“ျမျမ” ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္မယ့္ အဓိက မင္းသားကို တရားဝင္ေၾကာ္ျငာလိုက္ၿပီ

2019-09-17 00:02:16


“ျမျမ” ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္မယ့္ အဓိက မင္းသားကို တရားဝင္ေၾကာ္ျငာလိုက္ၿပီ

လူမႈကြန္ရက္မွာ အရမ္းကိုနာမည္ၾကီးခဲ့တဲ့ ျမျမ ဝင္ပူးတဲ့ ျဖစ္စဥ္ကို အားလံုး ေကာင္းစြာ မွတ္မိၾကဦးမွာပါ ။ အဲ့ဒီအခ်ိန္မွာ ျမျမ ဝင္ပူးတာေၾကာင့္ လူစိတ္ဝင္စားမႈ အမ်ားဆံုးျဖစ္ခဲ့သလို ရဲတပ္ဖြဲ႕ဝင္ေတြလည္း အေတာ္ေလး အလုပ္ရႈပ္ေစခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးေတာ့ သူ႕ကိုျမွပ္ထားပါတယ္ဆိုတဲ့ေနရာမွာလည္း ဘာမွ မေတြ႕ပဲ ျမျမ လည္း ေနာက္တစ္ခါ ဝင္မပူးေတာ့တာပါပဲ။




ဒီအျဖစ္အပ်က္ေလးကိုေတာ့ ေဆးစက္က်ရာ တီေကာင္ျဖစ္ေအာင္ ခံစားတတ္တဲ့ အနုပညာရွင္တစ္ဦးျဖစ္တဲံ ဒါရိုက္တာ ညိဳမင္းလြင္က ဇာတ္ညြွန္းပံုေဖာ္ ရိုက္ကူးမယ္လို႔ ေၾကျငာခဲ့ပါတယ္။ အခုေတာ့ အဲ့ဒီ ေျပာစကားကို တကယ္ပဲ အေကာင္အထည္ ေဖာ္ဖို႔ၾကိဳးစားေနတာေတြ႕ရပါတယ္။ အခုတေလာ ဆက္တိုက္ဆိုသလို ျမျမ ရုပ္ရွင္ဇာတ္ကားအတြက္သရုပ္ေဆာင္ အသစ္ေတြ ေရြးခ်ယ္သလို ၊ မုဒိန္းေကာင္ ဇာတ္ရုပ္ကို ေရြးခ်ယ္တဲ့ေနရာမွာလည္း အေတာ္ေလး ေဝဖန္ခံရမႈေတြရွိေနပါတယ္။




ဒီဇာတ္ကားမွာေတာ့ ျမျမ အျဖစ္ ဝါရင့္ သရုပ္ေဆာင္ သဥၨာဝင့္ေက်ာ္ကို အသံုးျပဳ သြားမွာ ျဖစ္ျပီးေတာ့ ၊ မင္း သားနွစ္လက္ အသံုးျပဳမယ့္ အထဲမွာေတာ့ ဒီဒီးကို ေရြးခ်ယ္ထားခဲ့ျပီး ပထမ မင္းသား အဓိက မင္းသားကိုပေဟဠိ လုပ္ခဲ့တာ ။ အခုေတာ့ ေၾကျငာလိုက္ပါျပီ။အဓိက မင္းသား ကိုေတာ့ Myanmar Idol Season 3 က winner ျဖိဳးျမတ္ေအာင္ ကို ေရြးခ်ယ္လိုက္တယ္လို႔ ျမျမ စာမ်က္နွာက တရားဝင္ေၾကျငာာလိုက္တာေၾကာင့္ သိရပါျပီ။ မုဒိန္းေကာင္ အျဖစ္ သရုပ္ေဆာင္မယ့္ သံုးဦးကိုလည္းေရြးခ်ယ္ထားျပီးျပီလို႔ သိရပါတယ္။ ဒါဆိုရင္ ျမျမ ဇာတ္ကားအတြက္ သရုပ္ေဆာင္မယ့္သူေတြကို လည္ျပန္ၾကည့္လိုက္တဲ့ အခါမွာ ဝါရင့္ သရုပ္ေဆာင္ သဥၨာဝင့္ေက်ာ္ကိုသာ သံုးထားျပီးေတာ့ က်န္တာ အားလံုးက အနုပညာေလာကထဲက မ်က္နွာသစ္ေတြပဲ ျဖစ္တာကိုေတြ႕ရပါတယ္။




