မယားႀကီးက ေဆးကုခံသြားေနတုန္း ခင္ပြန္းျဖစ္သူက ၁၉ အရြယ္ အမ်ိဳးသမီးနဲ႔ ေဖာက္ျပန္လို႔ အမႈဖြင့္

2019-09-17 23:35:24


မယားႀကီးက ေဆးကုခံသြားေနတုန္း ခင္ပြန္းျဖစ္သူက ၁၉ အရြယ္ အမ်ိဳးသမီးနဲ႔ ေဖာက္ျပန္လို႔ အမႈဖြင့္

ေတာင္ငူခရိုင္ ၊ ေက်ာက္ႀကီးၿမိဳ႕နယ္ ၊ ေညာင္ပင္သာေက်းရြာတြင္ ဇနီးျဖစ္သူ မိဘမ်ားရွိရာေက်းရြာတြင္ ေဆးကုသမႈခံယူေနစဥ္ ေယာက္က်ားျဖစ္သူမွ ေနအိမ္တြင္ တစ္ျခားအမ်ိဳးသမီးျဖင့္ အတူေနထိုင္ ေပါင္းသင္းေနေၾကာင္းသိရၿပီး တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္းသိရသည္။


ထန္းတပင္ၿမိဳ႕နယ္ ၊ မိေခ်ာင္းေခါင္းေက်းရြာေန မေအသီေအာင္ (၂၅)ႏွစ္ ၊(ဘ) ဦးသိန္းျမင့္ ႏွင့္ ေက်ာက္ႀကီးၿမိဳ႕နယ္ ၊ေညာင္ပင္သာေက်းရြာေန ဦးေအးတင္း( ၄၈)ႏွစ္ ၊(ဘ) ဦးေမာင္ငယ္ တို႔သည္ ၂၀၁၅ ခုႏွစ္က ထိုင္းနိုင္ငံတြင္ အလုပ္လုပ္ရင္း ႏွစ္ဦးသေဘာတူလက္ထက္ ေပါင္းသင္းေနထိုင္ကာ ၂၀၁၈ ခုႏွစ္ ဧၿပီလတြင္ ေညာင္ပင္သာရြာသို႔ျပန္လာကာ အိမ္အသစ္ေဆာက္ကာ( ၂ )လ အရြယ္သမီးေလးႏွင့္ အတူေနေၾကာင္း တိုင္ၾကားစာအရသိရသည္။


မေကသီေအာင္သည္ လြန္ခဲ့ေသာ (၁)လခန္႔က သမီးျဖစ္သူႏွင့္အတူ မိဘမ်ားေနထိုင္ေသာ ထန္းတပင္ၿမိဳ႕နယ္ ၊မိေခါင္းေဂါင္းရြာသို႔ ေဆးကုမႈခံယူရန္အတြက္ ေရာက္ရွိေနစဥ္ ေညာင္ပင္သာရြာ မွ အိမ္နီးနားခ်င္း တစ္ဦးမွ ခင္မြန္းျဖစ္သူ ဦးေအးတင္းႏွင့္ တစ္ရြာေန မဇင္မာသက္ ( ၁၉ )ႏွစ္၊(ဘ) ဦးေဇာ္နိုင္ တို႔သည္ ေနအိမ္တြင္ အတူေပါင္းသင္းေနထိုင္ေနၾကေၾကာင္းဖုန္းဆက္အေၾကာင္းၾကားလာေသာေၾကာင့္ ေနအိမ္သို႔ျပန္လာၿပီးၾကည့္ရႈ႔ခဲ့ရာ ၄င္းတို႔ႏွစ္ဦးသည္ အတူေပါင္းသင္းေနထိုင္ေနေၾကာင္း ေတြ႕ရွိခဲ့သည္ဟု တိုင္ၾကားစာအရသိရသည္။


အဆိုပါျဖစ္စဥ္ႏွင့္ ပက္သက္ၿပီး ဦးေအးဝင္းႏွင့္ မဇင္မာ သက္တို႔အား ဥပေဒအရအေရးယူေပးပါရန္ မေကသီေအာင္မွ တရားလိုလုပ္ တိုင္တန္းလာသျဖင့္ မုန္း နယ္ေျမရဲစခန္းတြင္ (ပ)၄၃/၂၀၁၉ တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ထားေၾကာင္းသိရသည္။


ေကတု(ကိုေန ) #AlinnMyay(အလင္းေျမ)


Unicode


တောင်ငူခရိုင် ၊ ကျောက်ကြီးမြို့နယ် ၊ ညောင်ပင်သာကျေးရွာတွင် ဇနီးဖြစ်သူ မိဘများရှိရာကျေးရွာတွင် ဆေးကုသမှုခံယူနေစဉ် ယောက်ကျားဖြစ်သူမှ နေအိမ်တွင် တစ်ခြားအမျိုးသမီးဖြင့် အတူနေထိုင် ပေါင်းသင်းနေကြောင်းသိရပြီး တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။


ထန်းတပင်မြို့နယ် ၊ မိချောင်းခေါင်းကျေးရွာနေ မအေသီအောင် (၂၅)နှစ် ၊(ဘ) ဦးသိန်းမြင့် နှင့် ကျောက်ကြီးမြို့နယ် ၊ညောင်ပင်သာကျေးရွာနေ ဦးအေးတင်း( ၄၈)နှစ် ၊(ဘ) ဦးမောင်ငယ် တို့သည် ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း နှစ်ဦးသဘောတူလက်ထက် ပေါင်းသင်းနေထိုင်ကာ ၂၀၁၈ ခုနှစ် ဧပြီလတွင် ညောင်ပင်သာရွာသို့ပြန်လာကာ အိမ်အသစ်ဆောက်ကာ( ၂ )လ အရွယ်သမီးလေးနှင့် အတူနေကြောင်း တိုင်ကြားစာအရသိရသည်။


မကေသီအောင်သည် လွန်ခဲ့သော (၁)လခန့်က သမီးဖြစ်သူနှင့်အတူ မိဘများနေထိုင်သော ထန်းတပင်မြို့နယ် ၊မိခေါင်းဂေါင်းရွာသို့ ဆေးကုမှုခံယူရန်အတွက် ရောက်ရှိနေစဉ် ညောင်ပင်သာရွာ မှ အိမ်နီးနားချင်း တစ်ဦးမှ ခင်မွန်းဖြစ်သူ ဦးအေးတင်းနှင့် တစ်ရွာနေ မဇင်မာသက် ( ၁၉ )နှစ်၊(ဘ) ဦးဇော်နိုင် တို့သည် နေအိမ်တွင် အတူပေါင်းသင်းနေထိုင်နေကြကြောင်းဖုန်းဆက်အကြောင်းကြားလာသောကြောင့် နေအိမ်သို့ပြန်လာပြီးကြည့်ရှု့ခဲ့ရာ ၎င်းတို့နှစ်ဦးသည် အတူပေါင်းသင်းနေထိုင်နေကြောင်း တွေ့ရှိခဲ့သည်ဟု တိုင်ကြားစာအရသိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ဦးအေးဝင်းနှင့် မဇင်မာ သက်တို့အား ဥပဒေအရအရေးယူပေးပါရန် မကေသီအောင်မှ တရားလိုလုပ် တိုင်တန်းလာသဖြင့် မုန်း နယ်မြေရဲစခန်းတွင် (ပ)၄၃/၂၀၁၉ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည်။


ကေတု(ကိုနေ ) #AlinnMyay(အလင်းမြေ)