ချစ်ခင်ပွန်းဆီက နောက်ဆုံးပေါ်သိန်း ၃၀၀၀ ကျော် အမိုက်စားကားသစ်ကြီးတစ်စီးလက်ဆောင်ရရှိခဲ့တဲ့ စမိုင်းလ်

2019-09-18 13:41:38


ချစ်ခင်ပွန်းဆီက နောက်ဆုံးပေါ်သိန်း ၃၀၀၀ ကျော် အမိုက်စားကားသစ်ကြီးတစ်စီးလက်ဆောင်ရရှိခဲ့တဲ့ စမိုင်းလ်

မိသားစုကို အချိန်ပြည့်ဂရုစိုက်စောင့်ရှောက်ရုံသာမကပဲ အနုပညာအလုပ်တွေကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင်စမိုင်းလ်ပါ။ သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ သူတို့မိသားစုဘဝလေးကို အားကျနေရတာပါ။



မနေ့ကတော့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ ဆယ့်ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးပါ။ သူတို့ရဲ့လူမှုကွန်ယက်တွင် မင်္ဂလာဆောင်စဉ်ကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကို ပရိသတ်တွေကို ဝေမျှခဲ့တာပါ။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရပါစေ တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ဖြေရှင်းခဲ့တာဟာလည်း မြင်ရသူတိုင်းကို ပီတိဖြစ်စေတာပါ။


မနေ့ကတော့ စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကတော့ မင်္ဂလာနှစ်ပတ်လည်အမှတ်တရအဖြစ် ၂၀၁၉ ခုနှစ်ထုတ် Brand New Alphard ကားသစ်ကြီးကို လက်ဆောင်ပေးခဲ့တာပါ။ ဒီပို့စ်လေးကိုတော့ ခင်ပွန်းဖြစ်သူ ပြည့်မောင်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီငသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။


Credit-Momolay