နွားအကောင်၄၀နဲ့ အခြားတိရစ္ဆာန်ပေါင်းများစွာကိုပါ သေစေခဲ့တဲ့ အဆိပ်

2019-09-09 14:51:26


နွားအကောင်၄၀နဲ့ အခြားတိရစ္ဆာန်ပေါင်းများစွာကိုပါ သေစေခဲ့တဲ့ အဆိပ်

ဒီသနားစရာသတ္တဝါလေးတွေရဲ့ဖြစ်ရပ်ဆိုးကတော့ Johor, Kulai Jaya ကစိုက်ပျိုးခင်းတစ်ခုမှာ ဖြစ်ပွားခဲ့ကြောင်း Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ မူရင်းမျှဝေခဲ့သူတွေကတော့ မလေးရှားတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ကဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့ကတင်ခဲ့တာပါ။


စိုက်ပျိုးခင်းထဲမှာ ကြွက်တွေမလာနိုင်အောင် မြေပိုင်ရှင်က မြေပေါ်မှာ ကြွက်သတ်ဆေးတွေချထားခဲ့တာ ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ခုဆို ကြွက်တွေတင်သေဆုံးတာမဟုတ်ဘဲ နွားအကောင် ၄၀ နဲ့အခြားဇီးကွက်နဲ့ တိရစ္ဆာန်တွေရဲ့ သေဆုံးနေမှုကိုပါ ကြောက်စရာမြင်တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။




တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ကလည်း နွားပိုင်ရှင်ကိုခေါ်ဆောင်ကာ နွားတွေကို ဒီလိုလွှတ်ထားခြင်းဟာ ယခုခေတ်အခြေအနေနဲ့ဆို အဆင်မပြေကြောင်း၊ လူသွားယာဉ်တွေကြောင့် နွားတွေသာမက လူတွေပါ အန္တာရာယ်ရှိနိုင်ကြောင်း စသည်ဖြင့် ပြောဆိုဆုံးမခဲ့ကြောင်း Worldofbuzz သတင်းမှာ ထပ်မံဖော်ပြထားခဲ့ပါတယ်။


တစ်ချို့သောလူတွေကတော့ သူတို့ရဲ့အတွေးတွေကို မျှဝေထားပါသေးတယ်။ ပထမတစ်ယောက်ကတော့ နည်းပညာတွေတိုးတက်လာတာကတော့ တကယ်ကို ဂုဏ်ယူစရာပါ။ ဒီလိုအဆိပ်ထုတ်လုပ်ခြင်းက တိရစ္ဆာန်အချို့ကို လျော့ချတာကောင်းနိုင်ပေမယ့် ဇီးကွက်လို ဘာအန္တာရာယ်မှမပေးတဲ့ သတ္တဝါတွေအတွက် အဆင်မပြေနိုင်ကြောင်း၊ ဇီးကွက်တွေဟာ ကြွက်တွေကို စားတဲ့သတ္တဝါဖြစ်တာကြောင့် ခုလိုသေသွားတဲ့မြင်ကွင်းဟာ တကယ်ဝမ်းနည်းစရာကောင်းကြောင်း စသည်ဖြင့် ပြောထားတာကို Wordlofbuzz သတင်းမှာ ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။




ApannPyay ပရိတ်သတ်ကြီးအနေနဲ့ ဒီလိုလုပ်ရပ်တွေကို ဘယ်လိုမြင်လည်း၊ အခြားနည်းလမ်းလေးတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦးနော်။


San Htet Wai-ApannPyay