ဥေရာပ ခ်န္ပီယံတုိ႕ အဖြင့္ မလွပခဲ့တဲ့ နာပိုလိီ ၂ – ၀ လီဗာပူး တုိ႕ရဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွ ႏွစ္ဘက္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို အကဲျဖတ္ျခင္း (Player Ratings)

2019-09-18 10:34:42


ဥေရာပ ခ်န္ပီယံတုိ႕ အဖြင့္ မလွပခဲ့တဲ့ နာပိုလိီ ၂ – ၀ လီဗာပူး တုိ႕ရဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွ ႏွစ္ဘက္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို အကဲျဖတ္ျခင္း (Player Ratings)

လီဗာပူးရဲ႕ ဥေရာပ ဖလား ကာကြယ္မွဳဟာ အရွံဳးနဲ႕သာ စတင္ ခဲ့ရျပီး အန္ဖီးကလပ္ဟာ နာပိုလီ ကို အေ၀းကြင္းမွာ ရွံဳးနိမ့္ သြားခဲ့ပါတယ္။ ႏွစ္သင္းစလံုး တုိက္စစ္ အျပိဳင္ ဖြင့္ကစား ခဲ့တဲ့ပြဲ ျဖစ္တာေၾကာင့္ ဂိုးသမားေတြနဲ႕ ခံစစ္ ကစားသမားေတြ အလုပ္ မ်ားခဲ့ၾကျပီး အဲရစ္မီရက္ နဲ႕ နာပိုလီ ခံစစ္မွဳးေတြဟာ လီဗာပူးရဲ႕ မာေနး ဆာလား ဖာမီႏို တုိ႕ တုိက္စစ္အတြဲကို ဂိုးမေပးရေအာင္ အေကာင္းဆံုး စြမ္းေဆာင္ ခဲ့ၾကသလို အက္ဒရီယန္ ကလည္း မာတန္စ္ရဲ႕ ပိတ္သြင္းမွဳကို အေကာင္းဆံုး လက္စြမ္းျပ ကာကြယ္ သြားခဲ့ပါတယ္။




ဒါေပမယ့္ တစ္ပြဲလံုး ေကာင္းလာ ခဲ့တဲ့ လီဗာပူး ရဲ႕ ခံစစ္မွာ ပြဲခ်ိန္ မိနစ္ ၈၀ ေက်ာ္မွာေတာ့ အမွားလုပ္မိခဲ့ျပီး ေရာဘတ္ဆန္ဟာ ကာလီဟြန္ကို ျပစ္ဒဏ္ က်ဴးလြန္ခဲ့မွဳေၾကာင့္ နာပိုလီတုိ႕ ပင္နယ္တီ ရခဲ့ျပီး မာတန္စ္ ကပဲ အဆံုးသတ္ ခဲ့တာပါ။ လီဗာပူးဟာ ဂုိးျပန္ရဖို႕ အတြက္ တုိက္စစ္ ဆင္ရင္း တန္ျပန္ တုိက္စစ္ေတြ ျပန္မိ ခဲ့ကာ ေတာ့တင္ဟမ္ တုိက္စစ္မွဳး လိုရန္တီဟာ လီဗာပူးရဲ႕ ခံစစ္ အမွားကေန ဂိုးသြင္းယူ ခဲ့ပါတယ္။


ဒီပြဲစဥ္မွာ ၂ ဘက္ ကစားသမား ေတြရဲ႕ စြမ္းေဆာင္ရည္ေတြ ကေတာ့….


နာပိုလီ


မီရက္ – ၈

မာေနး ဆာလား တုိ႕ရဲ႕ ကန္သြင္းမွဳ ေတြကို အေကာင္းဆံုး လက္စြမ္းျပ ကာကြယ္ ခဲ့ျပီး သူ႕ရဲ႕ ပထမဦးဆံုး ခ်န္ပီယံလိဂ္ ပြဲဦးထြက္မွာ ေတာက္ပ ခဲ့ပါတယ္။




ဒီေလာ္ရန္ဇုိ – ၆

ေနာက္တန္းမွာ ကစားပံု က်စ္လစ္ မာေက်ာ ခဲ့ကာ အေကာင္းဆံုး ဟန္႕တားမွဳေတြ လုပ္ေပး ခဲ့ပါတယ္။ ဒါ့အျပင္ လုပ္အား ေကာင္းေကာင္း နဲ႕ တုိက္စစ္ကိုလည္း လိုက္ပါ ပံ့ပုိး ေပးခဲ့ပါတယ္။


