လမ်းဘေးဈေးသည်များအား အကြိမ်ကြိမ်ဒဏ်ရိုက်ပါက စည်ပင်မြေပေါ်တွင်ဈေးမရောင်းရ ဆိုသော အသိရှိလာနိုင်မည်ဟု ဆို

2019-09-18 13:57:35


လမ်းဘေးဈေးသည်များအား အကြိမ်ကြိမ်ဒဏ်ရိုက်ပါက စည်ပင်မြေပေါ်တွင်ဈေးမရောင်းရ ဆိုသော အသိရှိလာနိုင်မည်ဟု ဆို

လမ်းဘေးဈေးသည်များအနေဖြင့် ထပ်ခါထပ်ခါဒဏ်ရိုက်ခံရပါက စည်ပင်မြေပေါ်ဈေးမရောင်းရဟူသော အသိဥာဏ်ရှိလာနိုင်ကြောင်း ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောသည်။ဗဟန်းမြို့နယ်အတွင်းရှိလမ်းဘေးဈေးသည်များဖမ်းဆီးမှုနှင့် ပတ်သက်ပြီး၊ စက်တင်ဘာလ(၁၆)ရက်၌ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းမှုအပေါ် ယင်းကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။


“ ကျွန်တော်တို့ကစည်ပင်ဥပဒေအရ အများပြည်သူသွားလာနေတဲ့လမ်းပေါ်မှာရောင်းချလို့ဖမ်းတာပါ။ ဒီနေ့ဖမ်းပြီး နောက်နေ့ထပ်လာရောင်းရင်ထပ်ဖမ်းမှာပဲ။ ဖမ်းပြီးတော့လည်း၏ဒဏ်ငွေပဲရိုက်တာပါ။ အဲဒီလို ထပ်ခါထပ်ခါအဖမ်းခံ၊ ဒဏ်ရိုက်ခံရရင် သူတို့လည်းစည်ပင်ကရောင်းခွင့်ပေးမထားတဲ့နေရာမှာ ဈေးရောင်းလို့မရဘူးဆိုတဲ့အသိဥာဏ်ဝင်လာမှာပေါ့ဗျာ။”ဟု ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောသည်။


လက်ရှိတွင် လမ်းဘေးဈေးသည်များအားဖမ်းဆီးဒဏ်ရိုက်မှုများကို ဗဟန်းမြို့နယ်၊ အင်းယားလမ်းနှင့် ရေတာရှည်လမ်းဟောင်းတို့တွင် လုပ်ဆောင်နေကြောင်းသိရသည်။“ဈေးသည်ဆိုတာကတော့ ဈေးရောင်းမှာပဲလေ။ သူတို့တွေအတွက်နေရာလေးတွေ သတ်မှတ်ပေးထားတာတွေလည်း ရှိတယ်။ အဲဒီနေရာမှာတွေရောင်းချရင် ဒီလိုဖမ်းဆီးခံရတာ၊ ဒဏ်ရိုက်ခံရတာတွေရှိလာမှာမဟုတ်ပါဘူး။ ဖမ်းတဲ့ဆိုတာကလည်းသူ့ရဲ့စည်ပင်သာယာဥပဒေအရ လုပ်ဆောင်တာပဲဖြစ်တယ်။ အချိန်ကာလတစ်ခုမှာတော့ လမ်းဘေးဈေးသည်ကတော့ ကင်းစင်သွားမယ် ထင်ပါတယ်။”ဟု ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးအောင်မြတ်ကျော်က ပြောသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးဈေးသည်များကိုဈေးများအတွင်း နေရာသတ်မှတ်ရောင်းချနိုင်စေရန် ဈေးများကိုအဆင့်မြှင့်တင်ပြီးစီစဉ်ပေးနေကြောင်း သိရသည်။


Credit-အကုန်သိ