အရက္မူးၿပီး ဓာတ္အားလုိင္းတုိင္ေပၚတက္သြားတဲ့ေက်ာင္းသား အျဖစ္ဆုိးႀကဳံခဲ့ရ

2019-09-17 13:52:11


အရက္မူးၿပီး ဓာတ္အားလုိင္းတုိင္ေပၚတက္သြားတဲ့ေက်ာင္းသား အျဖစ္ဆုိးႀကဳံခဲ့ရ

အရက္တကယ္မူးတဲ့သူေတြ၊ ေဆးေၾကာင္တဲ့သူေတြဟာ သူတုိ႔ အစက မလုပ္ရဲတာေတြကုိ လုပ္ရဲၾကတယ္လုိ႔ ဆုိပါတယ္။ တစ္ခ်ိဳ႕က သာမန္အားျဖင့္ ေရေတာင္မကူးတတ္ေပမယ့္ မူးလာရင္ ဧရာဝတီကုိေတာင္ ျဖတ္ကူးရဲတယ္လုိ႔ ဆုိပါတယ္။ ဒါဟာ ေကာင္းတဲ့အေနအထားေတာ့ မဟုတ္ပါဘူး။ အခန္႔မသင့္ရင္ ေသတတ္ပါတယ္။


အခု The Sun မွာ ေဖာ္ျပထားတဲ့ သတင္းမွာေတာ့ လူရြယ္ေက်ာင္းသားတစ္ေယာက္ဟာ အရက္မူးၿပီး မဟာဓာတ္အားလုိင္း ပုိင္လြန္ေပၚကို တက္မိရာကေန ဆုိးရြားတဲ့ အျဖစ္ကို ႀကဳံခဲ့ရပါတယ္။ ဒီအေၾကာင္းကို ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ တင္ဆက္ေပးလုိက္ပါတယ္။




ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔ညက Athens မွာရွိတဲ့ Ohio University အနီးအနားမွာ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ သူဟာ ပုိင္လြန္ေပၚကို ႀကိဳးစားပမ္းစား တက္သြားခဲ့ၿပီး၊ မဟာဓာတ္အားလုိင္းကို လက္နဲ႔ထိလိုက္ရာ၊ ခ်က္ခ်င္း ဓာတ္လုိက္ခံရၿပီး၊ မီးေတာက္ႀကီး ကူးစက္ခံခဲ့ရပါတယ္။


ပုိင္လြန္အျမင့္ကေတာ့ ေပ(၃၀)လုိ႔ သိရၿပီး၊ ေအာက္မွာက်န္ရစ္ေနတဲ့ ေက်ာင္းသားေတြကလည္း တေဟးေဟးနဲ႔ ေျမႇာက္ေပးေနၾကပါသတဲ့။ အဲဒီေက်ာင္းသားဟာ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ၿပီး၊ ေအာက္က ကြန္ကရစ္ခင္းထားတဲ့အေပၚကို ေျခပစ္လက္ပစ္ ျပဳတ္က်ခဲ့ပါတယ္။


ေနာက္ပုိင္းအတည္ျပဳခ်က္အရ ေက်ာင္းသားအမည္မွာ Tyler Uher လုိ႔ သိရၿပီး၊ သူဟာ ကံေကာင္းေထာက္မစြာ ေသေဘးက လြတ္ခဲ့ေၾကာင္း ကိုယ္တုိင္ တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ သူဟာ ေျခေထာက္နဲ႔ ေက်ာ႐ုိးက်ိဳးဒဏ္ရာ ရခဲ့ေၾကာင္း၊ ေျခေထာက္အ႐ုိးက အျပင္ကုိ ေဖာက္ထြက္လာသည္အထိ ျဖစ္ခဲ့တယ္လုိ႔ ေရးထားပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အရက်တကယ်မူးတဲ့သူတွေ၊ ဆေးကြောင်တဲ့သူတွေဟာ သူတို့ အစက မလုပ်ရဲတာတွေကို လုပ်ရဲကြတယ်လို့ ဆိုပါတယ်။ တစ်ချို့က သာမန်အားဖြင့် ရေတောင်မကူးတတ်ပေမယ့် မူးလာရင် ဧရာဝတီကိုတောင် ဖြတ်ကူးရဲတယ်လို့ ဆိုပါတယ်။ ဒါဟာ ကောင်းတဲ့အနေအထားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် သေတတ်ပါတယ်။


အခု The Sun မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ လူရွယ်ကျောင်းသားတစ်ယောက်ဟာ အရက်မူးပြီး မဟာဓာတ်အားလိုင်း ပိုင်လွန်ပေါ်ကို တက်မိရာကနေ ဆိုးရွားတဲ့ အဖြစ်ကို ကြုံခဲ့ရပါတယ်။ ဒီအကြောင်းကို ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။


ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့သောကြာနေ့ညက Athens မှာရှိတဲ့ Ohio University အနီးအနားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ သူဟာ ပိုင်လွန်ပေါ်ကို ကြိုးစားပမ်းစား တက်သွားခဲ့ပြီး၊ မဟာဓာတ်အားလိုင်းကို လက်နဲ့ထိလိုက်ရာ၊ ချက်ချင်း ဓာတ်လိုက်ခံရပြီး၊ မီးတောက်ကြီး ကူးစက်ခံခဲ့ရပါတယ်။


ပိုင်လွန်အမြင့်ကတော့ ပေ(၃၀)လို့ သိရပြီး၊ အောက်မှာကျန်ရစ်နေတဲ့ ကျောင်းသားတွေကလည်း တဟေးဟေးနဲ့ မြှောက်ပေးနေကြပါသတဲ့။ အဲဒီကျောင်းသားဟာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ အောက်က ကွန်ကရစ်ခင်းထားတဲ့အပေါ်ကို ခြေပစ်လက်ပစ် ပြုတ်ကျခဲ့ပါတယ်။


နောက်ပိုင်းအတည်ပြုချက်အရ ကျောင်းသားအမည်မှာ Tyler Uher လို့ သိရပြီး၊ သူဟာ ကံကောင်းထောက်မစွာ သေဘေးက လွတ်ခဲ့ကြောင်း ကိုယ်တိုင် တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ သူဟာ ခြေထောက်နဲ့ ကျောရိုးကျိုးဒဏ်ရာ ရခဲ့ကြောင်း၊ ခြေထောက်အရိုးက အပြင်ကို ဖောက်ထွက်လာသည်အထိ ဖြစ်ခဲ့တယ်လို့ ရေးထားပါတယ်။


နတ်သူကြီး