တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း . . . . 29.7.2019 မှ 04.8.2019 အထိ

2019-07-29 22:18:47


တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း . . . . 29.7.2019 မှ 04.8.2019 အထိ

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ပြောသလောက် မလွယ်သော်လည်း လုပ်သလောက်ရသောရက်များ ဖြစ်တယ်ဆိုတာ သင်သိထားပေးပါ။ စေတနာကို တန်ဖိုးမထားသူတို့ကသင့်ကိုအပြစ်တင်ကြလိမ့်မည်။ ရည်ရွယ်ချက်ပန်းတိုင်ရဲရဲလျှောက် အောင်မြင် ရန် လက်တကမ်းသာ လိုတော့သည်။

အတွေးအခေါ်ပြောင်းလဲမှုတွေ ဖြစ်မည်။ ရည်ရွယ်ချက်တွေ ပြောင်းလဲမှုဖြစ် လာမည်။ မိဘနှင့် အိမ်ထောင်ဖက်ကြား၊ သားသမီးနှင့် မိဘကြား ဗျာများ နေရခြင်းနှင့် စိတ်ဆင်းရဲမှုတွေ ကြုံမည်။ ခြေထောက်တစ်ဖက်နာကျင်မှု ဖြစ်မည်။ အတွေးများပြီး အစာစားခြင်း၊ လမ်းသွားခြင်း ဂရုစိုက်ပါ။

ထီပေါက်ခြင်း၊ ငွေရခြင်း၊ စာမေးပွဲအောင်ခြင်း၊ ရာထူးတက်ခြင်း တို့ဖြစ်မည်။ ပညာရေး၊ စီးပွားရေး၊ အလုပ်တွေ ကြိုးစားနေစဉ်မှာ အချစ်ရေးက သင့်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်မည်။ အချစ်ရေးမှာလည်း မသေချာသော လမ်းလျှောက် ရသလိုဖြစ်နေမည်။

အပေါင်းအသင်းကောင်း တစ်ယောက်က သင့်ကို ကူညီပါလိမ့်မည်။ ရစရာရှိသောငွေရလာ မည်။ စက်ပစ္စည်း အသစ်ရမည်။ အိမ်ထောင်ရေးကိစ္စ အထင်လွဲခံရ တတ်သည်။ ကျန်းမာရေးက ဝမ်းဗိုက်ဂရု စိုက်ပါ။ အစာကြေလွယ်တဲ့အစာကိုပဲဦးစားပေးစားပါ။

ယတြာ – ခင်ပွန်းကြီးဆယ်ပါးကိုရည်မှန်း ဆွမ်းကပ်လှူပါ ။

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

ခရီးအတိုအထွာ သွားရမည်။ အလုပ်ခွင်အတွင်းလက်၊ ခြေ၊ ခေါင်း ညှပ်တတ်သည်။ ဂရုစိုက်ပါ။ ရစရာ ရှိသောအရာများ မြန်မြန်တောင်းယူပါ။ သွားစရာရှိသော ခရီးများ မြန်မြန်သွားပါ။ လုပ်စရာရှိသော အလုပ်များ မြန်မြန်လုပ်ပါ။ ဤတစ်ပတ်သည် သင့်အတွက် အောင်မြင်မှုရသော အချိန်ကာလလေး တစ်ခုဖြစ်ပါသည်။

ဝါသနာပါရင် စ၊ဆ၊ဇ၊ည အက္ခရာဖြင့်၎၊ ၉၊ ၆ပါသော ထီလက်မှတ်ကိုရွေးချယ်ကံစမ်းစေချင်သည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျတာမျိုးသို့မဟုတ်အငယ်အနှောင်းတွေ့မည်။သတိထားပါ။ဖြေဆိုထားသောပညာရေး၊ တောင်းဆို ထားသော အချစ်ရေး၊ အင်တာဗျူးထားသော အလုပ်စာမေးပွဲများမုချ အောင်မြင်ပါသည်။

တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဆန္ဒ မစောပါနှင့်။ ဒေါသမကြီးနှင့်။ သို့သော် ရည်ရွယ်ချက် ကြီးကြီးထားပါ။ ကတိတစ်ခု လွယ်လွယ်မပေးနှင့်။ အလုပ်ကိစ္စမှာ အကြီးအကဲအထင်လွဲ ခံရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်သည်။ လောင်းကစားအလုပ်ရှောင်ပါ။ ငွေကိုဝိသမလောဘနဲ့မရှာသင့်တဲ့ကာလပါပဲ။

ကား၊ဆိုင် ကယ်ဂရုစိုက်မောင်းပါ။ အိမ်ထောင်ဘက်ရဲ့ချစ်ခင်ယုယမှုကိုရမည်။ပညာရေးမှာတော့ကြိုးစားထားသမျှအရာထင်အောင်မြင်ပါလိမ့် မယ်။

ယတြာ အိမ်ဘုရားကို ထီးဖြူ ၉ လက် လှူပါ

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

အိမ်ကပြောစကားထက် သူများပြောတာကို ယုံပြီး တဇွတ်ထိုးလုပ်မည်။အပြောလွယ်သလောက်အလုပ်ခက် ဟူသည့် စကားအတိုင်းဖြစ်နေသည့်ကာလလေးပါ။ ဤတစ်ပတ်အတွင်း လွယ်လွယ်နှင့် အရာရာရမယ်လို့ မယူဆလိုက်ပါနှင့်။ ကံ၊ ဥာဏ်၊ ဝီရိယ၊ လုံ့လ စိုက်ထုတ်ပါမှ အဆင်ပြေလာမှာပါ။

ခရီးဝေးယာယီတွေ ရောက်မည်။ ရမည့်ငွေ ရခါနီးမှ နှောင့်နှေးတတ်သည်။ အလုပ်အကိုင် အဆင်ပြေသလို ဖြစ်ပြီးမှ ထစ်ငေါ့မှု အတိုက်အခံများ မှုတွေ ကြုံရတတ်ပါသည်။အရာရာ၂ခါ ဆောင်ရွက်ရတတ်၍ ဂရုစိုက်ပါ။ သို့သော် တိုးတက်မှု မြင့်မားမှု အောင်မြင် မှုတွေ ရပါလိမ့်မည်။

အောက်လက်ငယ်သားတွေ၊ ၀န်ထမ်းတွေကြိုးစားမှုကြောင့် မိမိအလုပ်တွေသိသာထင်ရှားစွာ တိုးတတ်မည်။ အချစ်ရေးမှာ အရှက်ကွဲရမလိုတော့ ဖြစ်တတ်သည်။ သတိထားပါ။အချစ်ရေးမှာ မိဘသားချင်းတို့ သဘောမတူသူကိုသဘောကျနေမိ တတ်ပါသည်။ဆေးစစ်၊ဆေးစားခြင်းများစတင်ဆောင်ရွက်လို့အထူးကောင်း သည်။

ကျန်းမာရေးကောင်းနေမည်။ နည်းပညာနှင့် ပက်သက်သော ပညာများရလွယ်နေမည်။ စက်ပစ္စည်းပြုပြင် ထိန်းသိမ်းတဲ့ ပညာများလဲရလွယ်ပါလိမ့်မယ်။

ယတြာ မွေးနေ့နံနက်တွင် ငါးအရှင် ၂ကောင် ရေမှာလွှတ်ပါ။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင် မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေသည်။ အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲလို့ သူတစ်ပါးမသိအောင်လည်း လျို့ဝှက်မှုတွေ ရှိနေသည်။ ထိုလျို့ဝှက်ချက်မှာ ကောင်းသောလုပ်ရပ်ဖြစ်ပြီး သူတစ်ပါး သို့မဟုတ် မိသားစုသိလျှင်တားမြစ် လိမ့်မည်။ဆက်လုပ်ပါ။

သင့်လုပ်ရပ်မုချ အောင်မြင်မှာပါ။ အချစ်ရေးတို့ နှောင့်နှေးမှု ဖြစ်မည်။ ချစ်သူကအဖြေ ပေးဖို့အချိန်ဆွဲနေတတ်သည်။ မိဘသားချင်းဆန္ဒတွေကို လိုက်လျောချင်စိတ်ကုန်ခမ်းနေမည်။ အတိုက်အခံတွေရှိ နေသည်။ ကျော်လွှားဖြစ်မည်။ ဖြေထားသောစာမေးပွဲ၊ အင်တာဗျူး၊ ရည်မှန်းထားသော အရာ အောင်မြင်ပြီဟု မှတ်ပါ။

