မက္ဆီ၊ ေရာ္နယ္ဒိုကို ေက်ာ္ျပီး ဗန္ဒိုက္ အေကာင္းဆံုးဆု မရသင့္ဘူးလို႔ ဖာဒီနန္ ေျပာဆို

2019-08-31 20:36:47


မက္ဆီ၊ ေရာ္နယ္ဒိုကို ေက်ာ္ျပီး ဗန္ဒိုက္ အေကာင္းဆံုးဆု မရသင့္ဘူးလို႔ ဖာဒီနန္ ေျပာဆို

၂၀၁၉ ခုႏွစ္ရဲ႕ ယူအီးအက္ဖ္ေအ အေကာင္းဆုံးဆုကို ဗန္ဒိုက္ အႏုိင္ရခဲ့ေပမယ့္ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္ဒိုတို႔က ကမာၻ႔အေကာင္းဆုံး ကစားသမားေတြ ျဖစ္ေနၾကဆဲျဖစ္ျပီး ဗန္ဒိုက္ ဆုရမႈက ထိုက္တန္ျခင္း မရွိဘူးလို႔ ယူႏုိက္တက္ခံစစ္မွဴးေဟာင္း ဖာဒီနန္က ေျပာဆိုလာပါတယ္။


၂၀၁၈-၂၀၁၉ ရာသီအတြင္း လီဗာပူးရဲ႕ ခံစစ္ေၾကာင္းကို ဗန္ဒိုက္ဟာ အံ့အားသင့္စရာေကာင္းေအာင္ကို အေကာင္းဆုံး ထိန္းေက်ာင္းေပးခဲ့တာပါ။ မာေဆးဆိုဒ္ ကလပ္ဟာ ပရီးမီးယားလိဂ္မွာ တစ္မွတ္ထဲနဲ႔ စီးတီးေနာက္ ဒုတိယေနရာက ရပ္တည္ႏုိင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ ေတာ့တင္ဟမ္ကို အႏိုင္ယူၿပီး ၂၀၀၅ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဥေရာပဖလားကို ရယူႏိုင္ခဲ့ပါတယ္။


နယ္သာလန္သားဟာ ကမာၻ႔အေကာင္းဆုံး ကစားသမား ႏွစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီး ယူအီးအက္ဖ္ေအ အ​ေကာင္းဆုံးဆုကို ရရွိခဲ့ကာ ဒီဇင္ဘာလရဲ႕ ဘလြန္းဒီေအာ ဆုအတြက္လဲ ေသခ်ာသေလာက္ ရွိေနပါတယ္။ ဒါေပမယ့္ ဗဟိုခံစစ္မႉးေဟာင္း ဖာဒီနန္ကေတာ့ ဗန္ဒိုက္ဟာ အေကာင္းဆံုးဆုအတြက္ မထိုက္တန္ဘူးလို႔ ထင္ေနတာပါ။


” ဗန္ဒိုက္ဟာ ကမာၻေပၚမွာ အေကာင္းဆုံး ေနာက္ခံလူ တစ္ေယာက္ ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ ဒါေပမယ့္ မက္ဆီလို တစ္ရာသီ ဂိုး ၅၀ သြင္းတာတို႔၊ ဒါမွမဟုတ္ ေရာ္နယ္ဒိုလို တစ္ရာသီ အတြင္း ဖလားသုံးလုံး ရတာာေတြ၊ လိဂ္အသစ္မွာ အစြမ္းျပတာေတြ၊ ႏိုင္ငံအသင္းအတြက္ အကူအညီေပးတာေတြကို ေက်ာ္သြားလို႔မရဘူး။


လူေတြက ေျပာတယ္။ ‘ဟာ ဒီႏွစ္ေယာက္ပဲ ဆုေတြရေနတာ ပ်င္းစရာေကာင္းလာၿပီ’ေပါ့။ ဒါေပမယ့္ သူတို႔ဟာ ၁၂ႏွစ္၊ ၁၅ႏွစ္ေလာက္ က်ေနာ္တို႔ မျမင္ဖူးတဲ့ အခ်က္အလက္ ေတြကို လုပ္ျပခဲ့တာပါ။ က်ေနာ္က ဗဟိုခံစစ္ တစ္ေယာက္ ျဖစ္ၿပီး ဗန္ဒိုက္ ဆုရလို႔ ဝမ္းသာတယ္။ သူက ထိုက္တန္တဲ့သူပါ။ ဒါေပမယ့္ ဂိုး၅၀ သြင္းႏိုင္တဲ့သူေတြ ရွိေနရက္နဲ႔ေတာ့ ဒါက မျဖစ္သင့္ပါဘူး။ ” လို႔ ေျပာဆိုခဲ့ပါတယ္။


ခံစစ္ဟာ အေရးပါတဲ့ေနရာမွာ ပါဝင္ေပမယ့္ အပတ္တိုင္း ပရိသတ္ေတြ ေစာင့္ၾကည့္ခ်င္ေနၾကတာက ခံစစ္ဘယ္ေလာက္ထိ ေကာင္းမြန္တယ္ဆိုတာ မဟုတ္ပဲ ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ တိုက္စစ္ပိုင္း သြင္းဂိုးေတြလို႔လဲ ဖာဒီနန္က ေျပာခဲ့ပါေသးတယ္။


