
2019-09-18 22:41:52









အရှည်သန်တယ် ခေါင်းလေးပြီး ဇာတ်ကြာ တက်တတ်လို့ အရှည် သိပ်မထားတော့့ဘူး …






















May Zin Aye Thwin


Unicode


စက်ဆွဲစရာမလိုဘဲ ဆံပင် ပျော့အောင် သဘာဝ ပေါင်းတင်နည်း


ဆံပင် တစ်ခါမှ မဖြောင့်ဖူးပါဘူး၊ ဒါပေမယ့် ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ် ဆံသားပြောင်တယ် စင်းတယ် …


ဘာမှမလုပ်မှတော့ ဘယ်ပျက်ဆီးမလဲ လို့တော့မထင်နဲ့ ဆံပင် ဆေးဆိုးတာတော့ ရက်ရက်စက်စက် ဆိုးတယ် အရောင်မကြိုက်ရင် တစ်လတည်းကို ၃ ခေါက် ၄ ခေါက် လောက် ထိ အရောင် ပြောင်းတယ် ဒါတောင် မပျက်ဆီးဘူး …


အရှည်သန်တယ် ခေါင်းလေးပြီး ဇာတ်ကြာ တက်တတ်လို့ အရှည် သိပ်မထားေ့တာ့ဘူး …


တစ်ခြားပေါင်းဆေး သိပ်သုံးစရာလည်း မလိုပါဘူး။ ဘာမှလည်း မလိမ်းဘူး ဆိုင်မှာ လည်း ဆေးတွေနဲ့ လုပ်စရာ မလိုဘူး …


တစ်ပါတ် တစ်ခါ ကြက်ဥ ရှားစောင်းဂျယ်လ် သံလွင်ဆီ ပျားရည်နဲ့ ပေါင်းတင် တယ် နှစ်ခွ လည်းလုံးဝ မဖြစ်ဘူး ဆံပင် ကျွတ်တဲ့ သူဆို သံပုရာရည် လေးပါ ထည့်လုပ် နော်


ရေမချိုးခင် နာရီဝက် ဒါမှ မဟုတ်


ရေချိုးခါနီးဆို အဝတ်လျှော်တယ် အဲ့အဝတ် မလျှော်ခင်ကတည်းက လိမ်းထားလိုက်တာ အဝတ်တွေလည်း အကုန်လျှော်အပြီး လိမ်းထားတဲ့ အချိန်နဲ့ ကွက်တိပဲ တကူးတက အချိန်မပေးရဘဲ အလုပ် ၂ ခု ပြီးပါတယ် …


အရောင်ဆိုးရင် တောင် အရောင်က ပိုပြောင်လက်ပြီးတောက်လာပါတယ် …


ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာ လိမ်းလို့လဲ ရသေးတယ်နော်


ပျားရည် ဆေးဆိုင်မှာ ရောင်းတာလည်း စစ်တယ်


စစ်မစစ် စမ်းနည်း ပြောပြမယ်


ပျားရည် တစ်စက်ကို လက်သည်းခွံ ပေါ် တင်ကြည့်ပါ ပျားရည်စက် က အောက်ကို မကျဘူး ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေး ဖြစ်နေရင် အဲ့ဒါ အစစ်ပဲ …


ကိုယ် လက်တွေ့လုပ်နေတာလေး တင်ပေးတာ သဘောကျတယ်ဆို နောက်နေ့ အရေးအကြောင်းနဲ့ မိတ်ကပ် ဆွဲအောင်ပြီးတော့ မနက်ပိုင်း စိတ်ကြည်လင်အောင် ပိုက်ဆံမကုန်ဘဲ လုပ်တဲ့ နည်းလေး ထပ်တင်ပေးပါ့မယ်


May Zin Aye Thwin