ဆုံးဖြတ်ရခက်သော ပြသာနာတို့ကြုံတွေ့မည်။ မရောက်ဖူးသောခရီးတို့ထွက်ဖြစ်မည်။ အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်းလဲမှု ရွှေ့ပြောင်းမှုများ ဖြစ်မည်။မိသားစု အတွင်း ကြီးသူတစ်ယောက် ကျန်းမာရေး ချုချာမည်။

အိမ်ထောင်ရေးအညံ့နည်းမည်။မိမိရဲ့ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ်သတ်၍ ချုချာတတ်သည်။ပညာရေးကံသင့်ပါတယ်။

ယတြာ မွေးနေ့နံနက်တွင် အောင်သပြေပန်းကို ဘုရားကပ်လှူပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

အချစ်ရေးမှာ တစ်ယောက်မက စွဲလန်းမှုများ ကြုံတွေ့မည်။ ခရီးယာယီများ မရည်ရွယ်ပဲထွက်ဖြစ်မည်။ ရစရာရှိသောငွေကြေးများ မရတတ်သေးပါ။ ငွေလိမ်ခံရကိန်းရှိသည်။ စက်၊ ပစ္စည်း အ၀င်အထွက်မြင်သည်။ အိမ်ထောင်ရေးမှာဘေးလူ အနှောင့်အယှက်ရှိသည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။စကားပြောဆင်ခြင်ပါ။

စကားရှုပ် တတ် သည်။ အသွားအလာဆင်ခြင်ပါ။ ရုတ်တရတ်ခိုက်မိတတ်သည်။ ပညာရေးနှင့်ပတ်သတ်၍ အောင်မြင်မှုရ မည်။ အလုပ်အကိုင် နှင့်ပတ်သတ်၍ ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စက်၊ ရွှေ အ၀င်အထွက်ရှိသည်။ မိဘသား ချင်းတို့ အတွက် စိတ်ရှုပ်ရတတ်သည်။ပြည်ပခရီးများ သွားဖြစ်မည်။

လူမှုရေးအပိုင်းမှာလည်း ပြဿနာများ ဖြစ်နေ သည်။ အရာရာ အတည်တကျမဖြစ်သလို ကြုံနေရတတ်သည်။ သူများ အရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ ကျန်းမာရေး ကတော့ အကောင်းအဆိုးကြားလွန်ဆွဲနေတယ်။ နေကောင်းနေရင် တစ်ပတ်လုံးကောင်းနေပြီး ညံ့မယ်ဆိုလဲ တစ်ပတ်လုံး တရှောင်ရှောင်ဖြစ်နေမည်။

အိမ်ထောင်ဘက်ရဲ့ဖေးမကူညီမှုတွေကိုရရှိမည်။ ပညာကတော့ အတိုင်း ထက်အလွန် ကောင်းနေမည်။ဆရာတစ်ဦးတစ်ယောက်ဆီမှာစတင်အမွေခံပညာယူလို့ကောင်းပါတယ်။

ယတြာ တန်ခိုးကြီးဘုရား၏ ရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူပါ။

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ ကြီးပွားတိုးတက်လာမည်။ သင့်အတွက် ကံကောင်းသောကာလဖြစ် သည်။ လုပ်ဆောင်မှုအားလုံး အောင်မြင်မည်။ လူချစ်လူခင်ပိုများလာမည်။ အဝေးမိတ်ဆွေ အကူအညီရမည်။ ငွေဝင်ကိန်းရှိသည်။ စုပေါင်းဝိုင်းဝန်းလုပ်ကိုင်ရတဲ့အလုပ်တွေကပိုမိုတိုးတတ်နိုင်ပါတယ်။

