အမ်ိဳးသမီးေတြရဲ႕စကပ္ေအာက္ပုိင္းကို ဓာတ္ပုံ႐ုိက္ေလ့ရွိသူ၊ ရဲက ဖမ္းဆီးစဥ္ေသဆုံး

2019-09-17 16:50:05


အမ်ိဳးသမီးေတြရဲ႕စကပ္ေအာက္ပုိင္းကို ဓာတ္ပုံ႐ုိက္ေလ့ရွိသူ၊ ရဲက ဖမ္းဆီးစဥ္ေသဆုံး

အမ်ိဳးသမီးေတြရဲ႕ စကပ္ေအာက္ပုိင္းကို ဓာတ္ပုံ/ဗြီဒီယုိေတြ လုိက္ၿပီး႐ုိက္ကူးေလ့ရွိသူ အမ်ိဳးသားတစ္ဦးကေတာ့ ရဲက ဖမ္းဆီးဖုိ႔ ႀကိဳးစားစဥ္မွာ ေသဆုံးသြားခဲ့တယ္လုိ႔ WorldOfBuzz သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ အဲဒီတဏွာ႐ူးအဖုိးအုိဟာ (၅၃)ႏွစ္ ရွိၿပီလုိ႔ သိရပါတယ္။


သူဟာ စက္တင္ဘာ(၁၆)ရက္ေန႔က အမ်ိဳးသမီးငယ္ႏွစ္ဦးရဲ႕ေနာက္ကေန ကပ္လုိက္ၿပီး စကပ္ေအာက္ပုိင္းကို ဖုန္းနဲ႔ဓာတ္ပုံေတြ ခုိး႐ုိက္ခဲ့တာပါ။ အဲဒါကုိ အသက္(၃၅)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ေယာက္က သိရွိသြားၿပီး သက္ဆုိင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။




ဒီအျဖစ္အပ်က္ဟာ Bangsar ၿမိဳ႕ Telawi ဧရိယာမွာ ျဖစ္ခဲ့တာပါ။ ရဲေတြေရာက္လာေတာ့ အဲဒီအမ်ိဳးသားက ဖုန္းကို ေပးဖုိ႔ျငင္းဆန္ခဲ့သလုိ၊ စခန္းကို ေခၚသြားဖုိ႔ ႀကိဳးစားတဲ့ ရဲေတြကုိလည္း တြန္းထုိးကန္ထုတ္ခဲ့ပါတယ္။ သူဟာ စြပ္စြဲသူ အမ်ိဳးသမီးကိုလည္း ေအာ္ဟစ္ဆဲဆုိခဲ့ပါတယ္။




ရဲက အတင္းအက်ပ္ ဖမ္းဖုိ႔ ႀကိဳးစားခ်ိန္မွာ သူက ခုခံခဲ့လုိ႔၊ ရဲကလည္း အၾကမ္းဖက္ လုံးေထြးဖမ္းဆီးရာ၊ အဲဒီအမ်ိဳးသားမွာ သတိလစ္သြားခဲ့ပါတယ္။ ယင္းေနာက္ ေဆး႐ုံကို အျမန္ပုိ႔ေပးခဲ့ေပမယ့္ အဆုိပါအမ်ိဳးသားဟာ သတိျပန္မလည္လာေတာ့ဘဲ ေသဆုံးသြားပါေတာ့တယ္။




သူ႕ရဲ႕အေလာင္းကို  University Malaya Medical Center ေဆး႐ုံထံ လႊဲပုိ႔ခဲ့ၿပီး ေသမႈေသခင္းအရ ဆက္လက္စစ္ေဆးေနပါတယ္။ ၾကည့္ရတာ အဲဒီအမ်ိဳးသားမွာ ေရာဂါအခံ တစ္ခုခု ရွိပုံပါဘဲ။ ရဲကဖမ္းဖုိ႔ ႀကိဳးစားခ်ိန္မွာ စိတ္အေတာ္ဖိစီးေနပုံ ရပါတယ္။


လင္းေဇာ္ကို


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမျိုးသမီးတွေရဲ့ စကပ်အောက်ပိုင်းကို ဓာတ်ပုံ/ဗွီဒီယိုတွေ လိုက်ပြီးရိုက်ကူးလေ့ရှိသူ အမျိုးသားတစ်ဦးကတော့ ရဲက ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ WorldOfBuzz သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီတဏှာရူးအဖိုးအိုဟာ (၅၃)နှစ် ရှိပြီလို့ သိရပါတယ်။


သူဟာ စက်တင်ဘာ(၁၆)ရက်နေ့က အမျိုးသမီးငယ်နှစ်ဦးရဲ့နောက်ကနေ ကပ်လိုက်ပြီး စကပ်အောက်ပိုင်းကို ဖုန်းနဲ့ဓာတ်ပုံတွေ ခိုးရိုက်ခဲ့တာပါ။ အဲဒါကို အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သိရှိသွားပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။


ဒီအဖြစ်အပျက်ဟာ Bangsar မြို့ Telawi ဧရိယာမှာ ဖြစ်ခဲ့တာပါ။ ရဲတွေရောက်လာတော့ အဲဒီအမျိုးသားက ဖုန်းကို ပေးဖို့ငြင်းဆန်ခဲ့သလို၊ စခန်းကို ခေါ်သွားဖို့ ကြိုးစားတဲ့ ရဲတွေကိုလည်း တွန်းထိုးကန်ထုတ်ခဲ့ပါတယ်။ သူဟာ စွပ်စွဲသူ အမျိုးသမီးကိုလည်း အော်ဟစ်ဆဲဆိုခဲ့ပါတယ်။


ရဲက အတင်းအကျပ် ဖမ်းဖို့ ကြိုးစားချိန်မှာ သူက ခုခံခဲ့လို့၊ ရဲကလည်း အကြမ်းဖက် လုံးထွေးဖမ်းဆီးရာ၊ အဲဒီအမျိုးသားမှာ သတိလစ်သွားခဲ့ပါတယ်။ ယင်းနောက် ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမယ့် အဆိုပါအမျိုးသားဟာ သတိပြန်မလည်လာတော့ဘဲ သေဆုံးသွားပါတော့တယ်။


သူ့ရဲ့အလောင်းကို  University Malaya Medical Center ဆေးရုံထံ လွှဲပို့ခဲ့ပြီး သေမှုသေခင်းအရ ဆက်လက်စစ်ဆေးနေပါတယ်။ ကြည့်ရတာ အဲဒီအမျိုးသားမှာ ရောဂါအခံ တစ်ခုခု ရှိပုံပါဘဲ။ ရဲကဖမ်းဖို့ ကြိုးစားချိန်မှာ စိတ်အတော်ဖိစီးနေပုံ ရပါတယ်။


လင်းဇော်ကို