သားကိုကျောင်းကောင်းထားချင်လို့ အိမ်လိပ်စာလိမ်ပြီးထည့်ခဲ့တဲ့မိခင် ထောင်ငါးနှစ်ကျ

2019-09-18 10:56:30


သားကိုကျောင်းကောင်းထားချင်လို့ အိမ်လိပ်စာလိမ်ပြီးထည့်ခဲ့တဲ့မိခင် ထောင်ငါးနှစ်ကျ

ပညာရေးကို လုံးဝအမှားမခံတဲ့ အမေရိကန်လို နေရာမျိုးမှာ ပညာသင်ခွင့်ရဖို့ အချက်အလက်အမှားတွေနဲ့ ကြိုးပမ်းတာမျိုးကို လုံးဝခွင့်မပြုပါဘူး။ Apannpyay ပရိသတ်တွေအနေနဲ့ အမေရိကန်ပညာရေး စနစ်နဲ့ မြန်မာပညာရေးစနစ်ရဲ့ ကွာခြားမှုကို အရင်ဆုံးနားလည်ထားဖို့ လိုပါတယ်။


နာမည်ကြီး The Telegraph သတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းကို APANNPYAY က ပြန်တင်ဆက်ပေးပါမှာပါ။ အမေရိကန်နိုင်ငံ၊ Connecticut ပြည်နယ်၊ Bridgeport မှာနေတဲ့ အိမ်ရာမဲ့အမျိုးသမီး Tanya McDowell ဟာ အမှားတစ်ခုကို လုပ်ခဲ့ပါတယ်။ ပြည်နယ်ရဲ့ အကောင်းဆုံးကျောင်းတစ်ခုဖြစ်တဲ့ ကျောင်းတစ်ကျောင်းမှာ သားလေးကို ကျောင်းတက်ခွင့်ရဖို့



Tanya McDowell

သူ့သားလေးရဲ့ ကလေးထိန်းလိပ်စာကိုထည့်ခဲ့တာပါ။ လျှောက်ထားခဲ့တဲ့ကျောင်းက Norwalk ဆိုတဲ့ ကျောင်းဖြစ်ပြီး၊ သားဖြစ်သူ Andrew ကို သူမမှာအိပ်လိပ်စာမရှိတဲ့အတွက် သားဖြစ်သူကို ကလေးထိန်းဖို့ သွားအပ်ထားတဲ့ ကလေးထိန်းရဲ့လိပ်စာကို ထည့်ခဲ့ပါတယ်။ အိမ်မရှိတဲ့ သူမတို့သားအမိဟာ ဗန်ကားတစ်စီးထဲမှာ အတူတူနေတာပါ။


ကျောင်းက ရဲကိုတိုင်ချက်ဖွင့်ခဲ့ပြီး၊ ဒေါ်လာ (၂)သောင်း (မြန်မာငွေ သိန်း ၃၀၀) ပေးရတဲ့ကျောင်းဝင်ခွင့်မှာ လိပ်စားအမှားနဲ့ လျှောက်ခဲ့တယ်လို့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ရဲ့ စုံစမ်းမှုပြုလုပ်အပြီးမှာ မှန်ကန်ခဲ့လို့ ထောင်(၅)နှစ်ချခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးဟာ ဘ၀ရပ်တည်ဖို့အတွက် မူးယစ်ဆေးရောင်းတဲ့သူလည်းဖြစ်တဲ့အတွက် ထပ်ပြီးတရားရင်ဆိုင်ခံရပါတယ်။



ဒီအဖြစ်အပျက်ဟာ ပုံမှန်ဆိုရင် ကိစ္စမရှိပေမဲ့ နောက်ထပ်ပြစ်မှုတစ်ခု နာမည်ကြီးသရုပ်ဆောင် Huffman က သူမရဲ့ သမီးဖြစ်သူ တက္ကသိုလ်ဝင်ခွင့်အမှတ်တွေကို (၄၀၀)ကျော်တိုးပေးဖို့ သက်ဆိုင်ရာအရာရှိကို ဒေါ်လာ (၁)သောင်းခွဲလာဘ်ထိုးခဲ့ပါတယ်။ အဲဒီအမှုအတွက် တရားရင်ဆိုင်ခဲ့ရပြီး ထောင်ကျခဲ့တာဟာ (၁၄)ရက်ပဲကြာခဲ့ပါတယ်။



Huffman

ပြည်သူတွေက ဒီနှစ်ခုကို မျှမျှတတဆုံးဖြတ်ပေးဖို့ တောင်းဆိုနေသလို လူဖြူလူမည်းခွဲခြားတာလို့ ထောက်ပြနေကြပါတယ်။ ဒါပေမဲ့ အမှုတွေက အမိန့်ချပြီးပြီဖြစ်သလို လာဘ်ထိုးတဲ့သူက လိမ်လျှောက်တဲ့သူထက် ပြစ်ဒဏ်နည်းနေတာဖြစ်ပါတယ်။

သူရေး(APANNPYAY)