယ်သူတွေကတော့ သူတို့ဘုန်းတော်ကြီးဟာ နိဗ္ဗာန်ကိုရောက်သွားပြီလို့ ယူဆကြပြီးတော့ ပိုမိုအလေးမြတ်ထားကိုးကွယ်လာကြတာကိုလည်းတွေ့ရပါတယ်။


မကြာခင်အချိန်အတွင်းမှာ ရက် ၁၀၀ ပြည့်အခန်းအနားကျင်းပသွားမှာဖြစ်ပြီး ဖူးမျှော်ချင်သူများကိုလာရောက်လည်ပတ်ဖူးမြှော်ခွင့်ပေးမှာပဲဖြစ်ပါတယ်။


လေးစားစွာဖြင့်ခရစ်ဒက် — – Min Thu ( XYZ News )