အပ်ိဳစင္ဘဝကို မစြန႔္လႊတ္ခင္မွာ မိန္းကေလးေတြ စဥ္းစားသင့္တဲ့ အရာေလးေတြ

2019-09-18 22:40:47


အပ်ိဳစင္ဘဝကို မစြန႔္လႊတ္ခင္မွာ မိန္းကေလးေတြ စဥ္းစားသင့္တဲ့ အရာေလးေတြ

အပ်ိဳစင္ဘဝကို မစြန႔္လႊတ္ခင္မွာ မိန္းကေလးေတြ စဥ္းစားသင့္တဲ့ အရာေလးေတြ


အပ်ိဳစင္ဘဝကို စြန႔္လႊတ္ဖို႔ဆိုတာ ပ်ိဳေမေတြအတြက္ အႀကီးမားဆုံးေသာ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ပါတယ္။ အပ်ိဳစင္ဘဝကို မစြန႔္လႊတ္ခင္မွာ စဥ္းစားစရာေတြ အမ်ားႀကီးရွိပါတယ္။ အႏွစ္ႏွစ္အလလက ထိန္းသိမ္းခဲ့တဲ့အရာတစ္ခုကို မိနစ္ပိုင္းေလးနဲ႔ လဲပစ္ဖို႔ဆိုတာ ေတာ္ေတာ့္ကို စဥ္းစားစရာ ကိစၥျဖစ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးမ်ား အပ်ိဳစင္ဘဝကို မစြန႔္လႊတ္ခင္မွာ စဥ္းစားသင့္တဲ့အေၾကာင္းအရာေလးေတြ ရွိပါတယ္။ ၾကည့္လိုက္ရေအာင္ ။


(၁) တစ္ေယာက္ေယာက္က ဖိအားေပးေနတာလား ?


အရမ္းအေရးႀကီးတဲ့ စဥ္းစားစရာတစ္ခ်က္ကေတာ့ သင့္ရဲ႕အပ်ိဳစင္ဘဝကို စြန႔္လႊတ္လိုက္တာဟာ သင့္ရဲ႕ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္လား ဒါမွမဟုတ္ တစ္ေယာက္ေယာက္ရဲ႕ ဖိအားေပးမႈေၾကာင့္လား ဆိုတာပါပဲ။ တစ္ဖက္သားကို၊ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို ေပ်ာ္ေစခ်င္လို႔၊ ျဖည့္ဆည္းေပးခ်င္႐ုံ သက္သက္လား? သင့္ကိုသင္ ဒီလိုလုပ္ဖို႔ ငယ္လြန္းေသးတယ္ ဒါမွမဟုတ္ မလုပ္သင့္ဘူးဆိုၿပီး ေတြးမိေနပါသလား? ဒါမွမဟုတ္ တစ္ေယာက္ေယာက္က ေျမႇာက္ေပးေနတာလား စဥ္းစားပါ။ ဟုတ္ေနတယ္ဆိုရင္ လုပ္သင့္မလုပ္သင့္လည္း ကိုယ့္ဘာသာကိုယ္ပဲ ဆုံးျဖတ္ပါ။


(၂) ကိုယ့္ကိုယ္ကို ဖိအားေပးေနတာလား ?


ဒါက နည္းနည္းေၾကာင္ေတာင္ေတာင္တဲ့ ေမးခြန္းလို႔ထင္ရေပမယ့္ ေမးသင့္တဲ့ေမးခြန္းပါ။ သင့္ကိုသင္ ဖိအားေပးေနတာလား? စမ္းလုပ္ၾကည့္ခ်င္တာလား ဒါမွမဟုတ္ ဒါကဘယ္လိုမ်ိဳးလဲဆိုတာ သိခ်င္တာလား ကိုယ့္ကိုယ္ကို ျပန္ေပးၾကည့္ပါ။ သင့္ခ်စ္သူကို ခ်စ္လို႔လား၊ ျငင္းရမွာ အားနာေနလို႔လား ဒါမွမဟုတ္ ဘာေၾကာင့္လဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ၿပီး လုပ္သင့္မလုပ္သင့္ ကိုယ့္ဘာသာကို ဆုံးျဖတ္ပါ ။


(၃) သင္ေ႐ြးခ်ယ္တဲ့သူက လူေကာင္းဟုတ္ရဲ႕လား ?


