လင်ရှိ မိန်းမကို ကြာခိုနေတုန်း လင်ကြီးပြန်လာလို့ ပြေးပေါက်မှားပြီး အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား

2019-09-17 16:51:42


လင်ရှိ မိန်းမကို ကြာခိုနေတုန်း လင်ကြီးပြန်လာလို့ ပြေးပေါက်မှားပြီး အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား













နတ်သူကြီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမျိုးသားတစ်ယောက်ဟာ နောက်မီးလင်းတဲ့ အိမ်ထောင်သည်အမျိုးသမီးနဲ့ လင်ကြီးမရှိခိုက်၊ သူမရဲ့ နေအိမ်တိုက်ခန်းအထိ သွားရောက် တွေ့ဆုံခဲ့ရာ၊ ပြေးပေါက်မှားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်စီရင်စု၊ Maoming မှာဖြစ်ခဲ့တာပါ။


အမျိုးသားရဲ့လုပ်ရှားမှုတွေကို ခပ်လှမ်းလှမ်းအခန်းက ဒေသခံလူတစ်ယောက်က ဖုန်းနဲ့ ဗွီဒိယိုမှတ်တမ်း ရယူခဲ့တာပါ။ အဲဒီအမျိုးသားဟာ လင်ကြီးပြန်လာလို့ နောက်ဖေးမလွယ်ပေါက်ကနေ ခက်ခက်ခဲခဲ အောက်ကို အလွှာတော်တော်မြင့်မြင့် ဆင်းခဲ့ရတာလို့ လူမှုကွန်ရက်မှာ ထင်ကြေးတွေ ပေးနေပါတယ်။


သူဟာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းခေါ်ခဲ့ပေမယ့်၊ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင်မှာပဲ ခြေတောက်တွေ၊ လက်တွေ တောင့်မခံနိုင်တော့လို့ အောက်ကို ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ပြုတ်ကျတဲ့ မြင်ကွင်းကတော့ ဗွီဒီယိုထဲမှာ မပါပေမယ့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ-


အတော်လေး အလုပ်ရှုပ်နေတဲ့ မြင်ကွင်းကိုတော့ တွေ့ရပါတယ်။ နောက်မီလင်းတဲ့ အမျိုးသမီးကိုလည်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ များစွာထွက်ပေါ်ခဲ့ပြီး၊ ဗွီဒီယိုရဲ့နောက်ခံမှာတော့ ရန်ဖြစ်နေတာလို့ ယူဆရတဲ့ ဆူညံသံကိုလည်း ကြားရပါတယ်။ ရဲတပ်ဖွဲ့ ဒီအမျိုးသား သေမသေဆိုတာကို အတည်မပြုသေးပါဘူး။


နတ်သူကြီး