RCSS နဲ႔ TNLA တုိက္ပြဲျဖစ္

2019-09-18 10:50:47


RCSS နဲ႔ TNLA တုိက္ပြဲျဖစ္

မုိင္းေငါ့ၿမိဳ႕နယ္မွာ RCSS နဲ႔ TNLA တုိက္ပြဲျဖစ္


ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုင္းေငါ့ၿမိဳ႕နယ္ ဟိန္းဝိုးေက်းရြာအနီးမွာ RCSS အဖြဲ႔နဲ႔ TNLA အဖြဲ႔တို႔ၾကား မေန႔ကစၿပီး ဒီေန႔မနက္ပိုင္းအထိ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။


ဒီလို႔တိုက္ပြဲေတြျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ဒုဗိုလ္မွဴးႀကီး စိုင္းဦးက သူတို႔ရဲ႕ အေျခစိုက္စခန္းတခုကို တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ ့TNLA က လာေရာက္တိုက္ခိုက္တာျဖစ္တယ္လုိ႔ RFA ကို ေျပာပါတယ္။


တိုက္ပြဲေတြဟာ မေန႔ကတည္းကျဖစ္ပြားေနတာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရတာေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္မသိရေသးဘူးလို႔ ဒုဗိုလ္မွဴးႀကီးစိုင္းဦးက ေျပာပါတယ္။ TNLA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ကို RFA က ေမးျမန္းဖို႔ ႀကဳိးစားေပမယ့္ အဆက္အသြယ္ မရခဲ့ပါဘူး။


RCSS အဖြဲ႔နဲ႔ TNLA ဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ လႈပ္ရွားနယ္ေျမ အျငင္းပြားေနၾကၿပီး မၾကာခဏဆိုသလို႔ တိုက္ပြဲျဖစ္ပြားေနပါတယ္။


Credit: RFA Burmese


Unicode


မိုင်းငေါ့မြို့နယ်မှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့နယ် ဟိန်းဝိုးကျေးရွာအနီးမှာ RCSS အဖွဲ့နဲ့ TNLA အဖွဲ့တို့ကြား မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။


ဒီလို့တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်ပြီ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒုဗိုလ်မှူးကြီး စိုင်းဦးက သူတို့ရဲ့ အခြေစိုက်စခန်းတခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ ့TNLA က လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။


တိုက်ပွဲတွေဟာ မနေ့ကတည်းကဖြစ်ပွားနေတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။


RCSS အဖွဲ့နဲ့ TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနယ်မြေ အငြင်းပွားနေကြပြီး မကြာခဏဆိုသလို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။