မာႏုိလက္ – ၆

၎ရဲ႕ ရွင္းထုတ္မွဳ မေသသပ္ ရာကေန တဆင့္ ဆာလားကို လြတ္လြတ္ကၽြတ္ကၽြတ္ အခြင့္အေရး ေပးခဲ့ ရျပီး ဂိုးသမား ေကာင္းလို႕သာ ဂိုးမေပး ခဲ့ရတာပါ။ ဒါေပမယ့္လည္း ဗဟုိ ခံစစ္မွာ ေကာင္းမြန္တဲ့ ပိတ္ဆို႕မွဳေတြ လုပ္ေပး ခဲ့ပါတယ္။


ကူလီဘာလီ – ၇

အစပုိင္း မွာေတာ့ ဆာလား ရဲ႕ လွ်င္ျမန္္မွဳ ေအာက္မွာ ရုန္းကန္ ရမွဳေတြ ရွိခဲ့ ေပမယ့္လည္း ပြဲခ်ိန္ ၾကာလာတာနဲ႕ အမွ် အေကာင္းဆံုး ဟန္႕တားမွဳေတြ နဲ႕ လီဗာပူး တုိက္စစ္ကို တားဆီး ေပးခဲ့ပါတယ္။




မာရီယုိရူအီ – ၆.၅

သိပ္ျပီး စြန္႕စား မကစား ခဲ့ေပမယ့္လည္း ဆာလား ကို ဘယ္ေတာင္ပံ ကေန အခြင့္အေရး မရေအာင္ ကပ္ကစား ႏုိင္ခဲ့ျပီး လီဗာပူးကုိ ဂိုးေပးလိုက္ ႏုိင္တဲ့ ျဖတ္တင္ေဘာ ကို အေကာင္းဆံုး ဟန္႕တား ခဲ့ပါတယ္။


ကယ္လီဂၽြန္ – ၇

ကြင္းလယ္ အထုိင္ ေနရာကို ၀င္ကစား ခဲ့ရာမွာ ေဘာလံုး ကုိင္ကစားပံု ေကာင္းမြန္ လွျပီး ျမင့္မားတဲ့ ေျခစြမ္း အဆင့္အတန္းကို ျပသ ခဲ့ပါတယ္။


အလန္ – ၆.၅

လီဗာပူး ကြင္းလယ္လူေတြနဲ႕ အျပိဳင္ ကြင္းလယ္မွာ လုပ္အား ေကာင္းေကာင္း နဲ႕ ကစား ခဲ့ျပီး ခံစစ္ကို လိုက္ပါ ကူညီ ေပးႏုိင္ ခဲ့သလို ေဘာလံုး ကို္င္ကစားပံုကလည္း အဆင့္ျမင့္ လွပါတယ္။


ဖာဘီယန္ ရူအိစ္ – ၆

အေကာင္းဆံုး အခြင့္အေရး ၂ ၾကိမ္ ရရွိ ခဲ့ျပီး အက္ဒရီယန္ လက္စြမ္းျပ ခဲ့လို႕သာ ဂိုးမရ ခဲ့တာပါ။ တုိက္စစ္ကို လုိက္ပါ ပံ့ပိုးမွဳေတြ ထိေရာက္ ခဲ့ပါတယ္။


အင္ဆစ္နီ – ၆

ဒီပြဲမွာ ခါတုိင္းလိုေတာ့ ေဘာလံုး မ်ားမ်ား စားစား ကိုင္ကစား ခဲ့ရျခင္း မရွိ ခဲ့ပါဘူး။ ဒါေပမယ့္ switch of play ေတြ ကစားရမွာေတာ့ ေကာင္းမြန္ လွျပီး ဂိုးရႏုိုင္ေလာက္တဲ့ ျဖတ္တင္ေဘာ တစ္ၾကိမ္ လုပ္ေပး ခဲ့ပါတယ္။