ရှယ်ယာအလုပ်များ သိသာထင်ရှားစွာတိုးတတ်ပါလိမ့်မယ်။ သားသမီးအတွက် စိတ်ရှုပ်ရမည်။ ငယ်ရွယ်သူအတွက် ငွေကုန်ကျများ မည်။အိမ်ထောင်ရေးရှုပ်သလိုဖြစ်ြ့ပီးမှရှင်းသွားမည်။အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရခြင်းတွေ ကြုံရမည်။လုပ် ဖော်ကိုင်ဖက်အချင်းချင်း အထင်အမြင်လွဲခံရမည်။

စကားပြောဆင်ခြင်ပါ။ကျန်းမာရေးအညံ့အဆိုးတွေလျော့ပါး သက်သာခွင့်တွေရလာ ပါလိမ့်မယ်။ နေမကောင်းသူများ ပြန်လည်ကျန်းမာလာတတ်ပါတယ်။အချစ်ရေးမှာ စိတ်ချမ်းသာရလိမ့်မည်။ချစ်သူနဲ့အနာဂတ်အတွက်တိုင်ပင်ဆွေးနွေးလို့ကောင်းတဲ့ ကာလတစ်ခုပါပဲ။

ဘာသာရေး မပျက်လုပ်သူများ ဘုရားတရားမမေ့သူများ အဆင်ပြေမှုပိုတတ်တဲ့ကာလပါပဲ။ ပညာရေးအတွက်အား ထည့် ကြိုးစားလို့အကောင်းဆုံးကာလပါပဲ။

ယတြာ နံနက်ခင်းတွင် ရေအေးဖြင့်ဘုရားရှင်အား ရေသပ္ပာယ်ပါ။

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

စီးပွားရေး လုပ်သမျှအဆင်ပြေမည်။ ရည်ရွယ်ချက်များ ပိုများလာမည်။ အဆောက်အဦးများ ဆောက်လုပ် ပြင်ဆင်ရ တတ်သည်။ကိုယ်ပိုင်အလုပ်များ ၀င်ငွေကောင်းမည်။ အလုပ်အကိုင် အကြီးအကဲ စောင့်ရှောက်မည်။ ကျန်းမာရေး ချုချာသလိုဖြစ်မည်။ဒါပေမဲ့ကုသလွယ်တဲ့ရောဂါမျိုးပဲဖြစ်လွယ်သည်။

ပညာရေးအောင်မြင်မည်။ ပညာရေးနဲ့ပက်သက်ပြီးခရီးယာယီထွက်ဖြစ်မည်။ ကိုယ်ပိုင်သို့မဟုတ် ရှယ်ယာလုပ်ငန်းအကျိုးပေးသည်။ ၀န်ထမ်း ဖြစ်သူတို့ရာထူးတက်လိမ့်မည်။အပြောတစ်ခြား အလုပ်တစ်ခြားလုပ်သူတွေနဲ့တွေ့တတ်၍ သတိထားပါ။

ခရီးဝေး ထွက်ဖြစ်မည်။ နေအိမ်တွင် အပုသည်လာမည်၊ လက်မခံရ၊ အချစ်ရေးမှာ ချစ်သူဆီက တန်ဖိုးထားစရာလက် ဆောင်ရမည်။သူများတွေရဲ့နှုတ်ကတိကို လွယ်လွယ်မယုံပါနှင့်။ငွေကြေးလာရောက်ချေးငှားပါကချင့်ချိန်ပြီးမှပေး ပါ။ လိင်မတူသူတွေရဲ့အရေးပေးဆက်ဆံခြင်းကိုခံရပါလိမ့်မယ်။

ရောင်းမစွံတဲ့ပစ္စည်းတွေ အရောင်းအဝယ် ပြန် သွက်မည်။ လှောင်ကုန်များသိသိသာသာ အမြတ်အစွန်းရနေမည်။ အိမ်ထောင်ရေး၊ မိသားစုအရေး လွန်စွာမှ အဆင်ပြေမည်။ မိသားစုနဲ့ အပျော်ဆုံးအချိန်တွေကိုဖန်တီးနိုင်မည်။

ယတြာ ကန်စွန်းရွက်ကြော်နှင့် ဘုရားရှင်အားဆွမ်းကပ်လှူပါ။

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ)( D Nae Thit )

0977 5555 695 -0944 5555 695