မွန္ခ်က္ နဲ႕ ႏွမ္းထြက္ မကိုက္ခဲ့တဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ နည္းျပ ဘဝ ခ်န္ပီယံလိဂ္ အဖြင့္ ရႈံးပြဲ မွ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္

2019-09-18 10:27:21


မွန္ခ်က္ နဲ႕ ႏွမ္းထြက္ မကိုက္ခဲ့တဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ နည္းျပ ဘဝ ခ်န္ပီယံလိဂ္ အဖြင့္ ရႈံးပြဲ မွ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္

ယေန႕ မနက္ က ကစား သြားခဲ့တဲ့ အုပ္စု H ရဲ႕ ပြဲစဥ္ တပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး – ဗလင္စီယာ ပြဲစဥ္ ကေတာ့ အမ်ား ေမွ်ာ္လင့္ထားတဲ့ အတိုင္း မဟုတ္ခဲ့ပဲ ဧည့္သည္ ဗလင္စီယာ က တိုက္စစ္မွဴး ရိုဒရီဂို ရဲ႕ တလံုးတည္းေသာ အႏိုင္ဂိုး နဲ႕ အတူ အိမ္ရွင္ ခ်ယ္လ္ဆီး အသင္း ကို ခ်န္ပီယံလိဂ္ မွာ ပထမဆံုး အၾကိမ္ အႏိုင္ ရသြားခဲ့ျပီ ျဖစ္ပါတယ္ ။ ထို ပြဲစဥ္ အျပီး ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္ ကို အခုလိုပဲ ေဖာ္ျပ ေပးလိုက္ ရပါတယ္ ။


၁ ။ လမ္းပတ္ ရဲ႕ နည္းျပ ဘဝ ကို ေျခာက္လွန္႕ ေနဆဲ ျဖစ္တဲ့ စတမ္းဖို႕ဒ္ ဘရစ္ခ်္ အိမ္မက္ဆိုး


ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ ဒါဘီ အသင္း နဲ႕ အတူ နည္းျပ ေလာက ထဲကို ဝင္ေရာက္ လာခဲ့တဲ့ ဖရန္႕ လမ္းပတ္ ဟာ တရာသီ အၾကာမွာပဲ သူ႕ရဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီး အသင္း ကို နည္းျပသစ္ အျဖစ္ ေရာက္ရွိလို႕ လာပါတယ္ ။ လမ္းပတ္ ဟာ ကစားသမား ဘဝ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ႏိုင္ပြဲ မ်ားစြာ ၊ သြင္းဂိုး မ်ားစြာ ရရွိေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ေပမယ့္ နည္းျပ ဘဝ မွာေတာ့ အိ္မ္ကြင္း ႏိုင္ပြဲ မရေသးပဲ ရွိေနပါတယ္ ။


ပရီးမီးယားလိဂ္ မွာလည္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ လက္စတာ ၊ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း ေတြကို သေရ ရလဒ္သာ ကစား ႏိုင္ခဲ့သလို ၊ ယေန႕ မနက္ က ပြဲမွာလည္း ဗလင္စီယာ ကို ေျခစြမ္းပိုင္း အသာစီး နဲ႕ ကစား ခဲ့ေပမယ့္ ပထမဆံုး အိမ္ကြင္း ပါ ၾကံဳေတြ႕ သြားခဲ့ရျပီ ျဖစ္ပါတယ္ ။



Chelsea’s English head coach Frank Lampard looks on before the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by DANIEL LEAL-OLIVAS / AFP)

၂ ။ ပြဲမတိုင္ခင္ အေျခအေန မတည္ျငိမ္မႈ က ဗလင္စီယာ အသင္း ရဲ႕ ကြင္းတြင္း စည္းလံုးမႈ အေပၚ သက္ေရာက္မႈ မရွိခဲ့