မာတန္ – ၇

ညာေတာင္ပံ ကေန လွ်င္ျမန္မွဳ ေဘာလံုး စြမ္းရည္ေကာင္းေတြကို အသံုးခ်ကာ လီဗာပူး ခံစစ္ကို ျခိမ္းေျခာက္ ကစား ႏုိင္ခဲ့ျပီး ဂိုးရႏုိင္တဲ့ အခြင့္အေရး အခ်ိဳ႕လည္း ရခ့ဲပါတယ္။


လိုဇာႏုိ – ၆

အသင္းရဲ႕ တုိက္စစ္ ကစားသမားေတြနဲ႕ ခ်ိတ္ဆက္ ကစားပံု ေကာင္းမြန္ လွျပီး လီဗာပူး ခံစစ္ကို ေတာက္ေလွ်ာက္ ျခိမ္းေျခာက္ ကစား သြားခဲ့ ပါတယ္။


လူစား၀င္ – ဇီလင္စကီး ၆ ၊ လိုရန္တီ ၇ ၊ အဲလ္မက္စ္ ၆


လီဗာပူး


အက္ဒရီယန္ – ၈

အေစာပိုင္းမွာ အေကာင္းဆံုး ၂ ဆင့္ ကာကြယ္မွဳ လုပ္ေပး ႏုိင္ခဲ့သလို ဒုတိယပုိင္းမွာ မာတန္စ္ ရဲ႕ ပတ္သြင္းမွဳကို ကမာၻ႕အဆင့္ ကာကြယ္မွဳနဲ႕ လီဗာပူးကို ပြဲအတြင္းမွာ ဆက္ရွိ ေစခဲ့ပါတယ္။


အလက္ဇန္းဒါးအာႏိုး – ၇

ဗဟုိ ခံစစ္ထိ ၀င္ကာ အေကာင္းဆံုး ဖ်က္ထုတ္မွဳေတြ လုပ္ေပး ခဲ့သလို အင္ဆစ္နီကုိလည္း ေျခစြမ္း မျပႏုိင္ေအာင္ ထိန္းခ်ဳပ္ ကစား ႏုိင္ခဲ့ပါတယ္။ ထံုးစံအတုိင္း ျမင့္မားတဲ့ စြမ္းအင္ နဲ႕ တုိက္စစ္ကို လိုက္ပါ ပံ့ပိုး ေပးခဲ့ပါတယ္။


မာတစ္ – ၇

ေဘာလံုး ကိုင္ကစားပံု တည္ျငိမ္မွဳ ရွိခဲ့ျပီး အရမ္း ေကာင္းတဲ့ ေခါင္းတုိက္ ဖ်က္ထုတ္မွဳ ေတြနဲ႕ နာပိုလီ ကုိ ဂိုးမရေအာင္ တားဆီး ေပးခဲ့ပါတယ္။


ဗန္ဒိုက္ – ၈

ဒီပြဲ မွာေတာ့ အလုပ္ အရမ္း မ်ားခဲ့ ေပမယ့္ ထံုးစံအတုိင္း အျမင့္ေဘာေတြ အသာရ ခဲ့သလို ခံစစ္ေၾကာင္းကုိလည္း အေကာင္းဆံုး ဦးစား ကစား ခဲ့ပါတယ္။ နာပိုလီ ရဲ႕ ဒုတိယ ဂိုးကေတာ့ ၎ရဲ႕ အမွား သိပ္မကင္း ခဲ့ပါဘူး။



Liverpool’s Dutch defender Virgil van Dijk (L) defends against Napoli’s Mexican forward Hirving Lozano (Bottom Rear) as Liverpool’s Spanish goalkeeper Adrian grabs the ball during the UEFA Champions League Group E football match Napoli vs Liverpool on September 17, 2019 at the San Paolo stadium in Naples. (Photo by Alberto PIZZOLI / AFP)

ေရာဘတ္ဆန္ – ၆

တုိက္စစ္ကို လုပ္အား ေကာင္းေကာင္း နဲ႕ လိုက္ပါ ပံ့ပိုး ေပးခဲ့ ေပမယ့္ ခံစစ္ပိုင္း ကစားပံု လိုအပ္ခ်က္ ရွိခဲ့ျပီး ၎ေၾကာင့္ပဲ ပင္နယ္တီ ခြင့္ျပဳ ခဲ့ရသလို ေနာက္တစ္ဂိုး မွာလည္း အမွား သိပ္မကင္း ခဲ့ပါဘူး။


