မုဒိမ္းသမားကို ဓားနဲ႔ျပန္ထုိးခဲ့တဲ့ အီဂ်စ္ကေလးမေလးကို လူသတ္မႈနဲ႔ စြဲခ်က္တင္စစ္ေဆးေန

2019-09-17 23:25:05


မုဒိမ္းသမားကို ဓားနဲ႔ျပန္ထုိးခဲ့တဲ့ အီဂ်စ္ကေလးမေလးကို လူသတ္မႈနဲ႔ စြဲခ်က္တင္စစ္ေဆးေန

အသက္(၁၅)ႏွစ္သာရွိေသးတဲ့ အီဂ်စ္ႏုိင္ငံသူေလးတစ္ဦးဟာ သူမကုိ အဓမၼက်င့္ဖုိ႔ႀကိဳးစားတဲ့  ဘက္စ္ကားဆရာတစ္ေယာက္ကုိ ဓားနဲ႔ထုိးသတ္ တုိက္ခုိက္ခဲ့တာေၾကာင့္၊ သူမကို အီဂ်စ္ရဲက လူသတ္မႈနဲ႔စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။ ဒီအေၾကာင္းကို Metro သတင္းဌာနက ေဖာ္ျပထားတာပါ။


ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ဇူလုိင္လက ကုိင္႐ုိၿမိဳ႕အနီးမွာ ျဖစ္ခဲ့တာပါ။ ကေလးမေလးဟာ အဓမၼက်င့္ဖုိ႔ လုံးေထြးလာတဲ့ ဘက္စ္ဒ႐ိုင္ဘာကို ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထုိးႏွက္ခဲ့ရာ ကားဆရာ ေသဆုံးသြားပါတယ္။ သူဟာ အဲဒီေကာင္မေလးကို ျပန္ေပးဆြဲၿပီး-




သဲကႏၱာရထဲကုိ ေခၚသြားေၾကာင္း၊ ဓားနဲ႔လည္ပင္းကုိေထာက္ကာ အဓမၼက်င့္ခဲ့တာျဖစ္ေၾကာင္း၊ သူ႕လက္ထဲက ဓားကို ေမ့သြားခ်ိန္မွ သူမက ဓားကိုလုၿပီး ထုိးခဲ့တာလုိ႔ ေျပာပါတယ္။ မုဒိမ္းသမားဟာ လည္ပင္းနဲ႔ ရင္ဘတ္တုိ႔မွာ ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထုိးသြင္းခံခဲ့ရတာပါ။




ကေလးမေလးဟာ ဒီမတုိင္ခင္ ခ်စ္သူနဲ႔ခ်ိန္းေတြ႕ ျပန္လာတာမုိ႔၊ အသက္မျပည့္ဘဲ ရည္းစားထားတဲ့အမႈပါ ဆက္ဖြင့္ခဲ့ၿပီး၊ သူမရဲ႕ ခ်စ္သူနဲ႔ သူငယ္ခ်င္းတစ္ဦးကိုလည္း လူသတ္မႈမွာ ပါဝင္တယ္ဆုိကာ ရဲက အမႈဖြင့္ထားပါတယ္။ ကေလးမေလးရဲ႕အဆုိအရ သူမ အိမ္ျပန္လာစဥ္ ဘက္စ္ကားစီးခဲ့ေၾကာင္း-


ဘက္စ္ကားမွာ တစ္ျခားခရီးသည္ မပါေတာ့လုိ႔ ကားဆရာ အေကာက္ႀကံတာကို ခံရတာျဖစ္ေၾကာင္း ဆုိပါတယ္။ ကေလးမေလးကို အပ်ိဳစစ္/မစစ္ စစ္ေဆးမႈကိုလည္း လူ႕အခြင့္အေရးအဖြဲ႕ေတြ ကန္႔ကြက္ေနတဲ့ၾကားက ေဆာင္ရြက္ခဲ့ၾကပါတယ္။ တရားသူႀကီးေတြကေတာ့ လူသတ္မႈနဲ႔ စြဲခ်က္တင္သင့္ မတင္သင့္ကို တုိင္ပင္ေနဆဲပါ။




