လက္စြမ္း ျပခဲ့တဲ့ ဆီလက္ဆန္ ၊ ၿဂိဳဟ္ေမႊခဲ့တဲ့ ဘာကေလ ၊ အိမ္ကြင္း ႏိုင္ပြဲ ေပ်ာက္ေနဆဲ လမ္းပတ္ ( Chelsea 0 – 1 Valencia Review )

2019-09-18 10:32:12


လက္စြမ္း ျပခဲ့တဲ့ ဆီလက္ဆန္ ၊ ၿဂိဳဟ္ေမႊခဲ့တဲ့ ဘာကေလ ၊ အိမ္ကြင္း ႏိုင္ပြဲ ေပ်ာက္ေနဆဲ လမ္းပတ္ ( Chelsea 0 – 1 Valencia Review )

ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု H ရဲ႕ ပြဲစဥ္ တပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး – ဗလင္စီယာ ပြဲစဥ္ ကေတာ့ ဧည့္သည္ ဗလင္စီယာ အသင္း တိုက္စစ္မွဴး ရိုဒရီဂို ရဲ႕ တလံုးတည္းေသာ သြင္းဂိုး နဲ႕ အိမ္ရွင္ ခ်ယ္လ္ဆီး အသင္း ကို ခ်န္ပီယံလိဂ္ အဖြင့္ အိပ္မက္ဆိုး ေတြ ေပးလိုက္ပါတယ္ ။



Valencia’s Spanish forward Rodrigo Moreno celebrates after scoring during the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by DANIEL LEAL-OLIVAS / AFP)

ဗလင္စီယာ အသင္း ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ မကစားမီ အသင္း အတြင္း မျငိမ္သက္မႈ မ်ား ျဖစ္ေပၚ ထားျပီး အထိုင္က် ေနတဲ့ နည္းျပ မာဆယ္လီႏို ကို ထုတ္ပယ္ျပီး လူငယ္ နည္းျပ တဦး ျဖစ္တဲ့ အယ္ဘာတို ဆီလာဒက္စ္ နဲ႕ အစားထိုး ထားပါတယ္ ။ ၄င္းရဲ႕ ဗလင္စီယာ နည္းျပ အဖြင့္ပြဲ ဟာလည္း ဘာစီလိုနာ ကို ၅ – ၂ နဲ႕ အေရးနိမ့္ ခဲ့တာေၾကာင့္ ဝုလ္ဗ္ နဲ႕ ပြဲမွာ ပံုစံေကာင္း ရခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း က ဒီပြဲမွာ အသာစီးပဲ လို႕ ပရိသတ္ ေတြ အေတာ္မ်ားမ်ား က ယူဆ ထားခဲ့ၾကပါတယ္ ။


သို႕ေပမယ့္ တကယ့္ ပြဲခ်ိန္ အတြင္း မွာေတာ့ ဗလင္စီယာ အသင္း ဟာ သူတို႕ရဲ႕ စည္းလံုးမႈ ကို ထုတ္ေဖာ္ ျပသ သြားခဲ့ျပီး အိမ္ရွင္ ခ်ယ္လ္ဆီး အသင္း ကို ခံစစ္ က်စ္လ်စ္မႈ ရွိရွိ နဲ႕ ခုခံ သြားခဲ့သလို လ်င္ျမန္မႈ ရွိတဲ့ တန္ျပန္ တိုက္စစ္ နဲ႕ အတူ မိနစ္ တခ်ိဳ႕ မွာ ခ်ယ္လ္ဆီး အေပၚ ထိေရာက္တဲ့ ျခိမ္းေျခာက္မႈ ေတြ ျပဳလုပ္ ျပႏိုင္ ခဲ့ပါတယ္ ။


အိမ္ရွင္ ခ်ယ္လ္ဆီး အသင္း နဲ႕ ဖရန္႕ လမ္းပတ္ အတြက္ကေတာ့ ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ အတြက္ ေမွ်ာ္လင့္ခ်က္ ၾကီးမားစြာ နဲ႕ ၾကိဳးစား ကစား ခဲ့ေပမယ့္ ျပိဳင္ဖက္ ဂိုးသမား ဆီလက္ဆန္ လက္စြမ္း ျပေနခဲ့သလို ၊ ကံတရား ရဲ႕ ေဖးမမႈ ၊ VAR ရဲ႕ မ်က္ႏွာသာ ေပးမႈ နဲ႕ အတူ ပင္နယ္တီ တလံုး လက္ေဆာင္ ရခဲ့ေပမယ့္ လူစားဝင္ ကြင္းလယ္လူ ဘာကေလ က ျဖဳန္းတီး ပစ္ခဲ့လို႕ အိမ္ကြင္း ႏိုင္ပြဲ နဲ႕ ဆက္လက္ ေဝးေနရပါတယ္ ။



