ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ဆီမီးဖိုင္နယ္ တက္ေရာက္

2019-09-14 09:54:39


ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ဆီမီးဖိုင္နယ္ တက္ေရာက္

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၿပိဳင္ဘက္ အိႏၵိယကစားသမား ဆာမီရာအား ၂ ပြဲ ၁ ပြဲနဲ႔ အႏိုင္ရရွိၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားပါတယ္။


သက္ထားသူဇာဟာ အိႏၵိယကစားသမားအား ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ကစားခဲ့ရတာ ျဖစ္ၿပီး ၂၁-၁၃၊ ၁၃-၂၁၊ ၂၁-၁၆ မွတ္ ၂ ပြဲ ၁ ပြဲနဲ႔ အႏိုင္ရရွိခဲ့တာပါ။


ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၁၆ ေယာက္အဆင့္မွာ ထိုင္းၾကက္ေတာင္မယ္ ဆာရာပြန္းကို ၂၁:၁၀ ၊ ၂၁:၁၄ မွတ္နဲ႔ ၂ ပြဲျပတ္ အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။




သက္ထားသူဇာဟာ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ အင္ဒိုနီးရွားကစားသမား ဘာတာရီနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီေန႔ မြန္းလြဲ ၁ နာရီ စတင္ကစားမွာပါ။


ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၅ ရက္ထိ လမ္းမေတာ္ၿမိဳ႕နယ္ရွိ အမ်ိဳးသားၾကက္ေတာင္ကြင္းမွာ ဆက္လက္က်င္းပမွာျဖစ္ၿပီး ႏိုင္ငံ ၁၂ ႏိုင္ငံက ၾကက္ေတာင္ကစားသမားေပါင္း ၁၃၉ ဦး၊ ျမန္မာႏိုင္ငံက ကစားသမားေပါင္း ၁၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ကစားေနပါတယ္။


Credit: DVB TV News




Unicode


မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ပြိုင်ဘက် အိန္ဒိယကစားသမား ဆာမီရာအား ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။


သက်ထားသူဇာဟာ အိန္ဒိယကစားသမားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပြီး ၂၁-၁၃၊ ၁၃-၂၁၊ ၂၁-၁၆ မှတ် ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့တာပါ။




မြန်မာကြက်တောင်မယ် သက်ထားသူဇာက ၁၆ ယောက်အဆင့်မှာ ထိုင်းကြက်တောင်မယ် ဆာရာပွန်းကို ၂၁:၁၀ ၊ ၂၁:၁၄ မှတ်နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာပါ။


သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အင်ဒိုနီးရှားကစားသမား ဘာတာရီနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနေ့ မွန်းလွဲ ၁ နာရီ စတင်ကစားမှာပါ။


နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်ထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်ကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး နိုင်ငံ ၁၂ နိုင်ငံက ကြက်တောင်ကစားသမားပေါင်း ၁၃၉ ဦး၊ မြန်မာနိုင်ငံက ကစားသမားပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားနေပါတယ်။


Credit: DVB TV News