သင့္ရဲ႕လက္ရွိလက္တြဲေဖာ္ဟာ သင့္ရဲ႕အပ်ိဳစင္ဘဝကိုေတာင္ ေပးရေလာက္ေအာင္ ယုံၾကည္စိတ္ခ်ရတဲ့သူ ဟုတ္ရဲ႕လား၊ သင့္ကို တကယ္ခ်စ္ျမတ္ႏိုးရဲ႕လား၊ သင့္ကို တစ္သက္လုံး တာဝန္ယူမယ့္သူလားဆိုတာ အရမ္းကို အေရးႀကီးတဲ့ ေမးခြန္းျဖစ္ပါတယ္။ တကယ္လို႔ သိပ္လည္းမယုံရဘူး၊ သင့္ကိုလည္း တန္ဖိုးထားပုံမေပၚဘူး၊ ကတိေတြကိုလည္း အလြယ္ပဲေပးေနၿပီး ေပါ့ပ်က္ပ်က္နဲ႔ဆိုရင္ေတာ့ သင့္အပ်ိဳစင္ဘဝကို စြန႔္လႊတ္သင့္လားဆိုတာ ေနာက္တစ္ႀကိမ္ ျပန္စဥ္းစားလိုက္ပါဦး။


(၄) ေနာက္ဆက္တြဲဆိုးက်ိဳးေတြအတြက္ ျပင္ဆင္ၿပီးၿပီလား ?


အကယ္၍သင့္မွာသာ ကိုယ္ဝန္ရွိလာခဲ့ရင္၊ လိင္ပိုင္းဆိုင္ရာ ေရာဂါတစ္ခုခုျဖစ္လာခဲ့ရင္၊ ဒါမွမဟုတ္ သင့္ကိုသူထားသြားခဲ့ရင္၊ ဒီအေၾကာင္းေတြ ျပန႔္သြားခဲ့ရင္၊ တန္ဖိုးမထားေတာ့ရင္ ခံႏိုင္ရည္ရွိရဲ႕လား၊ ႀကိဳတင္ျပင္ဆင္ထားၿပီးၿပီလား ဆိုတဲ့ေမးခြန္းဟာ အရမ္းကို အေရးႀကီးပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင္တို႔ေကြကြင္းခဲ့ရရင္ ျဖစ္လာသမွ်အက်ိဳးဆက္ေတြကို တစ္ေယာက္တည္း ရင္ဆိုင္ႏိုင္ရဲ႕လားဆိုတာ ကိုယ့္ကိုယ္ကို ေသခ်ာျပန္ေမး ၾကည့္ပါဦး ။


(၅) လိပ္ျပာမလုံသလို ခံစားရလား ?


လူဆိုတာ ကိုယ့္လိပ္ျပာကိုယ္လုံဖို႔ အေရးႀကီးဆုံးျဖစ္ပါတယ္။ တကယ္လို႔ ဒီအရာကို သင္လုပ္ရမွာ ကိုယ့္ကိုယ္ကို လိပ္ျပာမလုံသလို ခံစားရတယ္၊ စိတ္ေတြရႈပ္ေနတယ္၊ အမွားႀကီးတစ္ခုလို ခံစားေနရတယ္ဆိုရင္ေတာ့ ေနာက္မွ ေနာင္တရမွာ အေသအခ်ာပါပဲ။ ဒါေၾကာင့္ သင္ျငင္းပယ္မလား ဇြတ္တိုးမလားဆိုတာ ကိုယ့္ကိုယ္ကို ေသေသခ်ာခ်ာျပန္ေမးၾကည့္လိုက္ပါ။


crd original writer


Unicode


အပျိုစင်ဘဝကို မစွန့်လွှတ်ခင်မှာ မိန်းကလေးတွေ စဉ်းစားသင့်တဲ့ အရာလေးတွေ


အပျိုစင်ဘဝကို စွန့်လွှတ်ဖို့ဆိုတာ ပျိုမေတွေအတွက် အကြီးမားဆုံးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ အပျိုစင်ဘဝကို မစွန့်လွှတ်ခင်မှာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ အနှစ်နှစ်အလလက ထိန်းသိမ်းခဲ့တဲ့အရာတစ်ခုကို မိနစ်ပိုင်းလေးနဲ့ လဲပစ်ဖို့ဆိုတာ တော်တော့်ကို စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးများ အပျိုစင်ဘဝကို မစွန့်လွှတ်ခင်မှာ စဉ်းစားသင့်တဲ့အကြောင်းအရာလေးတွေ ရှိပါတယ်။ ကြည့်လိုက်ရအောင် ။


(၁) တစ်ယောက်ယောက်က ဖိအားပေးနေတာလား ?


