ခ်စ္သူက စြန္႔ပစ္တာကုိ ခံခဲ့ရၿပီးေနာက္ ရထားေရွ႕မွာ ခုန္ခ်ေသေၾကာင္းႀကံစည္ခဲ့သူ

2019-09-17 23:26:01


ခ်စ္သူက စြန္႔ပစ္တာကုိ ခံခဲ့ရၿပီးေနာက္ ရထားေရွ႕မွာ ခုန္ခ်ေသေၾကာင္းႀကံစည္ခဲ့သူ

အခ်စ္က ဘဝ မဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔တစ္ေတြဟာ အခ်စ္ကုိ မသိခင္ကတည္းက ကိုယ့္ဘဝကိုယ္ စခဲ့ၾကရတာျဖစ္ၿပီး၊ အခ်စ္ကုိ စသိခ်ိန္မွာ အခ်စ္က ဘဝလုိ႔ ထင္တဲ့သူေတြဟာ ငါးပါးေမွာက္စရာရွိရင္ သူမ်ားေတြထက္ ပိုဆုိးတက္ပါတယ္။ အခုလည္း DailyStar မွာ အဲဒီအေၾကာင္း ပါလာပါတယ္။


အသက္(၂၁)ႏွစ္အရြယ္ ေဘာလုံးသမားတစ္ဦးျဖစ္တဲ့ Jake Standbridge အမည္ရ အမ်ိဳးသားဟာ ခ်စ္သူေကာင္မေလးက သူ႕ကို စြန္႔ပစ္သြားတဲ့အတြက္ ရထားေရွ႕ကို ခုန္ခ်ၿပီး ေသေၾကာင္းႀကံစည္ခဲ့ေၾကာင္း သိရပါတယ္။ ေကာင္မေလး အမည္ကေတာ့ Ciera Barnes လုိ႔ သိရပါတယ္။




Jake ဟာ Ciera ရဲ႕ဖုန္းမွာ သူနဲ႔ ျပတ္ၿပီျဖစ္တဲ့အေၾကာင္း စာေတြေရးထားတာကို ေတြ႕လုိက္ရၿပီး၊ ေနာက္ထပ္(၁၂)နာရီအၾကာမွာပဲ ေသေၾကာင္းႀကံစည္ခဲ့တာပါ။ သူဟာ အထူးအျမန္ရထားရဲ႕ေရွ႕ကို ခုန္ခ်ခဲ့တာပါ။ သူမေသမီမွာ မိခင္ျဖစ္သူထံ ေနာက္ဆုံး ႏႈတ္ဆက္စာ ပုိ႔ခဲ့ပါေသးတယ္။




Jake ဟာ Sandbach ဘူတာအနီးက ရထားသံလမ္းတစ္ခုမွာ အစိတ္စိတ္အမႊာျဖစ္ၿပီး ေသဆုံးခဲ့တာပါ။ သူဟာ ခ်စ္သူနဲ႔ နယူးေယာက္ကုိ သြားလည္ဖုိ႔ စီစဥ္ထားသူျဖစ္ၿပီး၊ အဲဒီခရီးစဥ္မွာ လက္ထပ္ခြင့္ေတာင္းဖုိ႔ လက္စြပ္ေတြဘာေတြ ဝယ္ထားၿပီးၿပီလုိ႔ သိရပါတယ္။


Jake ဟာ စတုတ္စီးတီးအသင္းရဲ႕အကယ္ဒမီမွာ ကြင္းလယ္ေဘာလုံးသမားအျဖစ္ ကစားေနသူျဖစ္ၿပီး၊ အဲဒီမွာပဲ အားကစားပညာေရးကို သင္ယူေနသူလည္းျဖစ္ပါတယ္။ သူဟာ ေဒသခံေက်ာင္းေတြမွာ ေဘာလုံးနဲ႔ အားကစားနည္းျပအျဖစ္ ျပန္လည္ေဆာင္ရြက္ေနသူပါ။ သူေသတာနဲ႔ပတ္သက္ၿပီး Ciera ကေတာ့ တစ္ျခားမွတ္ခ်က္ မေပးေသးပါဘူး။


ေနသူရိန္


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အချစ်က ဘဝ မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်တွေဟာ အချစ်ကို မသိခင်ကတည်းက ကိုယ့်ဘဝကိုယ် စခဲ့ကြရတာဖြစ်ပြီး၊ အချစ်ကို စသိချိန်မှာ အချစ်က ဘဝလို့ ထင်တဲ့သူတွေဟာ ငါးပါးမှောက်စရာရှိရင် သူများတွေထက် ပိုဆိုးတက်ပါတယ်။ အခုလည်း DailyStar မှာ အဲဒီအကြောင်း ပါလာပါတယ်။


အသက်(၂၁)နှစ်အရွယ် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ Jake Standbridge အမည်ရ အမျိုးသားဟာ ချစ်သူကောင်မလေးက သူ့ကို စွန့်ပစ်သွားတဲ့အတွက် ရထားရှေ့ကို ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ကြောင်း သိရပါတယ်။ ကောင်မလေး အမည်ကတော့ Ciera Barnes လို့ သိရပါတယ်။


Jake ဟာ Ciera ရဲ့ဖုန်းမှာ သူနဲ့ ပြတ်ပြီဖြစ်တဲ့အကြောင်း စာတွေရေးထားတာကို တွေ့လိုက်ရပြီး၊ နောက်ထပ်(၁၂)နာရီအကြာမှာပဲ သေကြောင်းကြံစည်ခဲ့တာပါ။ သူဟာ အထူးအမြန်ရထားရဲ့ရှေ့ကို ခုန်ချခဲ့တာပါ။ သူမသေမီမှာ မိခင်ဖြစ်သူထံ နောက်ဆုံး နှုတ်ဆက်စာ ပို့ခဲ့ပါသေးတယ်။


Jake ဟာ Sandbach ဘူတာအနီးက ရထားသံလမ်းတစ်ခုမှာ အစိတ်စိတ်အမွှာဖြစ်ပြီး သေဆုံးခဲ့တာပါ။ သူဟာ ချစ်သူနဲ့ နယူးယောက်ကို သွားလည်ဖို့ စီစဉ်ထားသူဖြစ်ပြီး၊ အဲဒီခရီးစဉ်မှာ လက်ထပ်ခွင့်တောင်းဖို့ လက်စွပ်တွေဘာတွေ ဝယ်ထားပြီးပြီလို့ သိရပါတယ်။


Jake ဟာ စတုတ်စီးတီးအသင်းရဲ့အကယ်ဒမီမှာ ကွင်းလယ်ဘောလုံးသမားအဖြစ် ကစားနေသူဖြစ်ပြီး၊ အဲဒီမှာပဲ အားကစားပညာရေးကို သင်ယူနေသူလည်းဖြစ်ပါတယ်။ သူဟာ ဒေသခံကျောင်းတွေမှာ ဘောလုံးနဲ့ အားကစားနည်းပြအဖြစ် ပြန်လည်ဆောင်ရွက်နေသူပါ။ သူသေတာနဲ့ပတ်သက်ပြီး Ciera ကတော့ တစ်ခြားမှတ်ချက် မပေးသေးပါဘူး။


နေသူရိန်