ကေလးတရားခံ (၃)ဦးအပါအဝင္ တရားခံ (၁၃၄)ဦးကို ေခါင္းျဖတ္ကြပ္မ်က္ခဲ့တဲ့ ေဆာ္ဒီ

2019-09-17 12:05:58


ကေလးတရားခံ (၃)ဦးအပါအဝင္ တရားခံ (၁၃၄)ဦးကို ေခါင္းျဖတ္ကြပ္မ်က္ခဲ့တဲ့ ေဆာ္ဒီ

ဥပေဒပုိင္းမွာ ျပင္းထန္တင္းက်ပ္တဲ့ ရာဇဝတ္ပုဒ္မေတြကို ေျဖေလွ်ာ့ျခင္းမရွိေသးတဲ့ ေဆာ္ဒီအာေရျဗမွာ ယခုႏွစ္အတြင္ကေလးတရားခံ (၃)ဦးနဲ႔ စုစုေပါင္း တရားခံ (၁၃၄)ဦးကို ေခါင္းျဖတ္ကြပ္မ်က္ခဲေၾကာင္း သိရပါတယ္။ ဒါဟာ လူ႕အခြင့္အေရးအဖြဲ႕ေတြအတြက္ အေတာ္တုန္လႈပ္စရာ သတင္းပါ။


ဒီသတင္းကို Mirror က ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္တင္ဆက္လုိက္ပါတယ္။ ေဆာ္ဒီႏုိင္ငံရဲ႕လုပ္ရပ္ေၾကာင့္ လာမယ့္ႏွစ္ အဲဒီႏုိင္ငံမွက်င္းပမယ့္ G20 အစည္းအေဝးကို က်င္းပခြင့္မျပဳဖုိ႔ ႏုိင္ငံအသီးသီးက ေခါင္းေဆာင္ေတြကို ဖိအားေပး တုိက္တြန္းမႈေတြ ရွိေနပါတယ္။



ေသဒဏ္ေပးခံခဲ့ရသည့္ Mutjaba al-Sweikat

ေဆာ္ဒီမွာ ဒီလုိ လက္လြတ္စပယ္ ရက္ရက္စက္စက္ ကြပ္မ်က္မႈေတြကို လူ႕အခြင့္ေရးသမားေတြက ႏွစ္ေပါင္းမ်ားစြာ ကန္႔ကြက္ခဲ့ေပမယ့္၊ ယခုႏွစ္မွာေတာ့ ကြပ္မ်က္တဲ့အေရအတြက္ ပုိတုိးလာခဲ့တာ ျဖစ္ပါတယ္။ သူတုိ႔ သတ္ျဖတ္တဲ့ပုံစံေတြထဲမွာ ကားစင္တင္ၿပီး သတ္ျဖတ္တာက အဆုိးဆုံးလုိ႔ သိရပါတယ္။



(၁၆)ႏွစ္အရြယ္က ျပဳလုပ္ခဲ့တဲ့ ျပစ္မႈအတြက္ ေသဒဏ္က်ခံခဲ့ရသည့္ Abdulkareem al-Hawaj

ယခုႏွစ္ ကြပ္မ်က္ခံရသူေတြထဲမွာ ကေလး(၃)ဦးအထိ ပါဝင္ခဲ့ၿပီး၊ အသက္မျပည့္ေသးတဲ့ ဆယ္ေက်ာ္သက္(၆)ဦးပါဝင္ခဲ့ျခင္းက ေဆာ္ဒီရဲ႕ ျပင္းထန္လြန္းတဲ့ ဥပေဒေတြကုိ ျမင္သာေစမွာ ျဖစ္ပါတယ္။ နန္းေတာ္က ႏုိင္ငံတကာမွာ မ်က္ႏွာရဖုိ႔ ကြပ္မ်က္မႈကို ေလွ်ာ့ခ်မယ္ဆုိေသာ္လည္း လက္ရွိအခ်ိန္ထိ စိတ္လြတ္လက္လႊတ္ ျပဳမူေနဆဲပါ။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ဥပဒေပိုင်းမှာ ပြင်းထန်တင်းကျပ်တဲ့ ရာဇဝတ်ပုဒ်မတွေကို ဖြေလျှော့ခြင်းမရှိသေးတဲ့ ဆော်ဒီအာရေဗြမှာ ယခုနှစ်အတွင်ကလေးတရားခံ (၃)ဦးနဲ့ စုစုပေါင်း တရားခံ (၁၃၄)ဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲကြောင်း သိရပါတယ်။ ဒါဟာ လူ့အခွင့်အရေးအဖွဲ့တွေအတွက် အတော်တုန်လှုပ်စရာ သတင်းပါ။




ဒီသတင်းကို Mirror က ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့လုပ်ရပ်ကြောင့် လာမယ့်နှစ် အဲဒီနိုင်ငံမှကျင်းပမယ့် G20 အစည်းအဝေးကို ကျင်းပခွင့်မပြုဖို့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေပါတယ်။




ဆော်ဒီမှာ ဒီလို လက်လွတ်စပယ် ရက်ရက်စက်စက် ကွပ်မျက်မှုတွေကို လူ့အခွင့်ရေးသမားတွေက နှစ်ပေါင်းများစွာ ကန့်ကွက်ခဲ့ပေမယ့်၊ ယခုနှစ်မှာတော့ ကွပ်မျက်တဲ့အရေအတွက် ပိုတိုးလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ သတ်ဖြတ်တဲ့ပုံစံတွေထဲမှာ ကားစင်တင်ပြီး သတ်ဖြတ်တာက အဆိုးဆုံးလို့ သိရပါတယ်။


ယခုနှစ် ကွပ်မျက်ခံရသူတွေထဲမှာ ကလေး(၃)ဦးအထိ ပါဝင်ခဲ့ပြီး၊ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်(၆)ဦးပါဝင်ခဲ့ခြင်းက ဆော်ဒီရဲ့ ပြင်းထန်လွန်းတဲ့ ဥပဒေတွေကို မြင်သာစေမှာ ဖြစ်ပါတယ်။ နန်းတော်က နိုင်ငံတကာမှာ မျက်နှာရဖို့ ကွပ်မျက်မှုကို လျှော့ချမယ်ဆိုသော်လည်း လက်ရှိအချိန်ထိ စိတ်လွတ်လက်လွှတ် ပြုမူနေဆဲပါ။


နတ်သူကြီး