ဖာဘင္ညိဳ – ၈

ကြင္းလယ္ေၾကာ ကေန ခံစစ္ကို အေကာင္းဆံုး ကာဗာ လုပ္ကစား သြားခဲ့ျပီး အရမ္း ေကာင္းတဲ့ ေဘာလံုး ဖ်က္ထုတ္မွဳ ေတြနဲ႕ အသင္းကို ေဘာလံုး ျပန္လည္ ရယူေပးခဲ့ပါတယ္။ ဒ့ါအျပင္ ေဘာလံုး ျဖန္႕ေ၀မွဳေတြကိုလည္း ေကာင္းစြာ လုပ္ေပး ႏုိင္ခဲ့ျပီး တကယ့္ အရည္အေသြးကို ျပသ ခဲ့ပါတယ္။


မီနာ – ၆

မီနာ ရဲ႕ ထံုးစံ အတုိင္း မယံုႏုိင္ ေလာက္ေအာင္ ေပးဆပ္ ကစားမွဳနဲ႕ ျပင္းထန္တဲ့ လုပ္အားေတြကို ျပသ ခဲ့ပါတယ္။ ဒါေပမယ့္ ေဘာလံုးေပးပို႕မွဳ အပိုင္းမွာေတာ့ လိုအပ္ခ်က္ အခ်ိဳ႕ ရွိခဲ့ပါတယ္။


ဟန္ဒါဆန္ – ၇

ဆာလား အတြက္ ေကာင္းမြန္တဲ့ ေဘာလံုး ေပးပို႕မွဳေတြ လုပ္ေပး သြားခဲ့ သလို ခံစစ္ပိုင္း အတြက္လည္း ကြင္းလယ္ ကေန ေကာင္းမြန္တဲ့ ဟန္႕တားမွဳ ေတြနဲ႕ ေဘာလံုး ျပန္လည္ ရယူ ေပးႏုိင္ ခဲ့ပါတယ္။




မာေနး – ၇

အခြင့္အေရးေကာင္း တစ္ခ်ိဳ႕ ရယူ ႏုိင္ခဲ့ျပီး ၎ရဲ႕ လွ်င္ျမန္မွဳ ေဘာလံုး စြမ္းရည္ေတြဟာ လီဗာပူး ရဲ႕ တုိက္စစ္ အတြက္ လက္နက္ေကာင္း ျဖစ္ခဲ့ပါတယ္။


ဆာလား

အေစာပိုင္းဟာ ထက္ျမက္တဲ့ ကစားပံု ျပသခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ကစားပံု က်သြားခဲ့ပါတယ္။ အခြင့္အေရး တစ္ခ်ိဳ႕ ရခဲ့ေပမယ့္လည္း အဆံုးသတ္ပိုင္း ေတြေတာ့ လိုအပ္ခ်က္ ရွိခဲ့ကာ ဒုတိယပိုင္းမွာ အေကာင္းဆံုး အခြင့္အေရး တစ္ၾကိမ္ ရခဲ့ေပမယ့္ ဂုိးသမား လက္စြမ္းျပ သြားခဲ့လို႕ ဂိုးမရ ခဲ့တာပါ။


ဖာမီႏို – ၆

ကြင္းလယ္ထိ ဆင္းကာ အသင္းရဲ႕ ကစားကြက္ကို ပံ့ပိုးေပး ခဲ့ျပီး ခ်ိတ္ဆက္ ကစားပံုေတြလည္း ေကာင္းမြန္ ခဲ့ပါတယ္။ ဒါေပမယ့္ ၎ရဲ႕ final pass ေတြကေတာ့ ခါတုိင္းေလာက္ ေကာင္းခဲ့ျခင္း မရွိခဲ့ပါဘူး။


လူစား၀င္ – ၀ုိင္နယ္ဒန္ ၆ ၊ ရွကီရီ ၆


SPORTS MYANMAR


Unicode


ဥရောပ ချန်ပီယံတို့ အဖွင့် မလှပခဲ့တဲ့ နာပိုလိီ ၂ – ၀ လီဗာပူး တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှ နှစ်ဘက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း (Player Ratings)


