သမီးကို နှာဗူးတွေရန်က ကင်းဝေးအောင် တမူထူးခြားတဲ့ အိုင်ဒီယာ သုံးခဲ့တဲ့အဖေ

2019-09-18 10:54:46


သမီးကို နှာဗူးတွေရန်က ကင်းဝေးအောင် တမူထူးခြားတဲ့ အိုင်ဒီယာ သုံးခဲ့တဲ့အဖေ

ကိုယ့်သမီးတွေကို သ၀န်တိုတတ်တဲ့ အဖေတွေအတွက်တော့ အခုဖော်ပြမယ့် နည်းလမ်းက နည်းလမ်းကောင်းပါပဲ။ တစ်ချက်ခုတ်နှစ်ချက်လည်း ပြတ်သလို တော်ရုံအမျိုးသားတွေက ကိုယ့်သမီးကို ချဉ်းကပ်မယ့် စိတ်ကူးကနေ ရှောင်ဖယ်သွားမှာမလို့ APANNPYAY ပရိသတ်တွေအတွက် နည်းလမ်းကောင်းပါပဲ။


နာမည်ကြီး The Sun ရဲ့ ကြံကြုံဖန်ဖန် ဖော်ပြချက်တွေထဲမှာ အခုတစ်ခေါက်ဖော်ပြချက်ကတော့ Apannpyay ပရိသတ်တွေ ရယ်ရမှာပါ။ ဘူးဂေးလ်ရီးယားနိုင်ငံကို မိသားစုလိုက် အပန်းပြေခရီးထွက်လာတဲ့ မိသားစုတစ်ခုမှာ အသက် (၂၆)နှစ်အရွယ် Megan ဆိုတဲ့ အမျိုးသမီးတစ်ဦးပါလာခဲ့ပါတယ်။ ကမ်းခြေကို ရောက်တော့ သူမဟာ ရေကူးဝတ်စုံအသစ်နဲ့ပါ။


အကုန်လုံးက အံ့သြနေကြပြီး Megan ကို ကြည့်နေကြပါတယ်။ ခန္ဓာကိုယ် ကောက်ကြောင်းလှလို့ မဟုတ်ဘဲ ယောက်ျားမျက်နှာ ပြောင်စပ်စပ်ကြီးကို ၀တ်စုံမှာ ထည့်ပြီး ဆေးရိုက်ထားလို့ပါ။ ရုတ်တရက်ကြည့်လိုက်ရင် နာမည်ကြီးတစ်ဦးရဲ့ ပုံလို့ ထင်ရပေမဲ့ တကယ်တမ်းက ဘယ်သူမမဟုတ်ပါဘူး။ Megan ရဲ့ အဖေပါ။ပါးစပ်ကြီးဖွင့်ပြီးရယ်နေတဲ့ ပုံနဲ့ပါ။