သနားစရာ သမီးငယ်လေး ကူညီနိုင်သူတွေ ကူညီပေးနိုင်ဖို့ တဆင့်ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါသည်။

2019-09-18 10:57:49


သနားစရာ သမီးငယ်လေး ကူညီနိုင်သူတွေ ကူညီပေးနိုင်ဖို့ တဆင့်ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါသည်။

သနားစရာ သမီးငယ်လေး ကူညီချင်သူတွေ ကူညီပေးလိုက်ကြပါရန် တဆင့်ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါသည်။


မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ယနေ့ညနေပိုင်းက သမီးငယ် လေးကို ရန်ကုန်ဟယ်လ်ပင်ဆေးရုံကြီးကို လမ်းခရီးတလျှောက်အခမဲ့ တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးမှ တင်ပြထားခြင်းဖြစ်ပါတယ်။


သမီးလေးနာမည်က ရွှေရည်တိုး ဖြစ်ပြီး အသက်က (၆)နှစ်၊ ကျောင်းနေတာက (၁)တန်း ရောက်ကြောင်း


အဖေနာမည်က ဦးလှမြင့် + အမေက ဒေါ်လှကြည်


မော်လမြိုင် ရွှေပြည်စိုး(၂)လမ်း အိမ်အမှတ်(၄၆) မှာနေထိုင်ခြင်းဖြစ်ကြောင်း


ဦးနှောက်အကြိတ်တည် ရောဂါကို ခံစားနေရခြင်းဖြစ်ကြောင်း


စဖြစ်တာ လွန်ခဲ့တဲ့ (၄)လ လောက်ကဖြစ်ခဲ့တာဖြစ်ပြီး မိသားစုကလည်း တနေ့လုပ်တနေ့စားရတဲ့ မိသားစုဖြစ်ကြောင်း ဖော်ပြရေးသားထားပါတယ်။


ဒါပေမဲ့ သားသမီးကို ချစ်တဲ့ဇောနဲ့ ရှာဖွေကုသပေးခဲ့တာ ခုဆို သိန်း(၅၀)နီးပါးလောက် ရှိပြီး ဖြစ်တဲ့အတွက် ရှိသမျှလဲ ပြောင်နေပြီး။


မနက်စောစော ရုံးမှာရှိနေစဉ် ဖုန်းဆက်ပြီးအကူအညီတောင်းလာမှ သိရတယ်။ မော်လမြိုင် ကယ်ဆယ်ရေးအဖွဲ့ကလားတဲ့။ သမီးလေး ရန်ကုန်ကို ဓါတ်မှန် စစ်ဆေးချက်ယူရမှာမို့ သွားရမယ်။ အခက်အခဲ အရမ်းဖြစ်နေသလို ငွေကြေးလဲအဆင်မပြေတော့လို့ ကူညီပေးနိုင်ရင် ကူညီပါလားလို့ ငိုသံနဲ့ အကူအညီတောင်းလာတာ။


သေချာမေးမြန်းပြီး ရွှေပြည်စိုးကလို့ သိရတဲ့အတွက် ရွှေပြည်စိုးမှာ ရှိနေတဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုတရုတ်ကို တကယ် ဟုတ်မဟုတ် ချက်ချင်း သွားလေ့လာခိုင်းပါတယ်။


တကယ်ဟုတ်ကြောင်း သိရတော့ အသင်းဥက္ကဌ ဦးမြင့်ဦး(ဝေဆာ)နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရန်ကုန်ကို ပို့ပေးဖို့ ကားစီစဉ်ပေးပါတယ်။ ညနေ တက်မဲ့ချိန်ရောက်တော့ ကလေးကို သွားခေါ်လာ။ တက်မဲ့ကား အတွက် ဆီဖိုးနဲ့ စားစရိတ်ပေးဖို့ ရုံးကို ပြန်လာခိုင်းမှ သမီးလေးရဲ့ အခြေအနေကို သိခဲ့ရတာ။




ငယ်ငယ်လေးက ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူးတဲ့။ လွန်ခဲ့တဲ့ လေးလလောက်ကမှ စဖြစ်ခဲ့တာတဲ့။ ဘာရောဂါလဲဆိုတော့ ဦးနှောက် မှာ အကြိတ်တည်တာလို့ ပြောပါတယ်။


လေးလလောက် ရှာဖွေကုသပြီး ရန်ကုန်ကို အရင်တခေါက် တက်ပြီးပြီးတဲ့။ ဒီတခေါက်က ရန်ကုန်ဆေးရုံက ဓါတ်မှန်အဖြေပေးမှာ မို့ ကလေးပါ ခေါ်ပြီး တက်လာပါဆိုလို့တဲ့။ ငွေကြေးအခက်အခဲ လုံးဝ ဖြစ်နေလို့ အကူအညီတောင်းလာပါတယ်ဆိုပြီး ပြောပြရှာပါတယ်။


သမီးလေးက အစားကို ပါးစပ်က မစားနိုင်တော့လို့ နှာခေါင်းပေါက်က သွင်းပေးနေရတဲ့ အခြေအနေပါ။ အိုဗာတင်းနဲ့ နို့မှုန့်ပဲ သွင်းပေးနေရ တာပါ။ အောက်ဆီဂျင်ကလဲ ပေးထားရပါသေးတယ်။


အရင်က သမီးလေးက ပျော်ပါး ဆော့ကစား ဓမ္မစကူလ်းကျောင်းတွေ တက်နဲ့ ပျော်ရွှင်စရာ ချစ်စရာလေးပေါ့။ လွန်ခဲ့တဲ့ ၄ လက စပြီး သမီး လေး ရောဂါဝေဒနာ စခံစားရပြီးကတည်းက ဒီလိုအခြေအနေဆိုးတွေ ကြုံတွေ့ခဲ့ရတာပါတဲ့။ မိဘတွေကလဲ သားသမီးကို ချစ်မဝခင် ဒီလို တွေ့ရတော့ ဘယ်လို နေရက်ပါ့မလဲ။


ခုရန်ကုန်ပို့ပေးပြီး သမီးလေးရဲ့ ဓါတ်မှန်အခြေအနေ အဖြေ ထပ်သိရပါ မယ်။ မော်လမြိုင် RESCUE ကတော့ တတ်နိုင်သလောက် ကူညီပေး ထားပါတယ်။ သမီးလေးကို သနားပြီး အကူအညီပေးချင်သူ တွေ လှုဒါန်းလိုသူတွေ တတ်နိုင်သလောက် လှူဒါန်းပေးနိုင်ဖို့ ဒီ Post လေးကို ကာယကံရှင် မိသားစုထံ ခွှင့်တောင်းပြီး တင်ပေးလိုက် ပါတယ်။


ကြုံရဆုံရ လူ့ဘဝ … ကွာခြားချက်တွေ များလွန်းပါတယ်ဗျာ။


သမီးလေး အသက်ဆက်ရှင်ဖို့ ဆေးကုသစရိတ်အတွက် နိုင်သလောက် ကူညီ လှူဒါန်းချင်သူတွေရှိရင် ဆက်သွယ်ပေးပါ။ သူ့မိသားစုနဲ့ တိုက်ရိုက်ချိတ်ဆက် ကူညီပေးပါ့မယ်။


မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့။ ဦးမြင့်ဦး(ဥက္ကဌ)09 5322044 / 09 780002397။ ကိုဇင်မိုး(အတွင်းရေးမှုး) 09442158281/ 09968446565


သတင်း ဓာတ်ပုံ – ဇင်မိုး(မော်လမြိုင်)