သိန်း ၁၅၀၀ ကျော်တန် ဂျင်းကွန်ဒို

2019-08-25 15:01:00


သိန်း ၁၅၀၀ ကျော်တန် ဂျင်းကွန်ဒို

ကွန်ဒိုဆိုတာ ရိုးရိုးတိုက်ခန်းထက် ပိုကျယ်ဝန်းပြီး လုံခြုံရေး၊ ဓာတ်လှေကား၊ ပန်းခြံ၊ ကားပါကင်စတဲ့ တန်ဖိုးမြင့် နေထိုင် စရာ နေရာတခု ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကျော်များမှာ စတင်ခေတ်စားခဲ့ပြီး အဲဒီအချိန်တုန်းကတော့ သူဌေးကြီးတွေ သာ ဝယ်နိုင် နေနိုင်တဲ့ ဈေးအရမ်းကြီးတဲ့ နေရာမျိုးပါ။ အခုနောက်ပိုင်းမှာတော့ မီနီကွန်ဒို၊ တန်ဖိုးသင့် ကွန်ဒိုစသဖြင့် လူလတ်တန်းစားတွေ ဝယ်ယူနိုင်တဲ့ ကွန်ဒို အမျိုးအစားတွေ ပေါ်ပေါက်လာပါပြီ။




ကွန်ဒိုတွေ အပြိုင်အဆိုင် ဆောက်လုပ်လာခြင်းနဲ့ အတူ အရည်အသွေး မပြည့်မီတဲ့ ကွန်ဒိုတွေ အများအပြားလည်း ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ မသိမသာရော သိသိသာသာရော ဝယ်သူတွေကို ဂျင်းထည့်တဲ့ ဆောက်လုပ်ရေးတွေ များလာ ပါတယ်။ အခုလည်း ဈေးလျှော့ရောင်းတယ် ကြော်ငြာပြီး လူတွေကို ဂျင်းထည့်လိုက်တဲ့ ဂျင်းကွန်ဒို တခုရဲ့ အကြောင်း ကို ဖော်ပြလိုက်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ-




သိန်း ၁၅၀၀ ကျော်တန် IGreen UBC condo အသစ် စက်စက် ရှိ ရေယိုနေသော အမိုးနှင့် ပေါက်ကွဲထွက်နေသော တခါး  ပေါက်နေသော နံရံ ( အခန်းထဲထိပေါက်တယ် )  အခန်းထဲလဲရေတေယို  ဒါတောင် aircon မရတာ မပါသေး  ပြတင်းပေါက် မှန်ကို ခိုထားလို့ တပေါက်ပဲဖွင့်လို့ရတာမပါသေးဘူး။




ခိုပီး Lift ကို ၂ လုံးစလုံးမမောင်းဘဲ မီးပြတ်တော့ ပိတ်မိနေလို့ နိုင်ငံခြားကားထဲကလို ခုန်ချရတာ အဲ့ချိန်မီးလာရင် သေမယ့်ကိန်း  သူများ ချွေးနဲစာကိုတန်ရာတန်ကျေးပြန်ပေးသင့်ပါတယ် အပေါ်ထပ် မှာလဲ CC လုပ်ပေးမယ်ဆို ခုတော့ Penthouse ဆိုပြန်ရောင်းနေတယ် ဘယ်မှာလဲ CC




CONDO ဆိုတာ cc ပါရတယ်လေ landscaping ဆိုလို့ မြက်တပင်တောင် မမြင်ရဘူး  IGreen UBC condo မှ အသစ်စက်စက်လာချ သွားသော ဖားကူးကန်ဘေးမှ locker များအားတွေ့ရစဉ်။




IGreen UBC condo ၁၅၀၀ တန် ကွန်ဒိုရဲ့ Lift ဆိုသည်မှာ မီးပြတ်သွားရင် နောက်တလုံးက run ပီး မီးလာရင် တလုံးပါ

ဒါမျိုး အလယ်ကောင်မှာ ပိတ်မိနေတော့ မီးစက်မောင်းလေဆိုတော့ မရဘူးတဲ့ ဟ်ုဘက်နဲ့ပဲချိတ်ထားတာတဲ့။ ဒါဆို back up generator ဆိုတာ လမ်းလျောက်တက်ရသက်သာအောင် ထားတာ မဟုတ်ဘဲ အဓိက safety ကြောင့် ထားတယ် ဆိုတာ ကို မသိတာလား။


သူတို့အပြောက lift က မီးပြတ်ရင် နီးစပ်ရာ အထပ်မှာရပ်တယ်တဲ့ ခုတော့ ကျမ ယောကျားနဲ့ ယောက်ဖ ဆိုတာ နိုင်ငံခြားကား ထဲကလို security တေ အတင်းဆွဲဖွင့်တဲ့တခါးပေါက်ကနေ ဆွဲတက်ခိုင်း ကျမကလဲ အဲ့ရက်ပိုင်းက ၂ ရက် ဆက်တိုက် lift ပြုတ်ကျတယ်ဆိုပီး အိပ်မက်တယ် နောက်နေ့ကျ lift ကမှန်တေပေါက်ကွဲ တယ်ဆို မက်ထားတော့ အရမ်းလန့်သွားတာ


တက်ခိုင်းလို့မရတော့ အောက်ထက်ကနေ တံခါးသွားဆွဲဖွင့်ပီး ခုန်ချ ခဲ့ရပါတယ်။ အဲ့အချိန် မီးပြန်လာရင် lift အလုပ် လုပ်ရင် ကိုယ် ၂ ပိုင်းပြတ်ကြမှာပါ။ ဘယ်သူ တာဝန်ယူမလဲ လူ့အသက်ကို ပြောရင်း နဲ့ ကျက်သီးတေပါထတယ်။ ဒါက ပထမဆုံး ပြောင်းလာပီး ၂ ပတ်အတွင်းပါ။ နောက်မဖြစ်တော့ဘူးပြောပေမဲ့လဲ နောက်ပိုင်း မီးပြတ်တိုင်းကိုဖြစ်ပါတယ် သက်သေမရှိပဲပြောနေတာမဟုတ်ပါဘူး။ နေထိုင်သူ အားလုံး လဲကြုံရပါတယ်


Aye Hnin ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြပါသည်။