ခ်ယ္လ္ဆီး အသင္း နဲ႕ ခ်န္ပီယံလိဂ္ မကစားမီ မွာ နည္းျပ မာဆယ္လီႏို ကို ထုတ္ပယ္ ခဲ့တဲ့ ဗလင္စီယာ ဘုတ္အဖြဲ႕ အေပၚ ဗလင္စီီယာ အသင္း ေတြက မေက်မနပ္ ျဖစ္ခဲ့ၾကျပီး ဘုတ္အဖြဲ႕ ကို ဆႏၵ ျပတဲ့ အေနနဲ႕ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ ကို တက္ေရာက္ ခဲ့ျခင္း မရွိခဲ့ပါဘူး ။ ဒါ့အျပင္ အေတြ႕အၾကံဳ နည္းေသးတဲ့ နည္းျပသစ္ ဆီလာဒက္စ္ အဖို႕ ပံုစံေကာင္း ရေနတဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ ခ်ယ္လ္ဆီး ကို အႏိုင္ရဖို႔ မျဖစ္ႏိုင္ေလာက္ဘူး လို႕ အမ်ားက ထင္မွတ္ ထားခဲ့ ၾကေပမယ့္ တကယ္တမ္း မွာေတာ့ ဗလင္စီယာ အသင္းသား ေတြဟာ သူတို႕ အေပၚ ထင္ျမင္ခ်က္ မွားယြင္းမႈ ေတြကို ခ်ယ္လ္ဆီး အား အႏိုင္ယူျခင္းျဖင့္ သက္ေသ ျပသြားခဲ့ပါတယ္ ။




၃ ။ ဥေရာပ ျပိဳင္ပြဲ မွာ အီဒင္ ဟာဇတ္ ရဲ႕ ေနရာ ကို ျဖည့္တင္းေပးႏိုင္ဖို႕ ၾကိဳးစား ေနတဲ့ ဝီလီယံ


ယေန႕ မနက္ က ပြဲမွာ အီဒင္ ဟာဇတ္ သာ ရွိမယ္ ဆိုရင္ ခ်ယ္လ္ဆီး အတြက္ ရလဒ္ တခုခု ပိုထူးလာႏိုင္မယ္ ဆိုတာ ေဘာလံုး ပရိသတ္တိုင္း က လက္ခံ ၾကမွာ ျဖစ္ပါတယ္ ။ သို႕ေပမယ့္ လည္း ဟာဇတ္ ရဲ႕ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံ ခဲ့တဲ့ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ ရဲ႕ ၾကိဳးစား အားထုတ္မႈ တခ်ိဳ႕ ကိုလည္း အသိအမွတ္ မျပဳလို႕ မရပါဘူး ။ ဝီလီယံ ဟာ ဗလင္စီယာ နဲ႕ ပြဲမွာ ညာေတာင္ပံ တေလွ်ာက္ ဗလင္စီယာ ေနာက္တန္း ကို အလုပ္ ရႈပ္ေစခဲ့သလို ၊ ၄င္းရဲ႕ တိုးအား ရုန္းအားေကာင္း တခ်ိဳ႕ ကုိလည္း ဆက္လက္ ျမင္ေတြ႕ ခဲ့ရပါတယ္ ။


ၾကိဳးစားပမ္းစား သြင္းဂိုး ေတြ ရရွိဖို႕ လုပ္ေဆာင္ ခဲ့ေပမယ့္ ဆီလက္ဆန္ ရဲ႕ လက္စြမ္းျပမႈ တခ်ိဳ႕ ေၾကာင့္ ႏိုင္ပြဲ နဲ႕ပါ ေဝးကြာ ခဲ့ရပါတယ္ ။ သို႕ေပမယ့္ လည္း ဝီလီယံ ဟာ ထို ပြဲစဥ္ ရဲ႕ အေကာင္းဆံုး ကစားသမားဆု ကိုေတာ့ ရရွိခဲ့ပါတယ္ ။




၄ ။ ေႏြရာသီ အေျပာင္းအေရႊ႕ ရဲ႕ အထိုက္တန္ဆံုး ေခၚယူမႈ တခု ျဖစ္ေၾကာင္း သက္ေသ ျပခဲ့တဲ့ ဆီလက္ဆန္


ဘာစီလိုနာ အသင္း မွာ အရန္ ဂိုးသမား အေနနဲ႕သာ ကစားခြင့္ ရခဲ့တဲ့ နယ္သာလန္ လက္ေရြးစင္ ဂိုးသမား ဆီလက္ဆန္ ဟာ ယေန႕ မနက္ က ခ်ယ္လ္ဆီး အသင္း ကို အႏိုင္ ရခဲ့တဲ့ ပြဲစဥ္ မွာေတာ့ ဗလင္စီယာ ရဲ႕ ဟီးရိုး တဦး ျဖစ္ခဲ့တယ္ လို႕ သတ္မွတ္ရင္ မမွား ႏိုုင္ပါဘူး ။ ယေန႕ မနက္ က ပြဲမွာလည္း မားကို႕စ္ အလြန္ဆို ရဲ႕ တိုက္ရိုက္ ဖရီးကစ္ ကန္သြင္းမႈ ၂ၾကိမ္ ကို အထူး လက္စြမ္းျပ ကာကြယ္ သြားႏိုင္ ခဲ့သလို တပြဲလံုး အမွားနည္းေအာင္ ကစား သြားႏိုင္ခဲ့ပါတယ္ ။