ဒါေၾကာင့္ ျမျမ ဇာတ္ကားဟာ ပရိသတ္ေတြ လက္ခံတဲ့ ဇာတ္ကား တစ္ကား ဟုတ္မဟုတ္ဆုိတာေတာ့ ေငြေရာင္ပိတ္ကားေပၚမွာပဲ ဆက္လက္ ေစာင့္ၾကည့္ၾကပါစို႔ေနာ္..။Credit- SMT(Shwe Yaung Lan)


Unicode

လူမှုကွန်ရက်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ မြမြ ဝင်ပူးတဲ့ ဖြစ်စဉ်ကို အားလုံး ကောင်းစွာ မှတ်မိကြဦးမှာပါ ။ အဲ့ဒီအချိန်မှာ မြမြ ဝင်ပူးတာကြောင့် လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေလည်း အတော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူ့ကိုမြှပ်ထားပါတယ်ဆိုတဲ့နေရာမှာလည်း ဘာမှ မတွေ့ပဲ မြမြ လည်း နောက်တစ်ခါ ဝင်မပူးတော့တာပါပဲ။


ဒီအဖြစ်အပျက်လေးကိုတော့ ဆေးစက်ကျရာ တီကောင်ဖြစ်အောင် ခံစားတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲံ ဒါရိုက်တာ ညိုမင်းလွင်က ဇာတ်ညွှန်းပုံဖော် ရိုက်ကူးမယ်လို့ ကြေငြာခဲ့ပါတယ်။ အခုတော့ အဲ့ဒီ ပြောစကားကို တကယ်ပဲ အကောင်အထည် ဖော်ဖို့ကြိုးစားနေတာတွေ့ရပါတယ်။ အခုတလော ဆက်တိုက်ဆိုသလို မြမြ ရုပ်ရှင်ဇာတ်ကားအတွက်သရုပ်ဆောင် အသစ်တွေ ရွေးချယ်သလို ၊ မုဒိန်းကောင် ဇာတ်ရုပ်ကို ရွေးချယ်တဲ့နေရာမှာလည်း အတော်လေး ဝေဖန်ခံရမှုတွေရှိနေပါတယ်။


ဒီဇာတ်ကားမှာတော့ မြမြ အဖြစ် ဝါရင့် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို အသုံးပြု သွားမှာ ဖြစ်ပြီးတော့ ၊ မင်း သားနှစ်လက် အသုံးပြုမယ့် အထဲမှာတော့ ဒီဒီးကို ရွေးချယ်ထားခဲ့ပြီး ပထမ မင်းသား အဓိက မင်းသားကိုပဟေဠိ လုပ်ခဲ့တာ ။ အခုတော့ ကြေငြာလိုက်ပါပြီ။အဓိက မင်းသား ကိုတော့ Myanmar Idol Season 3 က winner ဖြိုးမြတ်အောင် ကို ရွေးချယ်လိုက်တယ်လို့ မြမြ စာမျက်နှာက တရားဝင်ကြေငြာာလိုက်တာကြောင့် သိရပါပြီ။ မုဒိန်းကောင် အဖြစ် သရုပ်ဆောင်မယ့် သုံးဦးကိုလည်းရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။ ဒါဆိုရင် မြမြ ဇာတ်ကားအတွက် သရုပ်ဆောင်မယ့်သူတွေကို လည်ပြန်ကြည့်လိုက်တဲ့ အခါမှာ ဝါရင့် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကိုသာ သုံးထားပြီးတော့ ကျန်တာ အားလုံးက အနုပညာလောကထဲက မျက်နှာသစ်တွေပဲ ဖြစ်တာကိုတွေ့ရပါတယ်။ဒါကြောင့် မြမြ ဇာတ်ကားဟာ ပရိသတ်တွေ လက်ခံတဲ့ ဇာတ်ကား တစ်ကား ဟုတ်မဟုတ်ဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာပဲ ဆက်လက် စောင့်ကြည့်ကြပါစို့နော်..။Credit- SMT(Shwe Yaung Lan)