အရမ်းအရေးကြီးတဲ့ စဥ်းစားစရာတစ်ချက်ကတော့ သင့်ရဲ့အပျိုစင်ဘဝကို စွန့်လွှတ်လိုက်တာဟာ သင့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်လား ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ဖိအားပေးမှုကြောင့်လား ဆိုတာပါပဲ။ တစ်ဖက်သားကို၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပျော်စေချင်လို့၊ ဖြည့်ဆည်းပေးချင်ရုံ သက်သက်လား? သင့်ကိုသင် ဒီလိုလုပ်ဖို့ ငယ်လွန်းသေးတယ် ဒါမှမဟုတ် မလုပ်သင့်ဘူးဆိုပြီး တွေးမိနေပါသလား? ဒါမှမဟုတ် တစ်ယောက်ယောက်က မြှောက်ပေးနေတာလား စဉ်းစားပါ။ ဟုတ်နေတယ်ဆိုရင် လုပ်သင့်မလုပ်သင့်လည်း ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ပါ။


(၂) ကိုယ့်ကိုယ်ကို ဖိအားပေးနေတာလား ?


ဒါက နည်းနည်းကြောင်တောင်တောင်တဲ့ မေးခွန်းလို့ထင်ရပေမယ့် မေးသင့်တဲ့မေးခွန်းပါ။ သင့်ကိုသင် ဖိအားပေးနေတာလား? စမ်းလုပ်ကြည့်ချင်တာလား ဒါမှမဟုတ် ဒါကဘယ်လိုမျိုးလဲဆိုတာ သိချင်တာလား ကိုယ့်ကိုယ်ကို ပြန်ပေးကြည့်ပါ။ သင့်ချစ်သူကို ချစ်လို့လား၊ ငြင်းရမှာ အားနာနေလို့လား ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပြီး လုပ်သင့်မလုပ်သင့် ကိုယ့်ဘာသာကို ဆုံးဖြတ်ပါ ။


(၃) သင်ရွေးချယ်တဲ့သူက လူကောင်းဟုတ်ရဲ့လား ?


သင့်ရဲ့လက်ရှိလက်တွဲဖော်ဟာ သင့်ရဲ့အပျိုစင်ဘဝကိုတောင် ပေးရလောက်အောင် ယုံကြည်စိတ်ချရတဲ့သူ ဟုတ်ရဲ့လား၊ သင့်ကို တကယ်ချစ်မြတ်နိုးရဲ့လား၊ သင့်ကို တစ်သက်လုံး တာဝန်ယူမယ့်သူလားဆိုတာ အရမ်းကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်လို့ သိပ်လည်းမယုံရဘူး၊ သင့်ကိုလည်း တန်ဖိုးထားပုံမပေါ်ဘူး၊ ကတိတွေကိုလည်း အလွယ်ပဲပေးနေပြီး ပေါ့ပျက်ပျက်နဲ့ဆိုရင်တော့ သင့်အပျိုစင်ဘဝကို စွန့်လွှတ်သင့်လားဆိုတာ နောက်တစ်ကြိမ် ပြန်စဉ်းစားလိုက်ပါဦး။


(၄) နောက်ဆက်တွဲဆိုးကျိုးတွေအတွက် ပြင်ဆင်ပြီးပြီလား ?


အကယ်၍သင့်မှာသာ ကိုယ်ဝန်ရှိလာခဲ့ရင်၊ လိင်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုဖြစ်လာခဲ့ရင်၊ ဒါမှမဟုတ် သင့်ကိုသူထားသွားခဲ့ရင်၊ ဒီအကြောင်းတွေ ပြန့်သွားခဲ့ရင်၊ တန်ဖိုးမထားတော့ရင် ခံနိုင်ရည်ရှိရဲ့လား၊ ကြိုတင်ပြင်ဆင်ထားပြီးပြီလား ဆိုတဲ့မေးခွန်းဟာ အရမ်းကို အရေးကြီးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သင်တို့ကွေကွင်းခဲ့ရရင် ဖြစ်လာသမျှအကျိုးဆက်တွေကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို သေချာပြန်မေး ကြည့်ပါဦး ။


(၅) လိပ်ပြာမလုံသလို ခံစားရလား ?


လူဆိုတာ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ တကယ်လို့ ဒီအရာကို သင်လုပ်ရမှာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလို ခံစားရတယ်၊ စိတ်တွေရှုပ်နေတယ်၊ အမှားကြီးတစ်ခုလို ခံစားနေရတယ်ဆိုရင်တော့ နောက်မှ နောင်တရမှာ အသေအချာပါပဲ။ ဒါကြောင့် သင်ငြင်းပယ်မလား ဇွတ်တိုးမလားဆိုတာ ကိုယ့်ကိုယ်ကို သေသေချာချာပြန်မေးကြည့်လိုက်ပါ။


crd original writer