သင်အသက် ၅၀ ကျော်ရင်တောင် သင့်ရဲ့အသားအရေကို နုပျိုနေစေဖို့ နည်းလမ်း (၃) ချက်

2019-09-16 13:57:55


သင်အသက် ၅၀ ကျော်ရင်တောင် သင့်ရဲ့အသားအရေကို နုပျိုနေစေဖို့ နည်းလမ်း (၃) ချက်

ယနေ့ခေတ်ကာလကြီးမှာ သူသူကိုယ်ကိုယ် အသားအရေလှချင်နေကြတာချည်းပါပဲ။ အသက်ကလေးရယ်ရလာပြီဆိုရင်တော့ ရှောင်လွှဲလို့မရတဲ့ အသားအရေတွန့်ခြင်း၊ ပါးရေနားရေတွန့်ခြင်း နဲ့ဆံပင်ဖြူတာတွေကို အများစုက မလိုလားပါဘူး။ ဒါ့ကြောင့် ကာကွယ်မှုတွေလုပ်ဖို့ Skin care ပြုလုပ်ခြင်းတွေက ခေတ်စားနေတာပါ။ Skin care ထုတ်ကုန်တိုင်းက တစ်ခဏတာအဆင်ပြေနိုင်ဖို့ အမြဲမပြတ် ဂရုစိုက်လိမ်းကျံခြယ်သနေရသလို သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကလည်း အင်မတန်မှ အရေးပါအရာရောက်ကြောင်း Organicwelcome သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားခဲ့တာကို APANNPYAY ပရိတ်သတ်အချောအလှလေးတွေအတွက် ဘာသာပြန်ပြီး မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။


ဒီနည်းလမ်းတွေကတော့ ဂျပန်တွေရဲ့ယုံကြည်မှုရိုးရာနည်းလမ်းတွေဖြစ်ပြီး သင်အသက် ၅၀ ရောက်ရင်တောင် သင့်ရဲ့အသားအရေကို လှပအောင်ထိန်းသိမ်းပေးနိုင်ပြီး ငယ်ရွယ်နုပျိုစေမှာ အမှန်ပဲဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ်။


၁။ Green Tea ကို တစ်နေ့တစ်ကြိမ်သောက်သုံးပေးပါ။




ပြောပြထားပုံအရ Green Tea ဟာကင်ဆာတွေကို ကာကွယ်ပေးရုံသာမက သင့်အသားအရေအမြဲတမ်း စိုပြေဝင်းလက်တောက်ပနေစေနိုင်ပါတယ်။ အသားအရေ တင်းရင်းစိုပြေစေတာကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေကို ပျောက်ကွယ်စေနိုင်ပါတယ်။ တစ်နေ့တစ်ခွက်သောက်သုံးပေးနိုင်ရင်ပိုကောင်းမွန်ပြီး သင့်ဆီကအဆီပိုတွေကို လျှော့ချပေးရုံသာမက ငယ်ရွယ်နုပျိုမှုကို ဆောင်ကြဉ်းပေးလာမှာပါ။


၂။ ပင်လယ်ရေညှိကိုစားသုံးပေးပါ။




ဒီပင်လယ်ရေညှိကတော့ ဂျပန်မှာနာမည်ကြီးတဲ့ ဝိတ်ချနေရင်း စားသုံးဖို့အသင့်တော်ဆုံးနည်းလမ်းလေးဆိုလည်း မမှားပါဘူး။ ဂျပန်မှာတော့ ဒီရေညှိနဲ့ပတ်သက်လို့ ကောင်းကျိုးသတင်းကလည်းမွှေးကြိုင်နေပြီးသားပါ။ သူကဝိတ်ချဖို့စားရုံသာမက အသားအရေကိုလည်းစောင့်ရှောက်ထိန်းသိမ်းပေးနိုင်ပါတယ်။ သူ့မှာ ဗိုက်တာမင်ဓါတ်ကြွယ်ဝပြီး ကယ်လ်ဆီယမ်၊ မက်ဂ်နီဆီယမ်၊ ဗိုက်တာမင်ကေ၊ အိုင်ရင်းတို့လည်းပါဝင်နေပါတယ်။ ထိုပါဝင်မှုတွေက ဝိတ်ချရင်အသုံးဝင်ရုံသာမက နေလောင်ဒဏ်ကို ကာကွယ်ဖို့ အသားအရေကို အများကြီးကူညီပေးပါသေးတယ်။ အသားအရေခြောက်ကပ်ခြင်း၊ တွန့်ချိတ်ခြင်း၊ နေလောင်ခြင်းတွေကို ပြန်လည်ကုစားဖို့ ထိုပင်လယ်ရေညှိလေးကို စားသုံးဖို့ တိုက်တွန်းထားပါသေးတယ်။


၃။ နူးညံတဲ့သစ်ဥသစ်ဖုတွေကို အသုံးပြုပေးပါ။




ဒီနည်းလေးကတော့ လူတိုင်း၊ နိုင်ငံတိုင်းရင်းနှီးပြီးသားလေးပါ။ သခွားသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ ရှားစောင်းလက်ပက်၊ ရှောက်သီး စတာတွေကတော့ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းလမ်းလေးတွေပါပဲနော်။ ကိုယ်နဲ့သင့်တော်ပြီး ဓါတ်တည့်တဲ့ အသီးကိုရွေးချယ်အသုံးပြုပေးရုံနဲ့ ပါးရေနားရေ တွန့်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဘယ်လောက်ပဲ Skin care တွေက သဘာဝဆန်တယ်ပဲပြောပြော Chemical ကတော့ အနည်းနဲ့အများပါဝင်နေတာပါပဲ။ ဒါ့ကြောင့် မပျင်းမရိဘဲ သဘာဝအသီးလေးတွေကို ညအိပ်ယာဝင်ခါနီး လိမ်းကျံပေးဖို့ အကြံပေးထားတာကို ApannPyay ရဲ့အလှကြိုက်ပရိတ်သတ်တွေအတွက် ရေးသားတင်ပြပေးလိုက်ပါတယ်နော်။


San Htet Wai-ApannPyay(အပန်းပြေ)