လီဗာပူးရဲ့ ဥရောပ ဖလား ကာကွယ်မှုဟာ အရှုံးနဲ့သာ စတင် ခဲ့ရပြီး အန်ဖီးကလပ်ဟာ နာပိုလီ ကို အဝေးကွင်းမှာ ရှံုးနိမ့် သွားခဲ့ပါတယ်။ နှစ်သင်းစလုံး တိုက်စစ် အပြိုင် ဖွင့်ကစား ခဲ့တဲ့ပွဲ ဖြစ်တာကြောင့် ဂိုးသမားတွေနဲ့ ခံစစ် ကစားသမားတွေ အလုပ် များခဲ့ကြပြီး အဲရစ်မီရက် နဲ့ နာပိုလီ ခံစစ်မှုးတွေဟာ လီဗာပူးရဲ့ မာနေး ဆာလား ဖာမီနို တို့ တိုက်စစ်အတွဲကို ဂိုးမပေးရအောင် အကောင်းဆုံး စွမ်းဆောင် ခဲ့ကြသလို အက်ဒရီယန် ကလည်း မာတန်စ်ရဲ့ ပိတ်သွင်းမှုကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ်။


ဒါပေမယ့် တစ်ပွဲလုံး ကောင်းလာ ခဲ့တဲ့ လီဗာပူး ရဲ့ ခံစစ်မှာ ပွဲချိန် မိနစ် ၈၀ ကျော်မှာတော့ အမှားလုပ်မိခဲ့ပြီး ရောဘတ်ဆန်ဟာ ကာလီဟွန်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုကြောင့် နာပိုလီတို့ ပင်နယ်တီ ရခဲ့ပြီး မာတန်စ် ကပဲ အဆုံးသတ် ခဲ့တာပါ။ လီဗာပူးဟာ ဂိုးပြန်ရဖို့ အတွက် တိုက်စစ် ဆင်ရင်း တန်ပြန် တိုက်စစ်တွေ ပြန်မိ ခဲ့ကာ တော့တင်ဟမ် တိုက်စစ်မှုး လိုရန်တီဟာ လီဗာပူးရဲ့ ခံစစ် အမှားကနေ ဂိုးသွင်းယူ ခဲ့ပါတယ်။


ဒီပွဲစဉ်မှာ ၂ ဘက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့….


နာပိုလီ


မီရက် – ၈

မာနေး ဆာလား တို့ရဲ့ ကန်သွင်းမှု တွေကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ် ခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ် ပွဲဦးထွက်မှာ တောက်ပ ခဲ့ပါတယ်။


ဒီလော်ရန်ဇို – ၆

နောက်တန်းမှာ ကစားပုံ ကျစ်လစ် မာကျော ခဲ့ကာ အကောင်းဆုံး ဟန့်တားမှုတွေ လုပ်ပေး ခဲ့ပါတယ်။ ဒါ့အပြင် လုပ်အား ကောင်းကောင်း နဲ့ တိုက်စစ်ကိုလည်း လိုက်ပါ ပံ့ပိုး ပေးခဲ့ပါတယ်။


မာနိုလက် – ၆

၎င်းရဲ့ ရှင်းထုတ်မှု မသေသပ် ရာကနေ တဆင့် ဆာလားကို လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ပေးခဲ့ ရပြီး ဂိုးသမား ကောင်းလို့သာ ဂိုးမပေး ခဲ့ရတာပါ။ ဒါပေမယ့်လည်း ဗဟို ခံစစ်မှာ ကောင်းမွန်တဲ့ ပိတ်ဆို့မှုတွေ လုပ်ပေး ခဲ့ပါတယ်။


ကူလီဘာလီ – ရ

အစပိုင်း မှာတော့ ဆာလား ရဲ့ လျှင်မြန််မှု အောက်မှာ ရုန်းကန် ရမှုတွေ ရှိခဲ့ ပေမယ့်လည်း ပွဲချိန် ကြာလာတာနဲ့ အမျှ အကောင်းဆုံး ဟန့်တားမှုတွေ နဲ့ လီဗာပူး တိုက်စစ်ကို တားဆီး ပေးခဲ့ပါတယ်။


မာရီယိုရူအီ – ၆.၅

သိပ်ပြီး စွန့်စား မကစား ခဲ့ပေမယ့်လည်း ဆာလား ကို ဘယ်တောင်ပံ ကနေ အခွင့်အရေး မရအောင် ကပ်ကစား နိုင်ခဲ့ပြီး လီဗာပူးကို ဂိုးပေးလိုက် နိုင်တဲ့ ဖြတ်တင်ဘော ကို အကောင်းဆုံး ဟန့်တား ခဲ့ပါတယ်။


