တခါမှရန်​မရှာဘဲ ကြင်​နာတတ်​လွန်းတဲ့ ခင်​ပွန်းကို စိတ်​ကုန်​စရာဖြစ်​လာလို့ ကွာရှင်းလိုက်​တဲ့ အမျိုးသမီး

2019-08-25 14:56:46


တခါမှရန်​မရှာဘဲ ကြင်​နာတတ်​လွန်းတဲ့ ခင်​ပွန်းကို စိတ်​ကုန်​စရာဖြစ်​လာလို့ ကွာရှင်းလိုက်​တဲ့ အမျိုးသမီး

အခုဖြစ်​ရပ်​က​တော့ အ​ရှေ့အလယ်​ပိုင်းက အာရပ်​နိုင်​ငံတစ်​ခုဖြစ်​တဲ့ ယူ​အေအီးနို​င်​ငံသူ အမျိုးသမီးတစ်​ဦးရဲ့ ထူးထူးခြားခြားဖြစ်​ရပ်​တခုပါ။ အမျိုးသမီး​တွေ အိမ်​​ထောင်​​ရေးကွဲကွာချင်​ရတဲ့ ပြသနာအ​ကြောင်းရင်းအများစုကို ကြည့်​မယ်​ဆိုရင်​ လင်​​ယောကျာင်္းက ကိုယ့်​အ​ပေါ်မ​ကောင်းလို့၊ မကြင်​နာလို့၊ ရက်​စက်​လို့၊ ​ဖောက်​ပြန်​လို့ စသဖြင့်​သာ အများအားဖြင့်​​ ​တွေ့ရမှာဖြစ်​ပါတယ်​။


အခုဖြစ်​ရပ်​မှာ​တော့ ယူ​အေအီးနို​င်​ငံက အိမ်​​ထောင်​ရှင် ​အမျိုးသမီးဟာ လင်​​ယောကျာင်္းက တခါမှရန်​မရှာဘဲ ကြင်​နာတတ်​လွန်းတာ​ကြောင့်​ စိတ်​ကုန်​စရာဖြစ်​လာလို့ ခင်​ပွန်းသည်​ကို ကွာရှင်းခွင့်​​တောင်းဆိုခဲ့တာဖြစ်​တယ်​လို့ Elitereaders သတင်းဝက်​ဘ်​ဆိုက်​က ဖော်​ပြသွားခဲ့ပါတယ်​။


သူဟာ တရားရုံးမှာ ကွာရှင်းခွင့်​တင်​ခဲ့ပြီး ခင်​ပွန်းသည်​ဟာ ကြင်​နာငဲ့ညှာတတ်​ပြီး စကားနည်းလွန်းတာ​ကြောင့်​ အဲ့ဒီ အချက်​ကပဲ သူမအတွက်​ အားနည်းချက်​ဖြစ်​​စေခဲ့တာမို့ ကွာရှင်းခွင့်​​တောင်းခံရတာဖြစ်​​ကြောင်း ထွက်​ဆိုခဲ့တယ်​လို့ Elitereaders သတင်းက​ဖော်​ပြသွားခဲ့ပါတယ်​။


တကယ်​​တော့ ခင်​ပွန်းဖြစ်​သူဟာ သူနဲ့တခါမှ အငြင်းပွား၊စကားများရန်ဖြစ်​ခြင်း မရှိဖူးတဲ့အပြင်​ လက်​​ဆောင်​​တွေမကြာခဏ​ပေးသလို အိမ်​မှုကိစ္စ​တွေမှာလဲ အလိုက်​တသိနဲ့ အမြဲလိုလိုကူညီလုပ်​ကိုင်​​ပေး​လေ့ရှိသူတဦးဖြစ်​​တယ်​လို့ Elitereaders သတင်းက​ဖော်​ပြခဲ့တာပါ။


” သူက အရမ်းချစ်​တတ်​၊ နားလည်​​ပေးတတ်​လွန်းလို့ ကျွန်​မအတွက်​စိတ်​မွန်းကြပ်​စရာပိုဖြစ်​ရပါတယ်​။ သူ့ကိုလုပ်​​ပေးဖို့မ​ပြောဘဲနဲ့​တောင်​ သူကအိမ်​မှုကိစ္စအလုပ်​​တွေမှာ အမြဲဝင်​ကူညီ​ပေးတတ်​တဲ့သူပါ” လို့ အမျိုးသမီးကိုယ်​တိုင်​က တရားရုံးမှာ ထွက်​ဆိုသွားခဲ့ပြီး ဒီလိုစံပြအမျိုးသားကိုမှ အမျိုးသမီး​တွေကလိုလိုလားလားနှစ်​သက်​​နေကြတဲ့အချိန်​မှာ လို​လေ​သေးမရှိ ဘဝမှာ အိမ်​​ထောင်​ရှင်​အမျိုးသမီးဖြစ်​ရတာ စိတ်​​ကျေနပ်​​ပျော်​ရွှင်​စရာမရှိဘူးလို့ သူ့ရဲ့ထွက်​ဆိုချက်​ဟာ အ​တော်​​လေးအံ့အားသင့်​စရာ​ကောင်းခဲ့တာအမှန်​ပါ။




သူဟာ အငြင်းပွားရန်​ဖြစ်​ပြီး တကျက်​​ကျက်​စကားများ​ဆွေး​နွေး​နေရမဲ့ အိမ်​​ထောင်​ဖက်​ကိုသာလိုအပ်​ပြီး လက်​ရှိအိမ်​​ထောင်​ဖက်​နဲ့​တော့ ဒီလိုအေ​ခြအ​နေမျိုးကိုမရရှိတာ​ကြောင့်​ အခုလိုကွာရှင်းခွင့်​​လျှောက်​ထားခဲ့တာဖြစ်​တယ်​လို့လဲ သိရပါတယ်​။ သူ့အ​ပေါ်အမြဲလိုက်​နာ​နေပြီး လိုအပ်​သမျှဖြည့်​ဆည်း​ပေး​နေတဲ့ အိမ်​​ထောင်​ဖက်​ကို သူ့အ​နေနဲ့အလိုမရှိ​ကြောင်း သူကဆိုခဲ့တာပါ။


ခင်​ပွန်းဖြစ်​သူက​တော့ ကွာရှင်းခွင့်​​လျှောက်​ထားမှုကို ခွင့်​ပြုချက်​မ​ပေးဖို့ တရားရုံးကို အသနား​လျှောက်​ထားခဲ့ပြီး သူပြင်​ဆင်​စရာရှိသမျှ အမှားအယွင်း​တွေကိုပြင်​ဆင်​သွားမှာဖြစ်​တယ်​လို့ ကတိပြုခဲ့တယ်​လို့သိရပြီး တရားရုံးက​တော့ ဒီကွာရှင်းမှုကို အချိန်​ယူစဉ်းစားဆုံးဖြတ်​​နေဆဲဖြစ်​ပါတယ်​။


EFIL-ApannPyay