ဘာစီလုိနာ ကို ႏိုင္ခဲ့သင့္တယ္လုိ႔ ေဒါ့မြန္ ခံစစ္မႈး ဟမ္းမဲလ္ ေျပာဆို

2019-09-18 10:30:06


ဘာစီလုိနာ ကို ႏိုင္ခဲ့သင့္တယ္လုိ႔ ေဒါ့မြန္ ခံစစ္မႈး ဟမ္းမဲလ္ ေျပာဆို

ဂ်ာမန္ ကလပ္ ေဒါ့မြန္ ဟာ ယမန္ေန႔ ညက ခ်န္ပီယံ လိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ အျဖစ္ စပိန္ လာလီဂါ ကလပ္ ဘာစီလုိနာ ကို အိမ္ကြင္း မွာ ဧည့္ခံ ကစား ၿပီး ဂုိးမရွိ သေရ က်ခဲ့ ပါတယ္ ။ ေဒါ့မြန္ ဟာ ပင္နယ္တီ ရရွိ ခဲ့ ေပမယ့္ ဂုိး ရေအာင္ မသြင္း ႏုိင္ ခဲ့တာ ေၾကာင့္ ယခု ႏွစ္ ခ်န္ပီယံ လိဂ္ ရဲ႕ မရဏ အုပ္စု ကို အႏုိင္ နဲ႔ ဖြင့္လွစ္ ခြင့္ ကို လြဲ ေခ်ာ္ သြားခဲ့ ရတာပဲ ျဖစ္ ပါတယ္ ။



Barcelona’s German goalkeeper Marc-Andre Ter Stegen (L) holds the ball after saving Dortmund’s German forward Marco Reus’ penaty during the UEFA Champions League Group F football match Borussia Dortmund v FC Barcelona in Dortmund, western Germany, on September 17, 2019. (Photo by John MACDOUGALL / AFP)

ေဒါ့မြန္ အသင္း ရဲ႕ ခံစစ္ မႈး မတ္ ဟမ္းမဲလ္ ကေတာ့ ဒုတိယ ပုိင္း မွာ သူတို႔ရဲ႕ ကစားပံု ပိုမို ေကာင္းမြန္ လာခဲ့ ၿပီး အႏုိင္ ၃ မွတ္ နဲ႔ လည္း ထုိက္တန္ ခဲ့ေၾကာင္း ေျပာဆို ခဲ့ သလို ဘာစီလိုနာ ဘက္က လူစား ၀င္ လာတဲ့ တိုက္စစ္မႈး မက္ဆီ ၊ ေနာက္ဆံုး မိနစ္ မွာ ဂုိး ၀င္ေအာင္ မသြင္း ခဲ့တဲ့ အတြက္ လည္း ၀မ္းေျမာက္ မိတယ္ လို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။




“ပထမပိုင္း မွာ ကြ်န္ေတာ္တို႔ ကစားပံု သိပ္ မေကာင္းခဲ့ ပါဘူး ။ လြယ္လြယ္ ကူကူပဲ ေဘာလံုး ေတြ ပ်က္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒုတိယပုိင္း ကေတာ့ တကယ့္ အပ်ံစား ပါပဲ ။ ဘာစီလုိနာ ကို ဖိထားၿပီး အမွားေတြ လုပ္မိ ေအာင္ ဖိအားေပး ႏုိင္ခဲ့ ပါတယ္”