အမ်ိဳးသမီးအခြင့္ေရး လႈပ္ရွားသူေတြကေတာ့ အဲဒီေကာင္မေလးကို အမႈကေန ကြင္းလုံးကၽြတ္လႊတ္ေပးဖုိ႔၊ သူမရဲ႕ အရွက္သိကၡာကို ကာကြယ္ရင္း ျဖစ္သြားတဲ့လူေသမႈမွာ သူမမွာ လုံးဝအျပစ္မရွိေၾကာင္း ဆႏၵျပမႈေတြရွိေနပါတယ္။ အေနာက္ လူ႕အခြင့္ေရးသမားေတြကလည္း ဝန္းရံေစာင့္ၾကည့္ေနပါတယ္။


ေနသူရိန္


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အသက်(၁၅)နှစ်သာရှိသေးတဲ့ အီဂျစ်နိုင်ငံသူလေးတစ်ဦးဟာ သူမကို အဓမ္မကျင့်ဖို့ကြိုးစားတဲ့  ဘက်စ်ကားဆရာတစ်ယောက်ကို ဓားနဲ့ထိုးသတ် တိုက်ခိုက်ခဲ့တာကြောင့်၊ သူမကို အီဂျစ်ရဲက လူသတ်မှုနဲ့စွဲချက်တင်ထားကြောင်း သိရပါတယ်။ ဒီအကြောင်းကို Metro သတင်းဌာနက ဖော်ပြထားတာပါ။


ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကိုင်ရိုမြို့အနီးမှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးဟာ အဓမ္မကျင့်ဖို့ လုံးထွေးလာတဲ့ ဘက်စ်ဒရိုင်ဘာကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ရာ ကားဆရာ သေဆုံးသွားပါတယ်။ သူဟာ အဲဒီကောင်မလေးကို ပြန်ပေးဆွဲပြီး-


သဲကန္တာရထဲကို ခေါ်သွားကြောင်း၊ ဓားနဲ့လည်ပင်းကိုထောက်ကာ အဓမ္မကျင့်ခဲ့တာဖြစ်ကြောင်း၊ သူ့လက်ထဲက ဓားကို မေ့သွားချိန်မှ သူမက ဓားကိုလုပြီး ထိုးခဲ့တာလို့ ပြောပါတယ်။ မုဒိမ်းသမားဟာ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ဓားနဲ့အချက်ပေါင်းများစွာ ထိုးသွင်းခံခဲ့ရတာပါ။


ကလေးမလေးဟာ ဒီမတိုင်ခင် ချစ်သူနဲ့ချိန်းတွေ့ ပြန်လာတာမို့၊ အသက်မပြည့်ဘဲ ရည်းစားထားတဲ့အမှုပါ ဆက်ဖွင့်ခဲ့ပြီး၊ သူမရဲ့ ချစ်သူနဲ့ သူငယ်ချင်းတစ်ဦးကိုလည်း လူသတ်မှုမှာ ပါဝင်တယ်ဆိုကာ ရဲက အမှုဖွင့်ထားပါတယ်။ ကလေးမလေးရဲ့အဆိုအရ သူမ အိမ်ပြန်လာစဉ် ဘက်စ်ကားစီးခဲ့ကြောင်း-


ဘက်စ်ကားမှာ တစ်ခြားခရီးသည် မပါတော့လို့ ကားဆရာ အကောက်ကြံတာကို ခံရတာဖြစ်ကြောင်း ဆိုပါတယ်။ ကလေးမလေးကို အပျိုစစ်/မစစ် စစ်ဆေးမှုကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ကြားက ဆောင်ရွက်ခဲ့ကြပါတယ်။ တရားသူကြီးတွေကတော့ လူသတ်မှုနဲ့ စွဲချက်တင်သင့် မတင်သင့်ကို တိုင်ပင်နေဆဲပါ။


အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူတွေကတော့ အဲဒီကောင်မလေးကို အမှုကနေ ကွင်းလုံးကျွတ်လွှတ်ပေးဖို့၊ သူမရဲ့ အရှက်သိက္ခာကို ကာကွယ်ရင်း ဖြစ်သွားတဲ့လူသေမှုမှာ သူမမှာ လုံးဝအပြစ်မရှိကြောင်း ဆန္ဒပြမှုတွေရှိနေပါတယ်။ အနောက် လူ့အခွင့်ရေးသမားတွေကလည်း ဝန်းရံစောင့်ကြည့်နေပါတယ်။


နေသူရိန်