Valencia’s Dutch goalkeeper Jasper Cillessen celebrates after winning the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by DANIEL LEAL-OLIVAS / AFP)

၅ ။ ပင္နယ္တီ လြဲေခ်ာ္မႈ အတြက္ အသင္းေဖာ္ ေတြကို ေသခ်ာေပါက္ ေတာင္းပန္ ရမယ့္ ဘာကေလ


ဘာကေလ ဟာ ယေန႕ မနက္ က ပြဲျပီးခါနီး မွာ ကိုဗာဆစ္ အစား လူစားဝင္ လာခဲ့ေပမယ့္ ရရွိ လာတဲ့ ပင္နယ္တီ အခြင့္အေရး ကို ဝီလီယံ ၊ ေဂ်ာ္ဂ်င္ဟို တို႕ ေတာင္းေနတဲ့ ၾကားက ကန္ခ်င္ေဇာ မ်ားစြာ နဲ႕ ကန္သြင္း အဆံုးသတ္ ခဲ့ေပမယ့္ ဘာတန္းထိကာ လြဲေခ်ာ္ ခဲ့ပါတယ္ ။ ဒါဟာ ရွားရွားပါးပါး ရရွိတဲ့ ပင္နယ္တီ အခြင့္အေရး ျဖစ္ကာ ခ်ယ္လ္ဆီး ပရိသတ္ ေတြကေတာ့ ဘာကေလ အေပၚ အေတာ္ေလး ေဒါသ ထြက္ေနၾကပါတယ္ ။




ယခင္ က ခ်ယ္လ္ဆီး အသင္း ရဲ႕ ပင္နယ္တီ ကို ေဂ်ာ္ဂ်င္ဟို ကန္သြင္း ေနၾက ျဖစ္ေပမယ့္ ၄င္းရဲ႕ ကန္ပံု က အနည္းငယ္ ေပ်ာ့တ့ဲ အတြက္ တခါတရံ မွာ ဂိုးသမား တခ်ိဳ႕ က လြယ္လြယ္ကူကူ ဖမ္းႏိုင္ၾကပါတယ္ ။ ဝီလီယံ ဟာလည္း ယခင္ ကတည္းက ခ်ယ္လ္ဆီး အသင္း ရဲ႕ ပင္နယ္တီ ကန္သြင္းသူ တဦး ျဖစ္ေပမယ့္ ဘာကေလ ဟာ သူ႕ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ မွာ ဂိုးရခ်င္ေဇာ နဲ႕ ပင္နယ္တီ ကန္ဖို႕ ၾကိဳးစား ခဲ့ေပမယ့္ ၄င္းရဲ႕ ၾကိဳးစားမႈ က အရာမထင္ ခဲ့တာေၾကာင့္ ပြဲအျပီးမွာ အသင္းေဖာ္ ေတြကို ေတာင္းပန္ဖို႕ေတာ့ လိုပါလိမ့္မယ္ ။


SPORTS MYANMAR


Unicode


မှန်ချက် နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ နည်းပြ ဘဝ ချန်ပီယံလိဂ် အဖွင့် ရှုံးပွဲ မှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်


ယနေ့ မနက် က ကစား သွားခဲ့တဲ့ အုပ်စု H ရဲ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – ဗလင်စီယာ ပွဲစဉ် ကတော့ အများ မျှော်လင့်ထားတဲ့ အတိုင်း မဟုတ်ခဲ့ပဲ ဧည့်သည် ဗလင်စီယာ က တိုက်စစ်မှူး ရိုဒရီဂို ရဲ့ တလုံးတည်းသော အနိုင်ဂိုး နဲ့ အတူ အိမ်ရှင် ချယ်လ်ဆီး အသင်း ကို ချန်ပီယံလိဂ် မှာ ပထမဆုံး အကြိမ် အနိုင် ရသွားခဲ့ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် အပြီး ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ ဖော်ပြ ပေးလိုက် ရပါတယ် ။


