အမှတ်တမဲ့ စူပါဂလူးကပ်သွားမိရင် ဘယ်လိုပြန်ခွာရမလဲ ဖြေရှင်းနည်း

2019-09-16 15:44:46


အမှတ်တမဲ့ စူပါဂလူးကပ်သွားမိရင် ဘယ်လိုပြန်ခွာရမလဲ ဖြေရှင်းနည်း

စူပါကလူးအကြောင်းကိုတော့ APANNPYAY ပရိသတ်တွေ သိကြမှာပါ။ လက်မှာ မတော်လို့များကပ်သွားရင် ခွာရအခက်၊ ပူစပ်ပူလောင်နဲ့ အသားတွပါ ပဲ့ပါတတ်လို့ ဂရုစိုက်မှ တော်ကာကျတဲ့ အရာပါ။


အခုတစ်ခေါက်ပရိသတ်တွေကို ပြောပြမယ့် နည်းလမ်းလေးက စူပါကလူးလက်မှာ ကပ်သွားရင် ဘယ်လိုဖြေရှင်းမလဲဆိုတာပါ။ ဒီနည်းကို လက်တွေ့စမ်းသပ်ထားပြီး၊ ဗီဒီယိုနဲ့ပါ သရုပ်ပြထားလို့ ပရိသတ်တွေ မှန်မှန်ကို စမ်းသပ်ကြည့်လို့ရပါတယ်။ အရင်ဆုံး စူပါကလူး၊ ဆား၊ ရေ အနည်းငယ်လိုပြီး၊ အကုန်လုံးကို အသင့်အနေအထားနဲ့ရှိထားပါ။




လက်မှာ စူပါကလူးကို ကပ်လိုက်ပြီး၊ လက်ချောင်းနှစ်ခုပူးသွားသလို ကပ်လိုက်ပါ။ ပြန်ခွာလို့ မရတော့ရင် ဆားကို အပေါ်ကနေ ကပ်နေတဲ့ နေရာနှစ်ခုကြားတည့်တည့်ကို ထည့်လိုက်ပြီး၊ ဆားလေးတွေကို လက်မှာကပ်နေအောင်ထည့်လိုက်ပါ။ ပြီးရင်တော့ ရေထဲကို ဆားပုံထားတဲ့လက်နဲ့ နှစ်လိုက်ပြီး၊ စူပါကလူးကိုကွာအောင် ချေသလိုလုပ်ပါ။




ချေလိုက်တဲ့အချိန်မှာ စူပါကလူးက ဆား၊ ရေ နဲ့ ဓာတ်ပြုပြီး အဖတ်တောင့်သွားသလိုဖြစ်တဲ့ အနေအထားနဲ့ လက်ကိုမနာမကျင်ဘဲ အကုန်ကွာကျစေမှာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။ စူပါကလူး cyanoacrylate glue ဟာ ဆားနဲ့တွေ့တဲ့အခါမှာ စိုစွတ်တဲ့ မျက်နှာပြင်ရှိနေရင် ဆားကအကုန်လုံးကိုစုပ်ယူလိုက်တဲ့အတွက်ကြောင့်ပါပဲ။


ဒါကြောင့် ရေစိမ်လိုက်တာပါ။ ရေစိမ်လိုက်ချိန်မှာ စိုသွားတဲ့ စူပါကလူးကို ဆားကစုပ်ချိန် လက်က အလိုက်သင့်ချေလိုက်ရုံပါပဲ။ apannpyay ပရိသတ်တွေအတွက် နည်းလမ်းကောင်းလေးဖြစ်တဲ့အတွက် အားလုံးကို မျှဝေပေးလိုက်တာ အကောင်းဆုံးပါပဲ။


သူရေး (APANNPYAY)