ငယ်ချစ်ဦး ကိုစေ့စပ်ပွဲလုပ်ခါနီးညမှာ သမားပြုကျင့်ခဲ့တဲ့ အမျိုးသား

2019-08-25 16:17:54


ငယ်ချစ်ဦး ကိုစေ့စပ်ပွဲလုပ်ခါနီးညမှာ သမားပြုကျင့်ခဲ့တဲ့ အမျိုးသား

အင်​ဒိုနီးရှား နိုင်​ငံက အသက်​ ၂၃ အရွယ်​ အမျိုးသားတစ်​ဦးဟာ ငယ်​စဉ်​ကတည်းက နှစ်​​ပေါင်းများစွာ တစ်​ဖက်​သတ်​ ကြိုက်​လာခဲ့တဲ့ ငယ်​ချစ်​ကို သူမရဲ့​စေ့စပ်​ပွဲမတိုင်​မီညမှာ သားမယားပြုကျင့်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ​ကြောင်း World of Buzz သတင်းဝက်​ဘ်​ဆိုက်ရဲ့​ဖော်​ပြချက်​အရ သိရှိရပါတယ်​။


သူဟာ ငယ်​ချစ်​​ကောင်​မ​လေးကို က​လေးဘဝကတည်းက တစ်​ဖက်​သတ်​စွဲလန်း​နေခဲ့​ပေမဲ့ ​ကောင်​မ​လေးက ​မေတ္တာတုံ့ပြန်​မှုမရှိခဲ့ဘဲ အခုလို တခြား​ယောကျာင်္းတစ်​ယောက်​နဲ့​စေ့စပ်​​တော့မယ့််​ ​စေ့စပ်​ပွဲအကြိုညမှာ စိတ်​​ဖောက်​ပြန်​ပြီး ငယ်​ချစ်​ကိုသူ့ရဲ့အိမ်​ဆီအ​ရောက်​သွားကာ သားမယားပြုကျင့်​ခဲ့တာလို့ World of Buzz က ​ဖော်​ပြသွားခဲ့တာပါ။


World of Buzz ရဲ့ ​ဖော်​ပြချက်​အရ အဲ့ဒီညက ​ကောင်​မ​လေးကို သူ​ရောက်​ရှိလာချိန်​မှာ အိမ်​​ရှေ့တံခါး​သော့မခတ်​ထားလို့ အိမ်​ထဲကိုအလွယ်​တကူပဲဝင်​လို့ရခဲ့တယ်​လို့ သိရပြီး ဆယ်​စုနစ်​​ကျော်​ကြာ ဝင်​ထွက်​သွားလာ​နေခဲ့တဲ့ အိမ်​ဖြစ်​တာ​ကြောင့်​ အခက်​အခဲမရှိခဲ့တာပါ။




သူဟာ ဒီအိမ်​ကိုအလည်​လာတိုင်း အိမ်​သာထဲအမြဲဝင်​​လေ့ရှိပြီး ​ကောင်​မ​လေးရဲ့အတွင်းခံကို အကြိမ်​​ပေါင်းများစွာနမ်းတတ်​ကာ လိင်စိတ္တဇစိတ်​ရှိ​နေသူ ဖြစ်​တယ်​လို့လဲ သိရှိခဲ့ရပါတယ်​။ အခုတကြိမ်​မှာ​တော့ သူဟာအိမ်ထဲဝင်​ဝင်​ချင်းမှာပဲ ဘယ်​သူလဲလို့​အော်​​မေး​နေတဲ့ ​ကောင်​မ​လေးကိုအိပ်​ရာထဲအတင်းဆွဲတင်းပြီး အဓမ္မသားမယားပြုကျင့်​ခဲ့ကာ ထွက်​​ပြေးသွားခဲ့ပါတယ်​။




ကောင်​မ​လေးရဲ့မိသားစုက သူ့ကိုအမှုဖွင့်​စွဲချက်​တင်​ခဲ့ပြီး လက်ရှိအ​ချိန်​မှာ​တော့ သူ့ကို ပြစ်​ဒဏ်​​ အ​နေနဲ့ ​ထောင်​ကိုးနှစ်​ချမှတ်​ခဲ့ပြီဖြစ်​ပါတယ်​။


EFIL-ApannPyay