“က်ေနာ္ဆိုရင္ ခက္ခက္ခဲခဲ ရထားတဲ့ ေငြေတြနဲ႔ ခံစစ္တစ္ေယာက္ကို ၾကည့္ဖို႔ လာမွာမဟုတ္ဘူး။ က်ေနာ္က ေဖ်ာ္ေျဖမႈေပးတာကို လိုခ်င္တယ္။ ထိုင္ခုံကေန ထၿပီးေတာ့ ‘အိုးမိုင္ေဂါ့၊ မိုက္လိုက္တဲ့ ဂိုးကြာ’ ဆိုၿပီးေတာ့ ေအာ္ဟစ္အားေပးခ်င္တာပါ။ ပြဲတစ္ပြဲမွာ အခက္ခဲဆုံး အလုပ္က ဂိုးသြင္းတာပဲ။ ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။


Sports Home Time




[Unicode] ၂၀၁၉ ခုနှစ်ရဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံးဆုကို ဗန်ဒိုက် အနိုင်ရခဲ့ပေမယ့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်နေကြဆဲဖြစ်ပြီး ဗန်ဒိုက် ဆုရမှုက ထိုက်တန်ခြင်း မရှိဘူးလို့ ယူနိုက်တက်ခံစစ်မှူးဟောင်း ဖာဒီနန်က ပြောဆိုလာပါတယ်။


၂၀၁၈-၂၀၁၉ ရာသီအတွင်း လီဗာပူးရဲ့ ခံစစ်ကြောင်းကို ဗန်ဒိုက်ဟာ အံ့အားသင့်စရာကောင်းအောင်ကို အကောင်းဆုံး ထိန်းကျောင်းပေးခဲ့တာပါ။ မာဆေးဆိုဒ် ကလပ်ဟာ ပရီးမီးယားလိဂ်မှာ တစ်မှတ်ထဲနဲ့ စီးတီးနောက် ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ တော့တင်ဟမ်ကို အနိုင်ယူပြီး ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဖလားကို ရယူနိုင်ခဲ့ပါတယ်။


နယ်သာလန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ယောက်ကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေ အကောင်းဆုံးဆုကို ရရှိခဲ့ကာ ဒီဇင်ဘာလရဲ့ ဘလွန်းဒီအော ဆုအတွက်လဲ သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် ဗဟိုခံစစ်မှူးဟောင်း ဖာဒီနန်ကတော့ ဗန်ဒိုက်ဟာ အကောင်းဆုံးဆုအတွက် မထိုက်တန်ဘူးလို့ ထင်နေတာပါ။


” ဗန်ဒိုက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူ တစ်ယောက် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် မက်ဆီလို တစ်ရာသီ ဂိုး ၅၀ သွင်းတာတို့၊ ဒါမှမဟုတ် ရော်နယ်ဒိုလို တစ်ရာသီ အတွင်း ဖလားသုံးလုံး ရတာာတွေ၊ လိဂ်အသစ်မှာ အစွမ်းပြတာတွေ၊ နိုင်ငံအသင်းအတွက် အကူအညီပေးတာတွေကို ကျော်သွားလို့မရဘူး။


လူတွေက ပြောတယ်။ ‘ဟာ ဒီနှစ်ယောက်ပဲ ဆုတွေရနေတာ ပျင်းစရာကောင်းလာပြီ’ပေါ့။ ဒါပေမယ့် သူတို့ဟာ ၁၂နှစ်၊ ၁၅နှစ်လောက် ကျနော်တို့ မမြင်ဖူးတဲ့ အချက်အလက် တွေကို လုပ်ပြခဲ့တာပါ။ ကျနော်က ဗဟိုခံစစ် တစ်ယောက် ဖြစ်ပြီး ဗန်ဒိုက် ဆုရလို့ ဝမ်းသာတယ်။ သူက ထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ဂိုး၅၀ သွင်းနိုင်တဲ့သူတွေ ရှိနေရက်နဲ့တော့ ဒါက မဖြစ်သင့်ပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။


ခံစစ်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပေမယ့် အပတ်တိုင်း ပရိသတ်တွေ စောင့်ကြည့်ချင်နေကြတာက ခံစစ်ဘယ်လောက်ထိ ကောင်းမွန်တယ်ဆိုတာ မဟုတ်ပဲ ဖျော်ဖြေမှုပေးနိုင်တဲ့ တိုက်စစ်ပိုင်း သွင်းဂိုးတွေလို့လဲ ဖာဒီနန်က ပြောခဲ့ပါသေးတယ်။


“ကျနော်ဆိုရင် ခက်ခက်ခဲခဲ ရထားတဲ့ ငွေတွေနဲ့ ခံစစ်တစ်ယောက်ကို ကြည့်ဖို့ လာမှာမဟုတ်ဘူး။ ကျနော်က ဖျော်ဖြေမှုပေးတာကို လိုချင်တယ်။ ထိုင်ခုံကနေ ထပြီးတော့ ‘အိုးမိုင်ဂေါ့၊ မိုက်လိုက်တဲ့ ဂိုးကွာ’ ဆိုပြီးတော့ အော်ဟစ်အားပေးချင်တာပါ။ ပွဲတစ်ပွဲမှာ အခက်ခဲဆုံး အလုပ်က ဂိုးသွင်းတာပဲ။ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


Sports Home Time