“ဒါေပမယ့္ ကံမေကာင္းခ်င္ ေတာ့ ရလာတဲ့ အခြင့္ အေရးေတြ ကို အသံုးမခ် ႏုိင္ ခဲ့ ပါဘူး ။ ၂ မွတ္ ဆံုးရွဳံး သြား ရတယ္ ဆိုတဲ့ ခံစား ခ်က္ က အိမ္ျပန္တဲ့ အထိ စိတ္ထဲမွာ ရွိ ေနဦး မွာပါ ။ ဒီ ရလဒ္ အတြက္ ကိုယ့္ကို ကိုယ္ အျပစ္ တင္ ရမွာပါပဲ ။ မက္ဆီ ရဲ႕ ေနာက္ဆံုး မိနစ္ အခြင့္ အေရးသာ ဂုိးသြားခဲ့ မယ္ ဆိုရင္ ကြ်န္ေတာ္တို႔ ေတာ္ေတာ္ ညံ့တဲ့ ပြဲ ကို ကစားခဲ့တယ္ လုိ႔ ေျပာရမွာပါ ။ သူ ဂုိး မ၀င္ ခဲ့တာ ေက်းဇူး တင္ရ မွာပါပဲ ။ အသင္းရဲ႕ ကစားပံု က ေကာင္းပါတယ္ ၊ ဒါေပမယ့္ အဆံုးသတ္ တဲ့ ေနရာမွာေတာ့ အားနည္းခ်က္ေလး ေတြ ရွိခဲ့ ပါတယ္” လို႔ ဟမ္းမဲလ္ က ေျပာဆို သြားခဲ့ ပါတယ္ ။




ေဒါ့မြန္ ရဲ႕ ပင္နယ္တီ ကို ၀င္ေအာင္ မကန္ နိုင္ ခဲ့တဲ့ အသင္း ေခါင္းေဆာင္ မာကိုရူးစ္ ကလည္း ပင္နယ္တီ မ၀င္ မႈ ဟာ သူ႔ရဲ႕ ညံ့ဖ်င္းမႈ ျဖစ္တယ္ လို႔ ဆိုခဲ့ၿပီး အျခား အခြင့္ အေရး ေကာင္း အခ်ဳိ႕ ကိုလည္း လြဲေခ်ာ္ ခဲ့ ရတယ္ လို႔ ဆုိသြား ခဲ့ ပါတယ္ ။


“အရုိးသားဆံုး ၀န္ခံ ရရင္ ပင္နယ္တီ မ၀င္တာ ကြ်န္ေတာ္ အသံုး မက်လုိ႔ ပါ ။ ကန္ခ်က္ ကေတာ္ေတာ္ႀကီး ကို ဆိုး ခဲ့ ပါတယ္ ။ ဒါ့ အျပင္ ေနာက္ထပ္ အခြင့္ အေရး ၄-၅ ႀကိမ္ ေလာက္ ကိုလည္း အသံုး မခ်ႏုိင္ ခဲ့ ပါဘူး ။ ဒုတိယပုိင္း မွာ ဘာစီလုိနာ ကို စိုးမိုး ထားႏုိင္ ခဲ့ ၿပီး သူတုိ႔ အခြင့္ အေရး နည္းနည္း ပဲ ရခဲ့ တာပါ”


“ဘာပဲ ျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ လာမယ့္ ပြဲေတြ အတြက္ ျပင္ဆင္ ရ ပါမယ္ ။ တာစတီဂ်န္ ဟာ တကယ္ ေကာင္းတဲ့ ကမၻာ့ အဆင့္ ဂုိး သမားပါ ။ ကြ်န္ေတာ့ ပင္နယ္တီ ကန္ခ်က္ ကလည္း ညံ့ခဲ့ ပါတယ္ ။ ထပ္ၿပီး ေလ့က်င့္ ဖို႔ လိုပါ ေသးတယ္ ။ ေနာက္တစ္ခါ ဆိုရင္ေတာ့ ဒီလို အမွားမ်ဳိး မလုပ္မိ ေအာင္ သတိထား ရေတာ့ မွာပါ” လို႔ ပြဲ အၿပီး မွာ မာကို ရူးစ္ က ေျပာဆို သြားခဲ့ ပါတယ္ ။



