ျမန္မာနိုင္ငံသူအား မုဒိမ္းက်င့္ႏႈတ္ပိတ္သတ္ခဲ့သည့္ ထိုင္းနိုင္ငံသား ထြက္ေျပးလြတ္ေျမာက္ေနဆဲ

2019-09-17 17:05:47


ျမန္မာနိုင္ငံသူအား မုဒိမ္းက်င့္ႏႈတ္ပိတ္သတ္ခဲ့သည့္ ထိုင္းနိုင္ငံသား ထြက္ေျပးလြတ္ေျမာက္ေနဆဲ

ထိုင္းနိုင္ငံ အယုဒ္ဓယခရိုင္က စက္ရံုမွာ ကုန္ေလွာင္ခန္းထဲဆြဲေခၚျပီး မုဒိမ္းက်င့္ ခံရတဲ့ ျမန္မာနိုင္ငံသူ အလုပ္သမ ကရင္တိုင္းရင္းသူေလး ျဖစ္ပါတယ္။


မုဒိမ္းက်င့္ခဲ့တဲ့ ထိုင္းနိုင္ငံသားစက္ရံုလုပ္သား နိုင္ကီတိဖုန္း အသက္ ၃၂နွစ္ဟာ မုဒိမ္းက်င့္ျပီး မိန္းခေလးကိုႏႈတ္ပိတ္တဲ့အေနနဲ ့သတ္ျဖတ္ ရိုက္နွက္ေနတဲ႔အခ်ိန္မွာ




မိန္းခေလးဟာ ေသဆံုးသြားဟန္ ေဆာင္ ေနခဲ့ျပီး တရားခံက မိန္းခေလးကိုယ္ကို ၾကိဳးတုတ္ဖို႔ ၾကိဳးရွာေနတဲ့ အခ်ိန္ မိန္းခေလးဟာ ကုန္ေလွာင္ခန္းထဲကေန ထြက္ေျပးနိုင္ခဲ့တာ ျဖစ္ပါတယ္။


ျဖစ္ပြားတဲ ့ေန ့မွာ မိန္းခေလးကိုယ္တိုင္ ခေလာင္ႏြိဳင္ ရဲစခန္းမွာ အမွုဖြင့္ခဲ့ေပမယ့္ တပတ္ၾကာလာတဲ့အထိ တရားခံကို မဖမ္းဆီး နိုင္ေသးေၾကာင္းသိရပါတယ္။




တရားခံကိုေတြ ့တဲ့သူေတြ သတင္းေပးၾကဘို ့ 035-214-522 ရဲတပ္ဖြဲ ့ကဖုန္းနံပါတ္နဲ ့ ထုတ္ျပန္ထားတာေတြ ့ရပါတယ္။


ျဖစ္ပြားတဲ့အခ်ိန္ စက္ရံုလမ္းနဲ ့ CCTV ေတြကို လိုက္စစ္မယ္ဆိုရင္ တရားခံေျပးသြားတဲ့ လမ္းေၾကာင္းကို အတိအက် သိနိုင္ပါတယ္။


တရားခံကို ရဲတပ္ဖြဲ ့က ဖမ္း၀ရမ္း ထုတ္ခဲ့ျပီး ပထုန္ဌာနီခရိုင္ကို ထြက္ေျပးသလို တရားခံရဲ ့ေမြးဇာတိ မဟာဆာရခမ္ ခရိုင္မွာလိုလိုနဲ ့ မေသျခာတဲ့ သတင္းထုတ္ျပန္မွုေတြသာ ေတြ ့ရပါတယ္။




ခုလိုမ်ိဳး အာရွနိုင္ငံ ဖိလစ္ပိုင္-လာအို -ကေမၻာဒီးယား စတဲ့ ႏိုင္ငံသူေတြမုဒိမ္းခံရတဲ့ အမွုဆိုရင္ သက္ဆိုင္ရာသံရံုးနဲ ့အလုပ္သမား အဖြဲ ့ေတြက တရားလိုလုပ္ျပီး ဖိအားေပးတဲ့အတြက္ တရားခံကို အျမန္ဆံုးဖမ္းေပးခဲ့တာေတြ ့ရပါတယ္။


Unicode


ထိုင်းနိုင်ငံ အယုဒ်ဓယခရိုင်က စက်ရုံမှာ ကုန်လှောင်ခန်းထဲဆွဲခေါ်ပြီး မုဒိမ်းကျင့် ခံရတဲ့ မြန်မာနိုင်ငံသူ အလုပ်သမ ကရင်တိုင်းရင်းသူလေး ဖြစ်ပါတယ်။


မုဒိမ်းကျင့်ခဲ့တဲ့ ထိုင်းနိုင်ငံသားစက်ရုံလုပ်သား နိုင်ကီတိဖုန်း အသက် ၃၂နှစ်ဟာ မုဒိမ်းကျင့်ပြီး မိန်းခလေးကိုနှုတ်ပိတ်တဲ့အနေနဲ့သတ်ဖြတ် ရိုက်နှက်နေတဲ့အချိန်မှာ


မိန်းခလေးဟာ သေဆုံးသွားဟန် ဆောင် နေခဲ့ပြီး တရားခံက မိန်းခလေးကိုယ်ကို ကြိုးတုတ်ဖို့ ကြိုးရှာနေတဲ့ အချိန် မိန်းခလေးဟာ ကုန်လှောင်ခန်းထဲကနေ ထွက်ပြေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဖြစ်ပွားတဲ့နေ့မှာ မိန်းခလေးကိုယ်တိုင် ခလောင်နွိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် တပတ်ကြာလာတဲ့အထိ တရားခံကို မဖမ်းဆီး နိုင်သေးကြောင်းသိရပါတယ်။


တရားခံကိုတွေ့တဲ့သူတွေ သတင်းပေးကြဘို့ 035-214-522 ရဲတပ်ဖွဲ့ကဖုန်းနံပါတ်နဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။


ဖြစ်ပွားတဲ့အချိန် စက်ရုံလမ်းနဲ့ CCTV တွေကို လိုက်စစ်မယ်ဆိုရင် တရားခံပြေးသွားတဲ့ လမ်းကြောင်းကို အတိအကျ သိနိုင်ပါတယ်။


တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ပထုန်ဌာနီခရိုင်ကို ထွက်ပြေးသလို တရားခံရဲ့မွေးဇာတိ မဟာဆာရခမ် ခရိုင်မှာလိုလိုနဲ့ မသေခြာတဲ့ သတင်းထုတ်ပြန်မှုတွေသာ တွေ့ရပါတယ်။


ခုလိုမျိုး အာရှနိုင်ငံ ဖိလစ်ပိုင်-လာအို -ကမ္ဘောဒီးယား စတဲ့ နိုင်ငံသူတွေမုဒိမ်းခံရတဲ့ အမှုဆိုရင် သက်ဆိုင်ရာသံရုံးနဲ့အလုပ်သမား အဖွဲ့တွေက တရားလိုလုပ်ပြီး ဖိအားပေးတဲ့အတွက် တရားခံကို အမြန်ဆုံးဖမ်းပေးခဲ့တာတွေ့ရပါတယ်။