ဆုရတဲ့ပိုက်ဆံနဲ့ မေမေ့ကိုတိုက်ဆောက်ပေးမယ်ဆိုတဲ့ အသက် ၅ နှစ်အရွယ် သိုင်းပြောင်းပြန်သမားလေး ဘုန်းမြတ်မင်းနဲ့ အင်တာဗျူး

2019-09-17 00:10:25


ဆုရတဲ့ပိုက်ဆံနဲ့ မေမေ့ကိုတိုက်ဆောက်ပေးမယ်ဆိုတဲ့ အသက် ၅ နှစ်အရွယ် သိုင်းပြောင်းပြန်သမားလေး ဘုန်းမြတ်မင်းနဲ့ အင်တာဗျူး

ပရိသတ်ကြီးခင်ဗျာ… ခုဆိုရင် Myanmar’s Got Talent 2019 ရဲ့ နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲကြီးကို ကျင်းပပြီးစီးသွားပြီပဲ ဖြစ်ပါတယ်…. ယခုအကြိမ်နဲ့ ဆိုရင် Myanmar’s Got Talent ကိုကျင်းပလာတာ ၆ ကြိမ်တိတိရှိသွားပြီ ဖြစ်ပါတယ်….ဒီ ၆ ကြိမ်မှာတော့ Myanmar’s Got Talent ပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံ တစ်ဦးပေါ်ထွက်လာပြီပဲ ဖြစ်ပါတယ်…သူကတော့ အသက် ၅ နှစ်သာ ရှိသေးတဲ့ သိုင်းပြောင်းပြန်သမားလေး ဘုန်းမြတ်မင်းပဲ ဖြစ်ပါတယ်…. အသက်ငယ်ပေမဲ့ ပြသသွားတဲ့ သိုင်းစွမ်းရည်တွေကတော့ အရွယ်နဲ့ မလိုက်အောင် ထူးချွန်လှတာပါ….