ခင္ပြန္းကုိ လက္စားေခ်တဲ့အေနနဲ႔ အျမႊာကေလးႏွစ္ဦးကုိ ဓားနဲ႔ခုတ္သတ္ခဲ့တဲ့ မိခင္

2019-09-17 16:52:55


ခင္ပြန္းကုိ လက္စားေခ်တဲ့အေနနဲ႔ အျမႊာကေလးႏွစ္ဦးကုိ ဓားနဲ႔ခုတ္သတ္ခဲ့တဲ့ မိခင္

အင္ဒုိနီးရွားႏုိင္ငံ၊ Kupang မွာေနထိုင္တဲ့ အသက္(၂၄)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္းက သူမကို မၾကာခဏ ႐ုိက္ႏွက္ႏွိပ္စက္လုိ႔ဆုိၿပီး၊ လက္စားေခ်တဲ့အေနနဲ႔ အျမႊာကေလးႏွစ္ဦးကို ဓားနဲ႔ခုတ္သတ္ခဲ့တယ္လုိ႔ WorldOfBuzz သတင္းက ေဖာ္ျပခဲ့ပါတယ္။


အဲဒီအမ်ိဳးသမီးဟာ မိမိကိုယ္ကုိယ္မိမိလည္း ေသေၾကာင္းႀကံစည္ခဲ့ေပမယ့္ အထမေျမာက္ခဲ့ပါဘူး။ သူမကို သက္ဆုိင္ရာရဲတပ္ဖြဲ႕က ရဲအခ်ဳဳပ္နဲ႔ ေဆးကုသမႈ ခြင့္ျပဳထားတယ္လုိ႔ သိရပါတယ္။ တရားခံအမ်ိဳးသမီးရဲဲ႕အမည္ကေတာ့ Dewi Regina Ano လုိ႔ သိရပါတယ္။




ကေလးႏွစ္ေယာက္ကေတာ့ အသက္(၅)ႏွစ္အထိ ေရာက္ေနၾကၿပီလုိ႔ႊ သိရပါတယ္။ Dewi ဟာ ကေလးႏွစ္ေယာက္စလုံးကို ဓားနဲ႔ခုတ္သတ္ၿပီးေနာက္ သူမရဲ႕ဗုိက္ကို ဓားနဲ႔ထုိးသြင္းခဲ့သလုိ၊ လည္ပင္းကိုလည္း ဓားနဲ႔ လွီးခဲ့ပါတယ္။ သူမဟာ ေသြးထြက္လြန္ သတိလစ္သြားခဲ့ေပမယ့္ မေသခဲ့ပါဘူး။




ကေလးေတြအမည္ကေတာ့ Angga Masus နဲ႔ Angkri Masus တုိ႔ျဖစ္ၿပီး၊ စက္တင္ဘာ (၅)ရက္က အသတ္ခံခဲ့ရတာပါ။ မိခင္ျဖစ္သူရဲ႕ ေသလုေသခင္ျဖစ္ေနတဲ့ အေလာင္းေဘးမွာ ကေလးႏွစ္ေယာက္စလုံး အသက္မဲ့ေသဆုံးေနပါတယ္။ အစက သူတုိ႔ကို လူသတ္သမားက သတ္ခဲ့တာလုိ႔ ရဲက ထင္ခဲ့ေပမယ့္-




ေဆး႐ုံေပၚမွာ ျပန္လည္အေျခအေနေကာင္းလာတဲ့ Dewi က သူမ လုပ္ခဲ့တာလုိ႔ ဝန္ခံခဲ့ပါတယ္။ ခင္ပြန္းက ပုိက္ဆံလည္း မအပ္ေတာ့သလုိ၊ ျပန္လာတုိင္း သူမနဲ႔ ကေလးေတြကို ႐ိုက္တယ္လုိ႔ ေျပာပါတယ္။ သူမအေနနဲ႔ လူ႕ဘဝမွာ မေနခ်င္ေတာ့လုိ႔ ဒီလုိလုပ္တာလုိ႔ ေျပာပါတယ္။


ေနသူရိန္


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အင်ဒိုနီးရှားနိုင်ငံ၊ Kupang မှာနေထိုင်တဲ့ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းက သူမကို မကြာခဏ ရိုက်နှက်နှိပ်စက်လို့ဆိုပြီး၊ လက်စားချေတဲ့အနေနဲ့ အမြွှာကလေးနှစ်ဦးကို ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ WorldOfBuzz သတင်းက ဖော်ပြခဲ့ပါတယ်။


အဲဒီအမျိုးသမီးဟာ မိမိကိုယ်ကိုယ်မိမိလည်း သေကြောင်းကြံစည်ခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ သူမကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ရဲအချုုပ်နဲ့ ဆေးကုသမှု ခွင့်ပြုထားတယ်လို့ သိရပါတယ်။ တရားခံအမျိုးသမီးရဲဲ့အမည်ကတော့ Dewi Regina Ano လို့ သိရပါတယ်။


ကလေးနှစ်ယောက်ကတော့ အသက်(၅)နှစ်အထိ ရောက်နေကြပြီလို့ွှ သိရပါတယ်။ Dewi ဟာ ကလေးနှစ်ယောက်စလုံးကို ဓားနဲ့ခုတ်သတ်ပြီးနောက် သူမရဲ့ဗိုက်ကို ဓားနဲ့ထိုးသွင်းခဲ့သလို၊ လည်ပင်းကိုလည်း ဓားနဲ့ လှီးခဲ့ပါတယ်။ သူမဟာ သွေးထွက်လွန် သတိလစ်သွားခဲ့ပေမယ့် မသေခဲ့ပါဘူး။


ကလေးတွေအမည်ကတော့ Angga Masus နဲ့ Angkri Masus တို့ဖြစ်ပြီး၊ စက်တင်ဘာ (၅)ရက်က အသတ်ခံခဲ့ရတာပါ။ မိခင်ဖြစ်သူရဲ့ သေလုသေခင်ဖြစ်နေတဲ့ အလောင်းဘေးမှာ ကလေးနှစ်ယောက်စလုံး အသက်မဲ့သေဆုံးနေပါတယ်။ အစက သူတို့ကို လူသတ်သမားက သတ်ခဲ့တာလို့ ရဲက ထင်ခဲ့ပေမယ့်-


ဆေးရုံပေါ်မှာ ပြန်လည်အခြေအနေကောင်းလာတဲ့ Dewi က သူမ လုပ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ ခင်ပွန်းက ပိုက်ဆံလည်း မအပ်တော့သလို၊ ပြန်လာတိုင်း သူမနဲ့ ကလေးတွေကို ရိုက်တယ်လို့ ပြောပါတယ်။ သူမအနေနဲ့ လူ့ဘဝမှာ မနေချင်တော့လို့ ဒီလိုလုပ်တာလို့ ပြောပါတယ်။


နေသူရိန်