ေဒါ့မြန္ ဟာ ဘာစီလိုနာ နဲ႔ သေရ က်ၿပီး ပြဲစဥ္ ( ၁ ) အၿပီး မွာ ရမွတ္ ၁ မွတ္ ရရွိ ထား သလို အျခား ပြဲစဥ္ မွာ လည္း အင္တာ မီလန္ ဟာ ဆလားဗီးယား ပရပ္ အသင္း နဲ႔ သေရ က်ခဲ့တာ ေၾကာင့္ ၄ သင္းစလံုး ၁ မွတ္စီ နဲ႔ ေရွ႕ဆက္ ေနခဲ့ၾက ပါတယ္ ။


ေဒါ့မြန္ ဟာ ပြဲစဥ္ ၂ မွာေတာ့ ဆလားဗီးယား ပရပ္ အသင္း ရဲ႕ ကြင္းကို သြားေရာက္ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။


SPORTS MYANMAR


Unicode


ဘာစီလိုနာ ကို နိုင်ခဲ့သင့်တယ်လို့ ဒေါ့မွန် ခံစစ်မှုး ဟမ်းမဲလ် ပြောဆို


========================================


ဂျာမန် ကလပ် ဒေါ့မွန် ဟာ ယမန်နေ့ ညက ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် စပိန် လာလီဂါ ကလပ် ဘာစီလိုနာ ကို အိမ်ကွင်း မှာ ဧည့်ခံ ကစား ပြီး ဂိုးမရှိ သရေ ကျခဲ့ ပါတယ် ။ ဒေါ့မွန် ဟာ ပင်နယ်တီ ရရှိ ခဲ့ ပေမယ့် ဂိုး ရအောင် မသွင်း နိုင် ခဲ့တာ ကြောင့် ယခု နှစ် ချန်ပီယံ လိဂ် ရဲ့ မရဏ အုပ်စု ကို အနိုင် နဲ့ ဖွင့်လှစ် ခွင့် ကို လွဲ ချော် သွားခဲ့ ရတာပဲ ဖြစ် ပါတယ် ။


ဒေါ့မွန် အသင်း ရဲ့ ခံစစ် မှုး မတ် ဟမ်းမဲလ် ကတော့ ဒုတိယ ပိုင်း မှာ သူတို့ရဲ့ ကစားပုံ ပိုမို ကောင်းမွန် လာခဲ့ ပြီး အနိုင် ၃ မှတ် နဲ့ လည်း ထိုက်တန် ခဲ့ကြောင်း ပြောဆို ခဲ့ သလို ဘာစီလိုနာ ဘက်က လူစား ၀င် လာတဲ့ တိုက်စစ်မှုး မက်ဆီ ၊ နောက်ဆုံး မိနစ် မှာ ဂိုး ၀င်အောင် မသွင်း ခဲ့တဲ့ အတွက် လည်း ၀မ်းမြောက် မိတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။


“ပထမပိုင်း မှာ ကျွန်တော်တို့ ကစားပုံ သိပ် မကောင်းခဲ့ ပါဘူး ။ လွယ်လွယ် ကူကူပဲ ဘောလုံး တွေ ပျက်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း ကတော့ တကယ့် အပျံစား ပါပဲ ။ ဘာစီလိုနာ ကို ဖိထားပြီး အမှားတွေ လုပ်မိ အောင် ဖိအားပေး နိုင်ခဲ့ ပါတယ်”


