(၅)နှစ်အရွယ် အစ်ကိုဖြစ်သူက၊ (၄)နှစ်ညီလေးကို သေနတ်နဲ့ပစ်လို့ ညီဖြစ်သူသေဆုံး

2019-09-18 13:13:57


(၅)နှစ်အရွယ် အစ်ကိုဖြစ်သူက၊ (၄)နှစ်ညီလေးကို သေနတ်နဲ့ပစ်လို့ ညီဖြစ်သူသေဆုံး



ဒါပေမယ့် တမင် ပစ်ခတ်ခဲ့တာမျိုးမဟုတ်ဘဲ၊ မိခင် အိပ်ပျော်နေစဉ်မှာ ကလေးတွေဆော့ကစားရင်း၊ သေနတ်တွေ့ခဲ့တာပါ။ အဲဒီသေနတ်ကို ဆော့ကစားရင်း မတော်တဆ ကျည်ထွက်ပြီး၊ ညီဖြစ်သူကို ထိမှန်ခဲ့တာလို့ သိရပါတယ်။ သေနတ်သံကြားမှ မိခင်ဖြစ်သူက အိပ်ရာက နိုးလာခဲ့တာပါ။



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည် (၁၁.၄၅)မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မိဘတွေရဲ့ ပေါ့ဆမှုလို့ ပြောလို့ရပါတယ်။ သူတို့သာ သေနတ်ကို လုံလုံခြုံခြုံသိမ်းထားရင် အခုလို ဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် Forth Worth Police ရဲတပ်ဖွဲ့က လောလောဆယ်တော့-


မိဘတွေကို အရေးယူဖို့ မရှိဘူးလို့ သိရပါတယ်။ သေဆုံးတဲ့ကလေးအမည်မှာ Truth Albright လို့ သိရပါတယ်။ သူ့ကို မိခင်ဖြစ်သူက ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့်၊ နောက်ထပ် တစ်နာရီအကြာမှာ သေဆုံးသွားခဲ့တာပါ။ ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ ဆေးတွေ၊ လက်နက်တွေကို သူတို့ မရောက်နိုင်တဲ့နေရာ ထားသင့်ပါတယ်။


လင်းဇော်ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမေရိကန် တက္ကဆက်ပြည်နယ်၊ Fort Worth မှာ အသက်(၄)နှစ်အရွယ် ကောင်လေးတစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရရာ၊ ဆေးရုံရောက်ပြီးမကြာမီမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေနတ်နဲ့ပစ်သူကတော့ (၅)နှစ်အရွယ် အစ်ကိုလို့ သိရပါတယ်။