Valencia’s Dutch goalkeeper Jasper Cillessen celebrates after winning the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by DANIEL LEAL-OLIVAS / AFP)

တပြဲလံုး မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ ဗလင္စီယာ အသင္း တို႕ဟာ သူတို႕ သံုးေနၾက အားသန္မႈ ရွိတဲ့ နည္းစနစ္ ေတြကိုသာ ထုတ္သံုး သြားခဲ့ေပမယ့္ လူငယ္ ကစားသမား ေတြနဲ႕ ခ်န္ပီယံလိဂ္ အေတြ႕အၾကံဳ နည္းတဲ့ ကစားသမား ေတြ ရွိေနခဲ့တာေၾကာင့္ ဒီ အခ်က္ ကလည္း ယေန႕ မနက္က ရႈံးပြဲ မွာ အဓိက အခရာ က်သြားခဲ့တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ဗလင္စီယာ ဂိုးသမား ဆီလက္ဆန္ ဟာလည္း အလြန္ဆို ရဲ႕ ဖရီးကစ္ ကန္သြင္းမႈ ၂ၾကိမ္ ကို လက္စြမ္းျပ ကာကြယ္ သြားႏိုင္ခဲ့ပါတယ္ ။


တပြဲလံုး ကန္ခ်က္ အၾကိမ္ ၂၀ ေက်ာ္ခဲ့ေပမယ့္ ထိေရာက္တဲ့ ျခိမ္းေျခာက္မႈ က အနည္းငယ္ သာ ရွိခဲ့လို႕ ခ်ယ္လ္ဆီး တို႕ ခ်န္ပီယံလိဂ္ အုပ္စု က လြန္ေျမာက္ဖို႕ အတြက္ လာမယ့္ ပြဲစဥ္ ေတြမွာ ဆက္လက္ ရုန္းကန္ ရဦးမွာ ျဖစ္ပါတယ္ ။ ပထမပိုင္း မွာေတာ့ ၂သင္း စလံုး ဟာ တေယာက္ အမွား တေယာက္ ေစာင့္ၾကည့္ ကစားခဲ့တာကို ေတြ႕ခဲ့ရျပီး အိမ္ရွင္ ခ်ယ္လ္ဆီး ကလည္း တိုက္စစ္ အလြန္အကြ်ံ မဖြင့္ခဲ့သလို ၊ ဗလင္စီယာ အသင္း ကလည္း ေတာ္ရုံတန္ရုံ ပဲ ကစားခဲ့ပါတယ္ ။


ကိုကြီလင္ ရဲ႕ ဖ်က္ထုတ္ပံု ၾကမ္းတမ္းမႈ ကေန တဆင့္ ဒဏ္ရာ ရသြားတဲ့ ေမဆင္ေမာင့္ ေၾကာင့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ပိုင္း အေတာ္ေလး အားနည္း သြားရသလို ၊ လူစားဝင္ လာတဲ့ ပတ္ဒရို ဟာလည္း အသင္းေဖာ္ ေတြနဲ႕ အခ်ိတ္အဆက္ မိေအာင္ ကစား ႏိုင္ခဲ့ျခင္း မရွိခဲ့တာ ကို ေတြ႕ခဲ့ ရပါတယ္ ။ ဒါ့အျပင္ ပတ္ဒရို ဟာ ဒုတိယပိုင္း မွာ အပိုင္ ကန္သြင္းခြင့္ တၾကိမ္ ၊ ၂ၾကိမ္ေလာက္ ရခဲ့ေပမယ့္ အဆံုးမသတ္ ႏိုင္ခဲ့ပါဘူး ။



Chelsea’s Spanish midfielder Pedro (L) vies with Valencia’s French midfielder Francis Coquelin during the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by Ian KINGTON / AFP)

