မီးသတ္သမားေတြ အလုပ္လုပ္တာ မျမင္ဖူးလုိ႔ အိမ္(၁၂)လုံးကို မီး႐ႈိ႕ခဲ့တဲ့ ညီအစ္ကုိႏွစ္ဦး

2019-09-18 22:30:53


မီးသတ္သမားေတြ အလုပ္လုပ္တာ မျမင္ဖူးလုိ႔ အိမ္(၁၂)လုံးကို မီး႐ႈိ႕ခဲ့တဲ့ ညီအစ္ကုိႏွစ္ဦး

မေလးရွားႏုိင္ငံ၊ Kota Bharu ၿမိဳ႕အနီး Kampung Badang အမည္ရ ေက်းရြာမွာ ၿပီးခဲ့တဲ့ဇြန္လက ေနအိမ္(၁၂)လုံး မီးေလာင္ကၽြမ္းမႈမွ လက္သည္တရားခံေတြကုိ သက္ဆုိင္ရာက ေဖာ္ထုတ္ႏုိင္ခဲ့ၿပီလုိ႔ သိရပါတယ္။ မီးေလာင္မႈေၾကာင့္ မိသားစု ေတာ္ေတာ္မ်ားမ်ား ဒုကၡေရာက္ခဲ့ရတာပါ။


မီး႐ႈိ႕သူေတြကေတာ့ အသက္(၁၀)(၁၁)ႏွစ္အသီးသီးကို ေရာက္ေနတဲ့ ညီအစ္ကိုႏွစ္ေယာက္ျဖစ္ၿပီး၊ မူလတန္းေက်ာင္းသားေတြ ျဖစ္ပါတယ္။ သူတုိ႔ဟာ မီးသတ္သမားေတြ မီးၿငိမ္းတာ တစ္ခါမွ မ်က္ဝါးထင္ထင္ မျမင္ဖူးလုိ႔ အခုလုိ မီး႐ိႈ႕ခဲ့တာလုိ႔ ဆုိပါတယ္။


တရားခံကေလးႏွစ္ေယာက္ကုိ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကမွ ေဖာ္ထုတ္ႏုိင္ခဲ့တာပါ။ ေဒသခံရြာသားတစ္ဦးျဖစ္တဲ့ Azri ဟာ ၎ရဲ႕အိမ္ကုိျပန္လာစဥ္ အဲဒီညီအစ္ကိုႏွစ္ေယာက္က သူရဲ႕အိမ္ကုိ မီးနဲ႔႐ႈိ႕ေနတာကို လက္ပူးလက္ၾကပ္ ဖမ္းမိခဲ့တာလုိ႔ သိရပါတယ္။



အခင္းျဖစ္ခ်ိန္ဟာ ည(၁၁.၃၀)ျဖစ္တာေၾကာင့္ တကယ္လုိ႔ သူသာ ဒီကေလးေတြကို လက္ပူးလက္ၾကပ္ မဖမ္းႏုိင္ခဲ့ဘူးဆုိရင္ ဇြန္လကျဖစ္ခဲ့တဲ့ မီးေလာင္မႈလုိပဲ လက္သည္မေပၚဘဲ ျဖစ္ေနဦးမယ္လုိ႔ ဆုိပါတယ္။ WorldOfBuzz သတင္းမွာ ေဖာ္ျပခ်က္အရ ကေလးေတြကို ရဲက စစ္ေမးေနဆဲပါ။


အခု မီး႐ႈိ႕မႈမွာေတာ့ Azri ရဲ႕အိမ္ကုိသာ မီးအနည္းငယ္ စြဲေလာင္ခဲ့တာျဖစ္ၿပီး၊ အျခားအိမ္က ဆုိဖာခုံအခ်ိဳ႕လည္း မီးေလာင္ကၽြမ္းခဲ့ပါတယ္။ ထပ္မံစစ္ေဆးမႈအရ ဇြန္လမီး႐ႈိ႕မႈအၿပီး ေနအိမ္သုံးလုံး မီးေလာင္မႈမွာလည္း ဒီေကာင္ေလးတြ လက္ခ်က္လုိ႔ သိရပါတယ္။ ကေလးေတြကုိ ထိေရာက္စြာ အေရးယူမွာပါတဲ့။


လင္းေဇာ္ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


မလေးရှားနိုင်ငံ၊ Kota Bharu မြို့အနီး Kampung Badang အမည်ရ ကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လက နေအိမ်(၁၂)လုံး မီးလောင်ကျွမ်းမှုမှ လက်သည်တရားခံတွေကို သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ မီးလောင်မှုကြောင့် မိသားစု တော်တော်များများ ဒုက္ခရောက်ခဲ့ရတာပါ။


မီးရှို့သူတွေကတော့ အသက်(၁၀)(၁၁)နှစ်အသီးသီးကို ရောက်နေတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး၊ မူလတန်းကျောင်းသားတွေ ဖြစ်ပါတယ်။ သူတို့ဟာ မီးသတ်သမားတွေ မီးငြိမ်းတာ တစ်ခါမှ မျက်ဝါးထင်ထင် မမြင်ဖူးလို့ အခုလို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။


တရားခံကလေးနှစ်ယောက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒေသခံရွာသားတစ်ဦးဖြစ်တဲ့ Azri ဟာ ၎င်းရဲ့အိမ်ကိုပြန်လာစဉ် အဲဒီညီအစ်ကိုနှစ်ယောက်က သူရဲ့အိမ်ကို မီးနဲ့ရှို့နေတာကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာလို့ သိရပါတယ်။


အခင်းဖြစ်ချိန်ဟာ ည(၁၁.၃၀)ဖြစ်တာကြောင့် တကယ်လို့ သူသာ ဒီကလေးတွေကို လက်ပူးလက်ကြပ် မဖမ်းနိုင်ခဲ့ဘူးဆိုရင် ဇွန်လကဖြစ်ခဲ့တဲ့ မီးလောင်မှုလိုပဲ လက်သည်မပေါ်ဘဲ ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။ WorldOfBuzz သတင်းမှာ ဖော်ပြချက်အရ ကလေးတွေကို ရဲက စစ်မေးနေဆဲပါ။


အခု မီးရှို့မှုမှာတော့ Azri ရဲ့အိမ်ကိုသာ မီးအနည်းငယ် စွဲလောင်ခဲ့တာဖြစ်ပြီး၊ အခြားအိမ်က ဆိုဖာခုံအချို့လည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ ထပ်မံစစ်ဆေးမှုအရ ဇွန်လမီးရှို့မှုအပြီး နေအိမ်သုံးလုံး မီးလောင်မှုမှာလည်း ဒီကောင်လေးတွ လက်ချက်လို့ သိရပါတယ်။ ကလေးတွေကို ထိရောက်စွာ အရေးယူမှာပါတဲ့။


လင်းဇော်ကို D Nae Khit Media