၁ ။ လမ်းပတ် ရဲ့ နည်းပြ ဘဝ ကို ခြောက်လှန့် နေဆဲ ဖြစ်တဲ့ စတမ်းဖို့ဒ် ဘရစ်ချ် အိမ်မက်ဆိုး


ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ဒါဘီ အသင်း နဲ့ အတူ နည်းပြ လောက ထဲကို ဝင်ရောက် လာခဲ့တဲ့ ဖရန့် လမ်းပတ် ဟာ တရာသီ အကြာမှာပဲ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီး အသင်း ကို နည်းပြသစ် အဖြစ် ရောက်ရှိလို့ လာပါတယ် ။ လမ်းပတ် ဟာ ကစားသမား ဘဝ မှာ ချယ်လ်ဆီး အသင်း ရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ နိုင်ပွဲ များစွာ ၊ သွင်းဂိုး များစွာ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပေမယ့် နည်းပြ ဘဝ မှာတော့ အိ်မ်ကွင်း နိုင်ပွဲ မရသေးပဲ ရှိနေပါတယ် ။


ပရီးမီးယားလိဂ် မှာလည်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ ချယ်လ်ဆီး အသင်း ဟာ လက်စတာ ၊ ရှက်ဖီးလ် ယူနိုက်တက် အသင်း တွေကို သရေ ရလဒ်သာ ကစား နိုင်ခဲ့သလို ၊ ယနေ့ မနက် က ပွဲမှာလည်း ဗလင်စီယာ ကို ခြေစွမ်းပိုင်း အသာစီး နဲ့ ကစား ခဲ့ပေမယ့် ပထမဆုံး အိမ်ကွင်း ပါ ကြုံတွေ့ သွားခဲ့ရပြီ ဖြစ်ပါတယ် ။


၂ ။ ပွဲမတိုင်ခင် အခြေအနေ မတည်ငြိမ်မှု က ဗလင်စီယာ အသင်း ရဲ့ ကွင်းတွင်း စည်းလုံးမှု အပေါ် သက်ရောက်မှု မရှိခဲ့


ချယ်လ်ဆီး အသင်း နဲ့ ချန်ပီယံလိဂ် မကစားမီ မှာ နည်းပြ မာဆယ်လီနို ကို ထုတ်ပယ် ခဲ့တဲ့ ဗလင်စီယာ ဘုတ်အဖွဲ့ အပေါ် ဗလင်စီီယာ အသင်း တွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး ဘုတ်အဖွဲ့ ကို ဆန္ဒ ပြတဲ့ အနေနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက် ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဒါ့အပြင် အတွေ့အကြံု နည်းသေးတဲ့ နည်းပြသစ် ဆီလာဒက်စ် အဖို့ ပုံစံကောင်း ရနေတဲ့ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီး ကို အနိုင်ရဖို့ မဖြစ်နိုင်လောက်ဘူး လို့ အများက ထင်မှတ် ထားခဲ့ ကြပေမယ့် တကယ်တမ်း မှာတော့ ဗလင်စီယာ အသင်းသား တွေဟာ သူတို့ အပေါ် ထင်မြင်ချက် မှားယွင်းမှု တွေကို ချယ်လ်ဆီး အား အနိုင်ယူခြင်းဖြင့် သက်သေ ပြသွားခဲ့ပါတယ် ။


၃ ။ ဥရောပ ပြိုင်ပွဲ မှာ အီဒင် ဟာဇတ် ရဲ့ နေရာ ကို ဖြည့်တင်းပေးနိုင်ဖို့ ကြိုးစား နေတဲ့ ဝီလီယံ


ယနေ့ မနက် က ပွဲမှာ အီဒင် ဟာဇတ် သာ ရှိမယ် ဆိုရင် ချယ်လ်ဆီး အတွက် ရလဒ် တခုခု ပိုထူးလာနိုင်မယ် ဆိုတာ ဘောလုံး ပရိသတ်တိုင်း က လက်ခံ ကြမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ဟာဇတ် ရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံ ခဲ့တဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ရဲ့ ကြိုးစား အားထုတ်မှု တချို့ ကိုလည်း အသိအမှတ် မပြုလို့ မရပါဘူး ။ ဝီလီယံ ဟာ ဗလင်စီယာ နဲ့ ပွဲမှာ ညာတောင်ပံ တလျှောက် ဗလင်စီယာ နောက်တန်း ကို အလုပ် ရှုပ်စေခဲ့သလို ၊ ၄င်းရဲ့ တိုးအား ရုန်းအားကောင်း တချို့ ကိုလည်း ဆက်လက် မြင်တွေ့ ခဲ့ရပါတယ် ။