အဓိက ခ်ယ္လ္ဆီး အသင္း ရဲ႕ ရႈံးပြဲမွာ ဗီလိန္ ျဖစ္သြားတာက ေရာ့စ္ ဘာကေလ လို႕ ဆိုရမွာပါ ။ ကံေကာင္း ေထာက္မစြာ ရလာတဲ့ ပင္နယ္တီ ကို အဆံုးမသတ္ ႏိုင္ခဲ့တဲ့ အျပင္ ဘာတခု မွ ၾကိဳးၾကိဳးစားစား ေဆာ့ျပတာမ်ိဳးလည္း မရွိခဲ့ပါဘူး ။ ပံုမွန္ဆိုရင္ ေဂ်ာ္ဂ်င္ဟို ဟာ ျပီးခဲ့တဲ့ ရာသီ ကတည္းက ဟာဇတ္ ျပီးရင္ ပင္နယ္တီ ကန္ခြင့္ ရတဲ့သူ ျဖစ္ေပမယ့္ ဒီေန႕ပြဲမွာေတာ့ ထူးျခားစြာပဲ ဘာကေလ က ပင္နယ္တီ ကန္ခဲ့တာ ျဖစ္ပါတယ္ ။



Chelsea’s English midfielder Ross Barkley hits a penalty over the bar during the UEFA Champion’s League Group H football match between Chelsea and Valencia at Stamford Bridge in London on September 17, 2019. (Photo by Ian KINGTON / AFP)

ဂိုးေပးလိုက္ရတာကလည္း အခုထိ ပံုမက်ေသးတဲ့ ခံစစ္ ေနရာယူမႈ နဲ႕ Set-piece အမွားေတြေၾကာင့္လို႕ ယူဆ ရမွာ ျဖစ္သလို ၊ ပါရီဟို ရဲ႕ ေပးပို႕မႈ ေကာင္းမြန္ ခဲ့တဲ့ အျပင္ ရိုဒရီဂို ရဲ႕ ပါးနပ္မႈ ေတြေၾကာင့္ ထိုက္ထိုက္တန္တန္ အႏိုင္ ရသြားတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ လမ္းပတ္ ရဲ႕ နည္းစနစ္ မွာ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အေတာ္မ်ားမ်ား ဘဝင္ မက်မိတာက ေမဆင္ေမာင့္ ဒဏ္ရာ ရေနတုန္း ဘာေၾကာင့္ ပူလီဆစ္ ကို အသံုးမျပဳ ခဲ့တာလဲ ဆိုတဲ့ တခ်က္ပါ ။


ပတ္ဒရို ဟာ ခ်န္ပီယံလိဂ္ အေတြ႕အၾကံဳ ရင့္က်က္သူ ျဖစ္ေပမယ့္ ေျခစြမ္း က တပြဲေရႊ ၊ တပြဲေငြ ျဖစ္ေနတာေၾကာင့္ ျမန္ဆန္မႈ နဲဲ႕ လွည့္စားမႈ တခ်ိဳ႕ ကို လုပ္ေဆာင္ ႏိုင္မယ့္ ပူလီဆစ္ ဟာ ခ်ယ္လ္ဆီး တိုက္စစ္ အတြက္ အနည္းဆံုး သြင္းဂိုး တဂိုး ရေအာင္ေတာ့ ၾကိဳးစား ေပးမယ့္ လူငယ္ေလး ျဖစ္ပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ လမ္းပတ္ အတြက္ ကေတာ့ အိမ္ကြင္း ႏိုင္ပြဲပါ ရွာမရျဖစ္ခဲ့တဲ့ အျပင္ အားထားရတဲ့ ေမဆင္ေမာင့္ ပါ ဒဏ္ရာ ရသြားလို႕ မိေအး ၂ခါနာ ရျပီ ျဖစ္ေၾကာင္း သံုးသပ္ရင္း … ။


SPORTS MYANMAR


Unicode


လက်စွမ်း ပြခဲ့တဲ့ ဆီလက်ဆန် ၊ ဂြိုဟ်မွှေခဲ့တဲ့ ဘာကလေ ၊ အိမ်ကွင်း နိုင်ပွဲ ပျောက်နေဆဲ လမ်းပတ် ( Chelsea 0 – 1 Valencia Review )


ယနေ့ မနက် က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – ဗလင်စီယာ ပွဲစဉ် ကတော့ ဧည့်သည် ဗလင်စီယာ အသင်း တိုက်စစ်မှူး ရိုဒရီဂို ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အိမ်ရှင် ချယ်လ်ဆီး အသင်း ကို ချန်ပီယံလိဂ် အဖွင့် အိပ်မက်ဆိုး တွေ ပေးလိုက်ပါတယ် ။


