စက္ရုံ အလုပ္ဆင္းေနသူ မိန္းကေလးအား အတင္းအဓမၼေခၚေဆာင္၍သားမယားအျဖစ္ ေပါင္းသင္းဆက္ဆံသူအား အေရးယူ

2019-09-17 23:29:05


စက္ရုံ အလုပ္ဆင္းေနသူ မိန္းကေလးအား အတင္းအဓမၼေခၚေဆာင္၍သားမယားအျဖစ္ ေပါင္းသင္းဆက္ဆံသူအား အေရးယူ

စက္တင္ဘာ ၁၇(၂၀၁၉)


ထန္းတပင္ျမိဳ႕နယ္ ၌ စက္ရုံအလုပ္ဆင္းေနသူ အမ်ိဳးသမီးတစ္ဦးအား အဓမၼေခၚေဆာင္ ေပါင္းသင္းေနသူ အားအေရးယူထားေျကာင္း သိရသည္။


ရန္ကုန္တုိင္းေဒသျကီး ေျမာက္ပုိင္းခရုိင္ ထန္းတပင္ျမိဳ႕နယ္ ရခုိင္ရုိးေလးေက်းရြာေန စက္ရုံအထည္ခ်ဳပ္လုပ္ကုိင္ေနသူ မ-------မွာ စက္တင္ဘာ ၁၅ ရက္ေနက စက္ရုံအလုပ္သြား ရာမွ ည ၇ နာရီခဲြ အခ်ိန္၌ ေနအိမ္သုိ႔ ေအးခ်မ္းေအာင္(ခ)ကြတ္တီး ႏွင့္အတူ ျပန္လည္ေရာက္ရွိလာျပီး ေအးခ်မ္းေအာင္မွာ ျပန္ထြက္သြားသျဖင့္ ဖခင္ျဖစ္သူမွ မ-----အား "ဘယ္ကျပန္လာတာလဲ စက္ရုံမဆင္းဘူးလား"ဟု ေမးျမန္းရာ သမီးျဖစ္သူမွ ၎ေန႔နံနက္က စက္ရုံအသြားလမ္း၌ ေအးခ်မ္းေအာင္ မွ စက္ရုံသုိ႔ဆုိင္ကယ္ျဖင့္လုိက္ပုိ႔မည္ဟုေခၚေဆာင္ ၍ လုိက္သြားခဲ႕ရာ စက္ရုံမပုိ႔ဘဲ ပဲခူးျမိဳ႕ရွိ ေအးခ်မ္းေအာင္ ေနအိမ္သုိ႔ေခၚေဆာင္ကာ သမယားအျဖစ္ဆက္ဆံရာ ၎မွျငင္းဆန္ေသာ္လည္း ေအးခ်မ္းေအာင္းက အႏုိင္အထက္ျပဳ၍ အတင္းအဓမၼသားမယားျပဳက်င့္ခဲ႕ျပီး ေနာက္ ေအးခ်မ္းေအာင္မွ လက္ထပ္ေပါင္းသင္းမည္ဟုေျပာ၍ ေနအိမ္မျပန္ရန္ေျပာရာ မ------မွ လတ္တေလာလက္ထပ္ေပါင္းသင္းရန္မျဖစ္ႏႈိင္ေသးေျကာင္း မိဘမ်ားႏွင့္တုိင္ပင္ျပီးမွ ေပါင္းသင္းမည္ဟု ေခ်ာ့ေမာ့ေျပာဆုိကာ ေနအိမ္ျပန္ပုိ႔ရန္ ေျပာသျဖင့္ လုိက္ပုိ႔ခဲ႕ျခင္းျဖစ္ေျကာင္း ေျပာျပသိရွိရသည္္ဆုိ၏။


မ------ မွ သေဘာမတူဘဲ ပဲခူးျမိဳ႕သုိ႔အတင္းအဓမၼေခၚေဆာင္၍ သားမယားအျဖစ္ေပါင္းသင္းဆက္ဆံခဲ႕သူ ေအးခ်မ္းေအာင္(ခ)တြတ္တီး ၂၇ ႏွစ္ ပဲခူးျမိဳ႕ေနသူအား ဥပေဒအရအေရးယူေပးပါ ရန္ ဖခင္ျဖစ္သူမွ တုိင္တန္းခဲ႕ေျကာင္း ရဲတပ္ဖဲြ႔ထံမွ သိရသည္။


ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအးခ်မ္းေအာင္အား တက္သစ္နယ္ေျမရဲစခန္းမွ (ပ)၅၄၉/၂၀၁၉ ရာဇသတ္ျကီးပုဒ္မ ၃၆၆ ျဖင့္ အေရးယူထားေျကာင္း သတင္းရရိသည္။


ေဇာ္ေဇာ္မင္းဦး(အင္းစိန္)

Real News Distribution Agency


Unicode


စက်တင်ဘာ ၁၇(၂၀၁၉)


ထန်းတပင်မြို့နယ် ၌ စက်ရုံအလုပ်ဆင်းနေသူ အမျိုးသမီးတစ်ဦးအား အဓမ္မခေါ်ဆောင် ပေါင်းသင်းနေသူ အားအရေးယူထားကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ စက်ရုံအထည်ချုပ်လုပ်ကိုင်နေသူ မ-------မှာ စက်တင်ဘာ ၁၅ ရက်နေက စက်ရုံအလုပ်သွား ရာမှ ည ၇ နာရီခွဲ အချိန်၌ နေအိမ်သို့ အေးချမ်းအောင်(ခ)ကွတ်တီး နှင့်အတူ ပြန်လည်ရောက်ရှိလာပြီး အေးချမ်းအောင်မှာ ပြန်ထွက်သွားသဖြင့် ဖခင်ဖြစ်သူမှ မ-----အား "ဘယ်ကပြန်လာတာလဲ စက်ရုံမဆင်းဘူးလား"ဟု မေးမြန်းရာ သမီးဖြစ်သူမှ ၎င်းနေ့နံနက်က စက်ရုံအသွားလမ်း၌ အေးချမ်းအောင် မှ စက်ရုံသို့ဆိုင်ကယ်ဖြင့်လိုက်ပို့မည်ဟုခေါ်ဆောင် ၍ လိုက်သွားခဲ့ရာ စက်ရုံမပို့ဘဲ ပဲခူးမြို့ရှိ အေးချမ်းအောင် နေအိမ်သို့ခေါ်ဆောင်ကာ သမယားအဖြစ်ဆက်ဆံရာ ၎င်းမှငြင်းဆန်သော်လည်း အေးချမ်းအောင်းက အနိုင်အထက်ပြု၍ အတင်းအဓမ္မသားမယားပြုကျင့်ခဲ့ပြီး နောက် အေးချမ်းအောင်မှ လက်ထပ်ပေါင်းသင်းမည်ဟုပြော၍ နေအိမ်မပြန်ရန်ပြောရာ မ------မှ လတ်တလောလက်ထပ်ပေါင်းသင်းရန်မဖြစ်နှိုင်သေးကြောင်း မိဘများနှင့်တိုင်ပင်ပြီးမှ ပေါင်းသင်းမည်ဟု ချော့မော့ပြောဆိုကာ နေအိမ်ပြန်ပို့ရန် ပြောသဖြင့် လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသည်ဆို၏။


မ------ မှ သဘောမတူဘဲ ပဲခူးမြို့သို့အတင်းအဓမ္မခေါ်ဆောင်၍ သားမယားအဖြစ်ပေါင်းသင်းဆက်ဆံခဲ့သူ အေးချမ်းအောင်(ခ)တွတ်တီး ၂၇ နှစ် ပဲခူးမြို့နေသူအား ဥပဒေအရအရေးယူပေးပါ ရန် ဖခင်ဖြစ်သူမှ တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ အေးချမ်းအောင်အား တက်သစ်နယ်မြေရဲစခန်းမှ (ပ)၅၄၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၆၆ ဖြင့် အရေးယူထားကြောင်း သတင်းရရိသည်။


ဇော်ဇော်မင်းဦး(အင်းစိန်)

Real News Distribution Agency