ကယ်လီဂျွန် – ရ

ကွင်းလယ် အထိုင် နေရာကို ၀င်ကစား ခဲ့ရာမှာ ဘောလုံး ကိုင်ကစားပုံ ကောင်းမွန် လှပြီး မြင့်မားတဲ့ ခြေစွမ်း အဆင့်အတန်းကို ပြသ ခဲ့ပါတယ်။


အလန် – ၆.၅

လီဗာပူး ကွင်းလယ်လူတွေနဲ့ အပြိုင် ကွင်းလယ်မှာ လုပ်အား ကောင်းကောင်း နဲ့ ကစား ခဲ့ပြီး ခံစစ်ကို လိုက်ပါ ကူညီ ပေးနိုင် ခဲ့သလို ဘောလုံး ကို်င်ကစားပုံကလည်း အဆင့်မြင့် လှပါတယ်။


ဖာဘီယန် ရူအိစ် – ၆

အကောင်းဆုံး အခွင့်အရေး ၂ ကြိမ် ရရှိ ခဲ့ပြီး အက်ဒရီယန် လက်စွမ်းပြ ခဲ့လို့သာ ဂိုးမရ ခဲ့တာပါ။ တိုက်စစ်ကို လိုက်ပါ ပံ့ပိုးမှုတွေ ထိရောက် ခဲ့ပါတယ်။


အင်ဆစ်နီ – ၆

ဒီပွဲမှာ ခါတိုင်းလိုတော့ ဘောလုံး များများ စားစား ကိုင်ကစား ခဲ့ရခြင်း မရှိ ခဲ့ပါဘူး။ ဒါပေမယ့် switch of play တွေ ကစားရမှာတော့ ကောင်းမွန် လှပြီး ဂိုးရနိုုင်လောက်တဲ့ ဖြတ်တင်ဘော တစ်ကြိမ် လုပ်ပေး ခဲ့ပါတယ်။


မာတန် – ရ

ညာတောင်ပံ ကနေ လျှင်မြန်မှု ဘောလုံး စွမ်းရည်ကောင်းတွေကို အသုံးချကာ လီဗာပူး ခံစစ်ကို ခြိမ်းခြောက် ကစား နိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေး အချို့လည်း ရခဲ့ပါတယ်။


လိုဇာနို – ၆

အသင်းရဲ့ တိုက်စစ် ကစားသမားတွေနဲ့ ချိတ်ဆက် ကစားပုံ ကောင်းမွန် လှပြီး လီဗာပူး ခံစစ်ကို တောက်လျှောက် ခြိမ်းခြောက် ကစား သွားခဲ့ ပါတယ်။


လူစားဝင် – ဇီလင်စကီး ၆ ၊ လိုရန်တီ ရ ၊ အဲလ်မက်စ် ၆


လီဗာပူး


အက်ဒရီယန် – ၈

အစောပိုင်းမှာ အကောင်းဆုံး ၂ ဆင့် ကာကွယ်မှု လုပ်ပေး နိုင်ခဲ့သလို ဒုတိယပိုင်းမှာ မာတန်စ် ရဲ့ ပတ်သွင်းမှုကို ကမ္ဘာ့အဆင့် ကာကွယ်မှုနဲ့ လီဗာပူးကို ပွဲအတွင်းမှာ ဆက်ရှိ စေခဲ့ပါတယ်။


အလက်ဇန်းဒါးအာနိုး – ရ

ဗဟို ခံစစ်ထိ ၀င်ကာ အကောင်းဆုံး ဖျက်ထုတ်မှုတွေ လုပ်ပေး ခဲ့သလို အင်ဆစ်နီကိုလည်း ခြေစွမ်း မပြနိုင်အောင် ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း မြင့်မားတဲ့ စွမ်းအင် နဲ့ တိုက်စစ်ကို လိုက်ပါ ပံ့ပိုး ပေးခဲ့ပါတယ်။


မာတစ် – ရ

ဘောလုံး ကိုင်ကစားပုံ တည်ငြိမ်မှု ရှိခဲ့ပြီး အရမ်း ကောင်းတဲ့ ခေါင်းတိုက် ဖျက်ထုတ်မှု တွေနဲ့ နာပိုလီ ကို ဂိုးမရအောင် တားဆီး ပေးခဲ့ပါတယ်။


