ကန္-႐ုရွားတုိရဲ႕ နယူကလီးယားစစ္ပြဲ၊ (၄၅)မိနစ္အတြင္း လူေပါင္း(၃၅)သန္းအထိ ေသဆုံးႏုိင္ေခ်ရွိ

2019-09-18 15:38:48


ကန္-႐ုရွားတုိရဲ႕ နယူကလီးယားစစ္ပြဲ၊ (၄၅)မိနစ္အတြင္း လူေပါင္း(၃၅)သန္းအထိ ေသဆုံးႏုိင္ေခ်ရွိ

အကယ္၍မ်ား ကမာၻ႕စစ္အင္အားအႀကီးဆုံးႏုိင္ငံေတြျဖစ္တဲ့ အေမရိကန္-႐ုရွားတုိ႔ရဲ႕ နယူကလီးယားစစ္ပြဲသာ ျဖစ္လာခဲ့ရင္၊ (၄၅)မိနစ္အတြင္းမွာေတာင္ လူေပါင္း (၃၅)သန္းအထိ ေသဆုံးႏုိင္ေခ်ရွိတယ္လုိ႔ စစ္ဘက္ဆုိင္ရာ ကၽြမ္းက်င္သူေတြက တြက္ခ်က္ေနပါတယ္။


လက္တေလာမွာ ႐ုရွားရဲ႕ေက်းဇူးအာဝါသမကင္းတဲ့ ႏုိင္ငံေတြနဲ႔၊ အေမရိကန္အပါအဝင္ ဥေရာပႏုိင္ငံေတြနဲ႔ တင္းမာေနမႈကလည္း ကမာၻႀကီးအတြက္ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။ ႐ုရွားကလည္း အခုေနာက္ပုိင္း ျႏဴစမ္းသပ္မႈေတြ ဆက္တုိက္ျပဳလုပ္ေနတာကလည္း စုိးရိမ္ဖြယ္ရာပါဘဲ။


ဒါေပမယ့္ ႏုိင္ငံေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေရွးတုန္းကလုိ စစ္ပြဲတစ္ခုကို ခ်ဥ္းကပ္တဲ့အခါမွာ နယ္ေျမသိမ္းပုိက္ဖုိ႔ဆုိတာထက္၊ စီပြားေရးဟာ စစ္ပြဲေတြက ဘယ္ေလာက္ တြက္ေခ်ကုိက္မလဲဆုိတာကိုသာ ဦးစားေပးတြက္ခ်က္ေနလုိ႔ ေတာ္႐ုံအားျဖင့္ စစ္ျဖစ္ဖုိ႔ မလြယ္ပါဘူး။


Princeton University က တကယ္လုိ႔ ကန္-႐ုရွား ျႏဴစစ္ပြဲသာျဖစ္လာခဲ့ရင္ ဘယ္လုိျဖစ္လာမလဲဆုိတာကို တြက္ခ်က္ၿပီး ကြန္ပ်ဴတာပန္းခ်ီတစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ သူတုိ႔တြက္ခ်က္မႈက လူသန္း(၉၀)ေလာက္အထိ နာရီပုိင္းအတြင္း ေသဆုံးႏုိင္တယ္လုိ႔ ဆုိပါတယ္


Science & Global Security ဂ်ာနယ္မွ ပူးတဲြအယ္ဒီတာျဖစ္တဲ့ Alex Glaser ရဲ႕ ဗြီဒီယုိဖုိင္ထဲမွာ အက္တမ္ဗုံးေတြရဲ႕အလုပ္လုပ္ပုံနဲ႔ ကမာၻႀကီးအေပၚ သက္ေရာက္ပုံကို ေဖာ္ျပထားၿပီး၊ (၄၅)မိနစ္အတြင္းမွာ လူေပါင္း (၃၅)သန္းအထိ ေသဆုံးေစမွာျဖစ္သလုိ၊ သန္း(၆၀) ျပင္းထန္စြာ ဒဏ္ရာရရွိမွာလုိ႔ သိရပါတယ္။


ေနသူရိန္


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အကယ်၍များ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်-ရုရှားတို့ရဲ့ နယူကလီးယားစစ်ပွဲသာ ဖြစ်လာခဲ့ရင်၊ (၄၅)မိနစ်အတွင်းမှာတောင် လူပေါင်း (၃၅)သန်းအထိ သေဆုံးနိုင်ချေရှိတယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တွက်ချက်နေပါတယ်။


လက်တလောမှာ ရုရှားရဲ့ကျေးဇူးအာဝါသမကင်းတဲ့ နိုင်ငံတွေနဲ့၊ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ တင်းမာနေမှုကလည်း ကမ္ဘာကြီးအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ရုရှားကလည်း အခုနောက်ပိုင်း နြူစမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကလည်း စိုးရိမ်ဖွယ်ရာပါဘဲ။


ဒါပေမယ့် နိုင်ငံခေါင်းဆောင် တော်တော်များများကတော့ ရှေးတုန်းကလို စစ်ပွဲတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ နယ်မြေသိမ်းပိုက်ဖို့ဆိုတာထက်၊ စီပွားရေးဟာ စစ်ပွဲတွေက ဘယ်လောက် တွက်ချေကိုက်မလဲဆိုတာကိုသာ ဦးစားပေးတွက်ချက်နေလို့ တော်ရုံအားဖြင့် စစ်ဖြစ်ဖို့ မလွယ်ပါဘူး။


Princeton University က တကယ်လို့ ကန်-ရုရှား နြူစစ်ပွဲသာဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို တွက်ချက်ပြီး ကွန်ပျူတာပန်းချီတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ သူတို့တွက်ချက်မှုက လူသန်း(၉၀)လောက်အထိ နာရီပိုင်းအတွင်း သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။


Science & Global Security ဂျာနယ်မှ ပူးတွဲအယ်ဒီတာဖြစ်တဲ့ Alex Glaser ရဲ့ ဗွီဒီယိုဖိုင်ထဲမှာ အက်တမ်ဗုံးတွေရဲ့အလုပ်လုပ်ပုံနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်ပုံကို ဖော်ပြထားပြီး၊ (၄၅)မိနစ်အတွင်းမှာ လူပေါင်း (၃၅)သန်းအထိ သေဆုံးစေမှာဖြစ်သလို၊ သန်း(၆၀) ပြင်းထန်စွာ ဒဏ်ရာရရှိမှာလို့ သိရပါတယ်။


နေသူရိန်