“ဒါပေမယ့် ကံမကောင်းချင် တော့ ရလာတဲ့ အခွင့် အရေးတွေ ကို အသုံးမချ နိုင် ခဲ့ ပါဘူး ။ ၂ မှတ် ဆုံးရှုံး သွား ရတယ် ဆိုတဲ့ ခံစား ချက် က အိမ်ပြန်တဲ့ အထိ စိတ်ထဲမှာ ရှိ နေဦး မှာပါ ။ ဒီ ရလဒ် အတွက် ကိုယ့်ကို ကိုယ် အပြစ် တင် ရမှာပါပဲ ။ မက်ဆီ ရဲ့ နောက်ဆုံး မိနစ် အခွင့် အရေးသာ ဂိုးသွားခဲ့ မယ် ဆိုရင် ကျွန်တော်တို့ တော်တော် ညံ့တဲ့ ပွဲ ကို ကစားခဲ့တယ် လို့ ပြောရမှာပါ ။ သူ ဂိုး မဝင် ခဲ့တာ ကျေးဇူး တင်ရ မှာပါပဲ ။ အသင်းရဲ့ ကစားပုံ က ကောင်းပါတယ် ၊ ဒါပေမယ့် အဆုံးသတ် တဲ့ နေရာမှာတော့ အားနည်းချက်လေး တွေ ရှိခဲ့ ပါတယ်” လို့ ဟမ်းမဲလ် က ပြောဆို သွားခဲ့ ပါတယ် ။


ဒေါ့မွန် ရဲ့ ပင်နယ်တီ ကို ၀င်အောင် မကန် နိုင် ခဲ့တဲ့ အသင်း ခေါင်းဆောင် မာကိုရူးစ် ကလည်း ပင်နယ်တီ မဝင် မှု ဟာ သူ့ရဲ့ ညံ့ဖျင်းမှု ဖြစ်တယ် လို့ ဆိုခဲ့ပြီး အခြား အခွင့် အရေး ကောင်း အချို့ ကိုလည်း လွဲချော် ခဲ့ ရတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။


“အရိုးသားဆုံး ၀န်ခံ ရရင် ပင်နယ်တီ မဝင်တာ ကျွန်တော် အသုံး မကျလို့ ပါ ။ ကန်ချက် ကတော်တော်ကြီး ကို ဆိုး ခဲ့ ပါတယ် ။ ဒါ့ အပြင် နောက်ထပ် အခွင့် အရေး ၄-၅ ကြိမ် လောက် ကိုလည်း အသုံး မချနိုင် ခဲ့ ပါဘူး ။ ဒုတိယပိုင်း မှာ ဘာစီလိုနာ ကို စိုးမိုး ထားနိုင် ခဲ့ ပြီး သူတို့ အခွင့် အရေး နည်းနည်း ပဲ ရခဲ့ တာပါ”


“ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လာမယ့် ပွဲတွေ အတွက် ပြင်ဆင် ရ ပါမယ် ။ တာစတီဂျန် ဟာ တကယ် ကောင်းတဲ့ ကမ္ဘာ့ အဆင့် ဂိုး သမားပါ ။ ကျွန်တော့ ပင်နယ်တီ ကန်ချက် ကလည်း ညံ့ခဲ့ ပါတယ် ။ ထပ်ပြီး လေ့ကျင့် ဖို့ လိုပါ သေးတယ် ။ နောက်တစ်ခါ ဆိုရင်တော့ ဒီလို အမှားမျိုး မလုပ်မိ အောင် သတိထား ရတော့ မှာပါ” လို့ ပွဲ အပြီး မှာ မာကို ရူးစ် က ပြောဆို သွားခဲ့ ပါတယ် ။


ဒေါ့မွန် ဟာ ဘာစီလိုနာ နဲ့ သရေ ကျပြီး ပွဲစဉ် ( ၁ ) အပြီး မှာ ရမှတ် ၁ မှတ် ရရှိ ထား သလို အခြား ပွဲစဉ် မှာ လည်း အင်တာ မီလန် ဟာ ဆလားဗီးယား ပရပ် အသင်း နဲ့ သရေ ကျခဲ့တာ ကြောင့် ၄ သင်းစလုံး ၁ မှတ်စီ နဲ့ ရှေ့ဆက် နေခဲ့ကြ ပါတယ် ။


ဒေါ့မွန် ဟာ ပွဲစဉ် ၂ မှာတော့ ဆလားဗီးယား ပရပ် အသင်း ရဲ့ ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။


SPORTS MYANMAR