ဗလင်စီယာ အသင်း ဟာ ချယ်လ်ဆီး အသင်း နဲ့ မကစားမီ အသင်း အတွင်း မငြိမ်သက်မှု များ ဖြစ်ပေါ် ထားပြီး အထိုင်ကျ နေတဲ့ နည်းပြ မာဆယ်လီနို ကို ထုတ်ပယ်ပြီး လူငယ် နည်းပြ တဦး ဖြစ်တဲ့ အယ်ဘာတို ဆီလာဒက်စ် နဲ့ အစားထိုး ထားပါတယ် ။ ၄င်းရဲ့ ဗလင်စီယာ နည်းပြ အဖွင့်ပွဲ ဟာလည်း ဘာစီလိုနာ ကို ၅ – ၂ နဲ့ အရေးနိမ့် ခဲ့တာကြောင့် ဝုလ်ဗ် နဲ့ ပွဲမှာ ပုံစံကောင်း ရခဲ့တဲ့ ချယ်လ်ဆီး အသင်း က ဒီပွဲမှာ အသာစီးပဲ လို့ ပရိသတ် တွေ အတော်များများ က ယူဆ ထားခဲ့ကြပါတယ် ။


သို့ပေမယ့် တကယ့် ပွဲချိန် အတွင်း မှာတော့ ဗလင်စီယာ အသင်း ဟာ သူတို့ရဲ့ စည်းလုံးမှု ကို ထုတ်ဖော် ပြသ သွားခဲ့ပြီး အိမ်ရှင် ချယ်လ်ဆီး အသင်း ကို ခံစစ် ကျစ်လျစ်မှု ရှိရှိ နဲ့ ခုခံ သွားခဲ့သလို လျင်မြန်မှု ရှိတဲ့ တန်ပြန် တိုက်စစ် နဲ့ အတူ မိနစ် တချို့ မှာ ချယ်လ်ဆီး အပေါ် ထိရောက်တဲ့ ခြိမ်းခြောက်မှု တွေ ပြုလုပ် ပြနိုင် ခဲ့ပါတယ် ။


အိမ်ရှင် ချယ်လ်ဆီး အသင်း နဲ့ ဖရန့် လမ်းပတ် အတွက်ကတော့ ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ အတွက် မျှော်လင့်ချက် ကြီးမားစွာ နဲ့ ကြိုးစား ကစား ခဲ့ပေမယ့် ပြိုင်ဖက် ဂိုးသမား ဆီလက်ဆန် လက်စွမ်း ပြနေခဲ့သလို ၊ ကံတရား ရဲ့ ဖေးမမှု ၊ VAR ရဲ့ မျက်နှာသာ ပေးမှု နဲ့ အတူ ပင်နယ်တီ တလုံး လက်ဆောင် ရခဲ့ပေမယ့် လူစားဝင် ကွင်းလယ်လူ ဘာကလေ က ဖြုန်းတီး ပစ်ခဲ့လို့ အိမ်ကွင်း နိုင်ပွဲ နဲ့ ဆက်လက် ဝေးနေရပါတယ် ။


တပွဲလုံး မှာ ချယ်လ်ဆီး အသင်း နဲ့ ဗလင်စီယာ အသင်း တို့ဟာ သူတို့ သုံးနေကြ အားသန်မှု ရှိတဲ့ နည်းစနစ် တွေကိုသာ ထုတ်သုံး သွားခဲ့ပေမယ့် လူငယ် ကစားသမား တွေနဲ့ ချန်ပီယံလိဂ် အတွေ့အကြုံ နည်းတဲ့ ကစားသမား တွေ ရှိနေခဲ့တာကြောင့် ဒီ အချက် ကလည်း ယနေ့ မနက်က ရှုံးပွဲ မှာ အဓိက အခရာ ကျသွားခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဗလင်စီယာ ဂိုးသမား ဆီလက်ဆန် ဟာလည်း အလွန်ဆို ရဲ့ ဖရီးကစ် ကန်သွင်းမှု ၂ကြိမ် ကို လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။


တပွဲလုံး ကန်ချက် အကြိမ် ၂၀ ကျော်ခဲ့ပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှု က အနည်းငယ် သာ ရှိခဲ့လို့ ချယ်လ်ဆီး တို့ ချန်ပီယံလိဂ် အုပ်စု က လွန်မြောက်ဖို့ အတွက် လာမယ့် ပွဲစဉ် တွေမှာ ဆက်လက် ရုန်းကန် ရဦးမှာ ဖြစ်ပါတယ် ။ ပထမပိုင်း မှာတော့ ၂သင်း စလုံး ဟာ တယောက် အမှား တယောက် စောင့်ကြည့် ကစားခဲ့တာကို တွေ့ခဲ့ရပြီး အိမ်ရှင် ချယ်လ်ဆီး ကလည်း တိုက်စစ် အလွန်အကျွံ မဖွင့်ခဲ့သလို ၊ ဗလင်စီယာ အသင်း ကလည်း တော်ရုံတန်ရုံ ပဲ ကစားခဲ့ပါတယ် ။


