ရေးဘေးအလှူကို အကြောင်းပြကာ နယ်ထွက် မိန်းမထပ်ယူသူကို အမှုဖွင့်

2019-09-18 16:58:49


ရေးဘေးအလှူကို အကြောင်းပြကာ နယ်ထွက် မိန်းမထပ်ယူသူကို အမှုဖွင့်

17-9-2019မှာ အမှုဖွင့်​လိုက်​တဲ့ ရွေပြည်​သာက ပုဒ်​မ ၁၃ကတော့ ရေးဘေးသွားလှုမယ်​ပြောပြီး နောက်​မိန်းမနဲ့ပေါင်းသင်းနေထိုင်​နေလို့ အမှုဖွင့်​တာဆိုပဲ


(၆/၁၄)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တွင်​ နေထိုင်​သူ ဒေါ်နွေးနွေးစိုးသည်​ ၂၀၁၉ ခုနှစ်၊ (၄)လပိုင်းခန့်က အိမ်နီးချင်းဖြစ်သူ ဒေါ်ကြည်ကြည်မှ မေယုလမ်းဘေးရှိ မမိုးမိုးသန်းတို့ နေအိမ်အား


ဆောက်လုပ်နေသော ဆောက်လုပ်ရေး (ကန်ထရိုက်) ဝေထွန်း(ခ)ဖိုးချို (၃၄)နှစ် ၊ (၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တွင်​ နေထိုင်​သူမှ၎င်းအားစိတ်ဝင်စားကြောင်း၊ ၎င်းမှာလူပျိုလူလွတ်ဖြစ်ကြောင်း ပြောပြ သိရှိခဲ့ရပြီး ၁၂.၆.၁၉ နေ့တွင် မြောက်ဥက္ကလာပမြိုန့ယ်တရားရုံးတွင် နှစ်ဦးသဘောတူ ထိမ်းမြားမင်္ဂလာ ကတိပြုလွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ၁၄.၇.၁၉နေ့တွင်ဝေထွန်း(ခ)ဖိုးချို နေထိုင်သော ရွှေပြည်သာမြို့နယ် ၊ (၁၂) ရပ်ကွက်၊နေအိမ်တွင်​လည်းကောင်း၊



၂၁.၇.၁၉ နေ့တွင် ဒေါ်နွေးနွေးစိုး၏ နေအိမ်တွင်လည်းကောင်းနှစ်ဖက်လူကြီးများ ရှေ့တွင် အသိအမှတ်ပြုပြီး ၁၉-၁၀.၁၉ နေ့တွင် မင်္ဂလာဆွမ်းကျွေးမည်ဟု ရက်သတ်မှတ်ခဲ့၍အကြင်လင်မယားအဖြစ် ဒေါ်နွေးနွေးစိုး၏ နေအိမ်တွင် နေထိုင်ခဲ့ကြကြောင်း၊၁၇.၈.၁၉ နေ့တွင် ထွန်း(ခ)ဖိုးချိုသည် ရေဘေးဒုက္ခသည်များအား အလှူငွေသွားပေးမည်ဟု ပြောဆိုပြီး နေအိမ်မှထွက်သွားခဲ့ရာ



နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ခေါ်နွေးနွေးစိုးမှ စုံစမ်းရာ ခင်ပွန်းဖြစ်သူ ဝေထွန်း()ဖိုးချိုသည် ဒေါ်လွင်လွင်မော်နှင့် ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်၊ ပျော်ဘွယ်လမ်း၊ အမှတ်(၁၃၅၇)နေအိမ်တွင် ထပ်မံပေါင်းသင်း နေထိုင်ကြောင်းစုံစမ်းသိရှိရသဖြင့် ထွန်း(ခ) ဖိုးရှိအား အရေးယူပေးရန် ဒေါ်နွေးနွေးစိုးတရားလိုပြုလုပ်တိုင်တန်း၍


(ရွှေပြည်သာ)မြို့မရဲစခန်း (ပ) ၃၃၈၉/၂၀ ၁၉၊ တစ်လင်၊တစ်မယားစနစ် ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ၁၇.၉.၂၀၁၉ နေ့ညနေ၄နာရီ ၂၅အချိန် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် မြင့်ဆွေမှ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်


NEWS REPORT-အောင်​ကျော်​ဦး(SH သတင်းဌာန) တာဝန်​ခံအယ်​ဒီတာ


EDIT————U U THET(SHသတင်းဌာန) “ရှုထောင့်​”မှုခင်းနှင့်​သတင်းစုံဂျာနယ်​ အမှန်​တရား သတင်းဂျာနယ်


U THET(SHသတင်းဌာန) ရဲ့ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။