ဗန်ဒိုက် – ၈

ဒီပွဲ မှာတော့ အလုပ် အရမ်း များခဲ့ ပေမယ့် ထုံးစံအတိုင်း အမြင့်ဘောတွေ အသာရ ခဲ့သလို ခံစစ်ကြောင်းကိုလည်း အကောင်းဆုံး ဦးစား ကစား ခဲ့ပါတယ်။ နာပိုလီ ရဲ့ ဒုတိယ ဂိုးကတော့ ၎င်းရဲ့ အမှား သိပ်မကင်း ခဲ့ပါဘူး။


ရောဘတ်ဆန် – ၆

တိုက်စစ်ကို လုပ်အား ကောင်းကောင်း နဲ့ လိုက်ပါ ပံ့ပိုး ပေးခဲ့ ပေမယ့် ခံစစ်ပိုင်း ကစားပုံ လိုအပ်ချက် ရှိခဲ့ပြီး ၎င်းကြောင့်ပဲ ပင်နယ်တီ ခွင့်ပြု ခဲ့ရသလို နောက်တစ်ဂိုး မှာလည်း အမှား သိပ်မကင်း ခဲ့ပါဘူး။


ဖာဘင်ညို – ၈

ကွင်းလယ်ကြော ကနေ ခံစစ်ကို အကောင်းဆုံး ကာဗာ လုပ်ကစား သွားခဲ့ပြီး အရမ်း ကောင်းတဲ့ ဘောလုံး ဖျက်ထုတ်မှု တွေနဲ့ အသင်းကို ဘောလုံး ပြန်လည် ရယူပေးခဲ့ပါတယ်။ ဒ့ါအပြင် ဘောလုံး ဖြန့်ဝေမှုတွေကိုလည်း ကောင်းစွာ လုပ်ပေး နိုင်ခဲ့ပြီး တကယ့် အရည်အသွေးကို ပြသ ခဲ့ပါတယ်။


မီနာ – ၆

မီနာ ရဲ့ ထုံးစံ အတိုင်း မယုံနိုင် လောက်အောင် ပေးဆပ် ကစားမှုနဲ့ ပြင်းထန်တဲ့ လုပ်အားတွေကို ပြသ ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပေးပို့မှု အပိုင်းမှာတော့ လိုအပ်ချက် အချို့ ရှိခဲ့ပါတယ်။


ဟန်ဒါဆန် – ရ

ဆာလား အတွက် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုတွေ လုပ်ပေး သွားခဲ့ သလို ခံစစ်ပိုင်း အတွက်လည်း ကွင်းလယ် ကနေ ကောင်းမွန်တဲ့ ဟန့်တားမှု တွေနဲ့ ဘောလုံး ပြန်လည် ရယူ ပေးနိုင် ခဲ့ပါတယ်။


မာနေး – ရ

အခွင့်အရေးကောင်း တစ်ချို့ ရယူ နိုင်ခဲ့ပြီး ၎င်းရဲ့ လျှင်မြန်မှု ဘောလုံး စွမ်းရည်တွေဟာ လီဗာပူး ရဲ့ တိုက်စစ် အတွက် လက်နက်ကောင်း ဖြစ်ခဲ့ပါတယ်။


ဆာလား

အစောပိုင်းဟာ ထက်မြက်တဲ့ ကစားပုံ ပြသခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံ ကျသွားခဲ့ပါတယ်။ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း တွေတော့ လိုအပ်ချက် ရှိခဲ့ကာ ဒုတိယပိုင်းမှာ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် ဂိုးသမား လက်စွမ်းပြ သွားခဲ့လို့ ဂိုးမရ ခဲ့တာပါ။


ဖာမီနို – ၆

ကွင်းလယ်ထိ ဆင်းကာ အသင်းရဲ့ ကစားကွက်ကို ပံ့ပိုးပေး ခဲ့ပြီး ချိတ်ဆက် ကစားပုံတွေလည်း ကောင်းမွန် ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ final pass တွေကတော့ ခါတိုင်းလောက် ကောင်းခဲ့ခြင်း မရှိခဲ့ပါဘူး။


လူစားဝင် – ၀ုိင်နယ်ဒန် ၆ ၊ ရှကီရီ ၆


SPORTS MYANMAR