ကိုကွီလင် ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှု ကနေ တဆင့် ဒဏ်ရာ ရသွားတဲ့ မေဆင်မောင့် ကြောင့် ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်ပိုင်း အတော်လေး အားနည်း သွားရသလို ၊ လူစားဝင် လာတဲ့ ပတ်ဒရို ဟာလည်း အသင်းဖော် တွေနဲ့ အချိတ်အဆက် မိအောင် ကစား နိုင်ခဲ့ခြင်း မရှိခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ဒါ့အပြင် ပတ်ဒရို ဟာ ဒုတိယပိုင်း မှာ အပိုင် ကန်သွင်းခွင့် တကြိမ် ၊ ၂ကြိမ်လောက် ရခဲ့ပေမယ့် အဆုံးမသတ် နိုင်ခဲ့ပါဘူး ။


အဓိက ချယ်လ်ဆီး အသင်း ရဲ့ ရှုံးပွဲမှာ ဗီလိန် ဖြစ်သွားတာက ရော့စ် ဘာကလေ လို့ ဆိုရမှာပါ ။ ကံကောင်း ထောက်မစွာ ရလာတဲ့ ပင်နယ်တီ ကို အဆုံးမသတ် နိုင်ခဲ့တဲ့ အပြင် ဘာတခု မှ ကြိုးကြိုးစားစား ဆော့ပြတာမျိုးလည်း မရှိခဲ့ပါဘူး ။ ပုံမှန်ဆိုရင် ဂျော်ဂျင်ဟို ဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ဟာဇတ် ပြီးရင် ပင်နယ်တီ ကန်ခွင့် ရတဲ့သူ ဖြစ်ပေမယ့် ဒီနေ့ပွဲမှာတော့ ထူးခြားစွာပဲ ဘာကလေ က ပင်နယ်တီ ကန်ခဲ့တာ ဖြစ်ပါတယ် ။


ဂိုးပေးလိုက်ရတာကလည်း အခုထိ ပုံမကျသေးတဲ့ ခံစစ် နေရာယူမှု နဲ့ Set-piece အမှားတွေကြောင့်လို့ ယူဆ ရမှာ ဖြစ်သလို ၊ ပါရီဟို ရဲ့ ပေးပို့မှု ကောင်းမွန် ခဲ့တဲ့ အပြင် ရိုဒရီဂို ရဲ့ ပါးနပ်မှု တွေကြောင့် ထိုက်ထိုက်တန်တန် အနိုင် ရသွားတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ လမ်းပတ် ရဲ့ နည်းစနစ် မှာ ချယ်လ်ဆီး ပရိသတ် တွေ အတော်များများ ဘဝင် မကျမိတာက မေဆင်မောင့် ဒဏ်ရာ ရနေတုန်း ဘာကြောင့် ပူလီဆစ် ကို အသုံးမပြု ခဲ့တာလဲ ဆိုတဲ့ တချက်ပါ ။


ပတ်ဒရို ဟာ ချန်ပီယံလိဂ် အတွေ့အကြံု ရင့်ကျက်သူ ဖြစ်ပေမယ့် ခြေစွမ်း က တပွဲရွှေ ၊ တပွဲငွေ ဖြစ်နေတာကြောင့် မြန်ဆန်မှု နဲဲ့ လှည့်စားမှု တချို့ ကို လုပ်ဆောင် နိုင်မယ့် ပူလီဆစ် ဟာ ချယ်လ်ဆီး တိုက်စစ် အတွက် အနည်းဆုံး သွင်းဂိုး တဂိုး ရအောင်တော့ ကြိုးစား ပေးမယ့် လူငယ်လေး ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ လမ်းပတ် အတွက် ကတော့ အိမ်ကွင်း နိုင်ပွဲပါ ရှာမရဖြစ်ခဲ့တဲ့ အပြင် အားထားရတဲ့ မေဆင်မောင့် ပါ ဒဏ်ရာ ရသွားလို့ မိအေး ၂ခါနာ ရပြီ ဖြစ်ကြောင်း သုံးသပ်ရင်း … ။


SPORTS MYANMAR