ကြိုးစားပမ်းစား သွင်းဂိုး တွေ ရရှိဖို့ လုပ်ဆောင် ခဲ့ပေမယ့် ဆီလက်ဆန် ရဲ့ လက်စွမ်းပြမှု တချို့ ကြောင့် နိုင်ပွဲ နဲ့ပါ ဝေးကွာ ခဲ့ရပါတယ် ။ သို့ပေမယ့် လည်း ဝီလီယံ ဟာ ထို ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ရရှိခဲ့ပါတယ် ။


၄ ။ နွေရာသီ အပြောင်းအရွှေ့ ရဲ့ အထိုက်တန်ဆုံး ခေါ်ယူမှု တခု ဖြစ်ကြောင်း သက်သေ ပြခဲ့တဲ့ ဆီလက်ဆန်


ဘာစီလိုနာ အသင်း မှာ အရန် ဂိုးသမား အနေနဲ့သာ ကစားခွင့် ရခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ဂိုးသမား ဆီလက်ဆန် ဟာ ယနေ့ မနက် က ချယ်လ်ဆီး အသင်း ကို အနိုင် ရခဲ့တဲ့ ပွဲစဉ် မှာတော့ ဗလင်စီယာ ရဲ့ ဟီးရိုး တဦး ဖြစ်ခဲ့တယ် လို့ သတ်မှတ်ရင် မမှား နိုုင်ပါဘူး ။ ယနေ့ မနက် က ပွဲမှာလည်း မားကို့စ် အလွန်ဆို ရဲ့ တိုက်ရိုက် ဖရီးကစ် ကန်သွင်းမှု ၂ကြိမ် ကို အထူး လက်စွမ်းပြ ကာကွယ် သွားနိုင် ခဲ့သလို တပွဲလုံး အမှားနည်းအောင် ကစား သွားနိုင်ခဲ့ပါတယ် ။


၅ ။ ပင်နယ်တီ လွဲချော်မှု အတွက် အသင်းဖော် တွေကို သေချာပေါက် တောင်းပန် ရမယ့် ဘာကလေ


ဘာကလေ ဟာ ယနေ့ မနက် က ပွဲပြီးခါနီး မှာ ကိုဗာဆစ် အစား လူစားဝင် လာခဲ့ပေမယ့် ရရှိ လာတဲ့ ပင်နယ်တီ အခွင့်အရေး ကို ဝီလီယံ ၊ ဂျော်ဂျင်ဟို တို့ တောင်းနေတဲ့ ကြားက ကန်ချင်ဇော များစွာ နဲ့ ကန်သွင်း အဆုံးသတ် ခဲ့ပေမယ့် ဘာတန်းထိကာ လွဲချော် ခဲ့ပါတယ် ။ ဒါဟာ ရှားရှားပါးပါး ရရှိတဲ့ ပင်နယ်တီ အခွင့်အရေး ဖြစ်ကာ ချယ်လ်ဆီး ပရိသတ် တွေကတော့ ဘာကလေ အပေါ် အတော်လေး ဒေါသ ထွက်နေကြပါတယ် ။


ယခင် က ချယ်လ်ဆီး အသင်း ရဲ့ ပင်နယ်တီ ကို ဂျော်ဂျင်ဟို ကန်သွင်း နေကြ ဖြစ်ပေမယ့် ၄င်းရဲ့ ကန်ပုံ က အနည်းငယ် ပျော့တဲ့ အတွက် တခါတရံ မှာ ဂိုးသမား တချို့ က လွယ်လွယ်ကူကူ ဖမ်းနိုင်ကြပါတယ် ။ ဝီလီယံ ဟာလည်း ယခင် ကတည်းက ချယ်လ်ဆီး အသင်း ရဲ့ ပင်နယ်တီ ကန်သွင်းသူ တဦး ဖြစ်ပေမယ့် ဘာကလေ ဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် မှာ ဂိုးရချင်ဇော နဲ့ ပင်နယ်တီ ကန်ဖို့ ကြိုးစား ခဲ့ပေမယ့် ၄င်းရဲ့ ကြိုးစားမှု က အရာမထင် ခဲ့တာကြောင့် ပွဲအပြီးမှာ အသင်းဖော် တွေကို တောင်းပန်ဖို့တော့ လိုပါလိမ့်မယ် ။


SPORTS MYANMAR